ဟိုတစ်ချိန်ပေါ့လွန်ခဲ့တဲ့ ကိုးနှစ်လောက်က အဖြစ်အပျက်ပါအလွန် ခြောက်သွေ့ပြီး ကြမ်းတမ်းတဲ့ မြေအနေ
အထားမျိုး ရှိတဲ့ ဒေသက မြို့ငယ်လေးတစ်ခုကိုပေါ့ အလုပ်တာဝန်နဲ့ ပြောင်းရွေ့ခဲ့ကြ ရတယ်လေ
အဲ့နေရာဟာဘယ်လောက်တောင်များ ကြမ်းတမ်း ခက်မာတဲ့ မြေမျိုးလဲဆိုရင်လေ ခြံဝင်းကြီး တစ်ခုလုံးကိုဖုန်တွေ
တစ်ထောင်းထောင်းထနေ တဲ့ မြေပြင် မျိုးဖြစ်ပြီး ထိုးထိုးထောင်ထောင် ကျောက် တုံး ကျောက်ဆောင်
တွေကသာ ဖုံးလွမ်းလို့ နေတာဖြစ်ပါတယ် အဲ့ဒီလိုရှိနေတဲ့အိမ် ကတော့ ခြံဝင်းကြီးရဲ့ ထောင့်နားမှာ
ဆောက်ထားတာဖြစ်လေ၏အဲဒီနေရာဟာဆိုရင်လေ လမ်းမထက်ကိုအတော် မြင့်တဲ့ ကုန်းကလေး တစ်ခု ဖြစ်ပြီးတော့
အိမ်ဘေးမှာလဲ လျှောက်လမ်းတစ်လျှောက်မှာတော့ ခြံစည်းရိုး ကာရံထားသလား ထင်ရလောက်အောင်
ကျောက်တုံး ကြီးငယ်တို့က ဖုံတောထဲမှာ အပုံလိုက် ရှိနေတာဟာအလွန်ထူးဆန်းတဲ့ သဘာဝတံတိုင်းပမာ
ဆီးကာလို့ ရှိနေတာဟာဆိုရင် ကျောက်ခေတ်ကိုများအလည်ရောက်သွားသလားထင်ရပါတယ်
အဲ့ဒီလိုကျောက်တုံးကျောက်ဆောင်ကြီးတွေ အလွန်များပြားလှတအဲ့ဒီ ခြံကြီးဟာ ကျောက်တုံး ဥယျာဉ်
ရယ်လို့ ခေါ်ဆိုရလောက်အောင်ကိုခြေချစရာ နေရာလပ်မကျန်အောင် ကျောက်ဆောင်ကြီးများသာ မင်းမူနေခဲ့တယ်လေ
အောက်ကမြေသားများ ဟာဆိုရင် ခြောက်သယောင်းနေပြီးတော့လေ သစ်ပင်ဆိုတာကလဲ တစ်ပင်မှကိုထိုးထွက်ပြီး
မပေါက်နိုင်သလောက်အောင်ကြမ်းတမ်းတဲ့မြေပြင်ပေါ့
အဲ့ဒီလိုအကျည်းတန် ကျောက်တုံးတွေ ဖုံတွေကြားက ခြံဝင်းကြီးကို လှပသာယာလာအောင် အစွမ်းကုန်
ကြိုးစားကြရပါတယ် အစပထမတော့ ပျိုးပင်ပေါက်တွေရယ် သစ်စေ့လေးတွေ ယူလာပြီးတော့
ခြံကြီးထဲမှာ စိုက်ပျိုးကြည့်တာပေါ့လေ တစ်နေ့ နှစ်ကြိမ် ရေမှန်မှန် လောင်းနိုင်အောင် ကြိုးစားပြီးတော့ ကျောက်တုံး
တွေကြားမှာ ခက်ခက်ခဲခဲ ပေါက်လာလေသောပန်းပင်လေးတွေကို ဘေးနားက ပေါင်းမြက်တွေ ကိုလည်း အမြဲတမ်း
ရှင်းလင်းဖယ်ရှားပေးကြရပါလေ၏။ဒီလိုနဲ့နေ့တွေလတွေကုန်လွန်လာတာပေါ့ပူပြင်းတဲ့အလွန်ကိုပူတဲ့မတ်လပိုင်း
နွေရာသီရောက်ချိန်မှာတော့လေခြံထဲက ပန်းပင် တော်တော်များများကတော့ ခြောက်သွေ့စ ပြုလာပြီပေါ့။
အားလုံးကရေကို ပုံမှန်လောင်းပေမဲလည်းလေ့ အပူရှိန်ကတစ်နေ့တစ်ခြားပြင်းလာတယ် အပင်ငယ်လေးတွေရဲ့
အရွက်တစ်ချို့ကို နွမ်းရော်သွားစေတယ်ဆိုတာ မေးစရာတောင်မလိုပါဘူးလေ သေသွားပြီလို့တောင်ထင်ခဲ့တာ
အပင်တွေကို အမြဲတမ်း စစ်ဆေးကြည့်ရှုပြီးတော့နေ့တွေကိုကုန်စေခဲ့ပြန်တယ်လေ တစ်ရက်မှာတော့ အမှတ်မထင်ပါဘဲ
ကျောက်တုံး ဥယျာဉ်ကြီးရဲ့ အစွန်းဘက်ကို ရောက်သွားခဲ့မိတယ်လေထူးခြားတာက အဲဒီခြံထောင့်
တစ်နေရာမှာပေါ့ ကျောက်တုံးတွေကြားထဲမှာ စိမ်းစိုသန်စွမ်းစွာ ပေါက်နေတဲ့ ရှားရှားပါးပါး သစ်ပင်
ပေါက်ကလေး တစ်ပင်ကို တွေ့လိုက်ရတယ်လေ။သူတစ်ပင်တည်းသာကျန်တယ် သူမသေဘူး ထူးခြားတဲ့အပင်လေးကို
သေချာကြည့်မိတယ် ဟား အာဂအပင်လေးပါလားသက်လို့မသေတဲ့အပင် ဒီအပင်ကိုများများစိုက်လိုက်တော့မယ်လေ
Author : @a21
Photos credit; Google Image