သိလိုသည်များ မေးမြန်းမူ့နှင့်ပတ်သက်၍ လျှပ်စစ်၊ စက်မူ့လက်မူနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က. မော်တော်ယာဉ်များ မှတ်ပုံတင်ရာတွင် မှတ်ပုံတင်ထားသူအမည်အား သွင်းကုန်ပါမစ်၊ အရောင်းစင်တာ ဝယ်ယူခွင့်လက်မှတ်တွင် ဖော်ပြပါရှိသည့် အမည် နေရပ်လိပ်စာအတိုင်းသာ မှတ်ပုံတင်ပေးကြောင်း ယာဉ်မှတ်ပုံတင်လုပ်ငန်းများ သွက်လက်မြန်ဆန်၍ လာရောက်ဆောင်ရွက်နေသူများ ကျေနပ်နှစ်သက်စေရေးအတွက် လုပ်ငန်းလာရောက်ဆောင်ရွက်သူ၏ မှတ်ပုံတင် သို့မဟုတ် နိုင်ငံသားစီစစ်ရေးကတ် သို့မဟုတ် ဓာတ်ပုံပါရှိသော စိစစ်ရေးကတ်တစ်ခုခုကိုသာ စိစစ်၍ မိတ္တူ ရယူဆောင်ရွက်ပေးလျက်ရှိပါကြောင်း ဤဦးစီးဌာနမှ ထုတ်ပေးသည့် မော်တော်ယာဉ်မှတ်ပုံတင်စာအုပ် ကမ. (၃ စာမျက်နှာ (၁၃သတိပြုရ်န်အချက်များတွင် အမည်နေရပ်ပြောင်းလဲလျင် ဆောလျင်စွာ လာရောက်ပြောင်းလဲရန်နှင့် အမည်ပေါက်သူတွင်သာ တာဝန်ရှိကြောင်း မှတ်ပုံတင်ထားသူသည် ယာဉ်နှင့်စပ်လျဉ်း၍ ကိစ္စအဝဝကို တာဝန်ခံသူသာဖြစ်ကြောင်း ဖော်ပြအသိပေးပြီဖြစ်ပါသည်
ကိုယ်ပိုင်သောကားကိုယ်နာမည်ပေါက်ဖို့လိုပါသည်