ဖြစ်မှန်းလဲသိပါစေ

a-6(44)
Published in
#writing
Words
42
Reading
1 min
Listen
Play
9y

တကယ်တော့အားလုံးဖြစ်တာဖြစ်မှန်းသိခြင်းသက်သက်သာ ဖြစ်ပါသည်
လောဘစိတ်ဖြစ်တဲ့အခါ ဖြစ်မှန်းသိလိုက်သည်
ဖြစ်မှန်းသိပေမယ့် တဏှာကရှိနေသေးတော့ ဆက်ဆက်ပြီးဖြစ်ပါတယ်။ဖြစ်တယ် ဖြစ်မှန်းသိတယ် အပျက်ကိုတော့ မဆင်ခြင်မိပါဘူးလေအကယ်၍များ
ဖြစ်တာဖြစ်မှန်းသိပြီး အနိစ္စလက္ခဏာကိုပါ ရှုမှတ်ဆင်ခြင်မယ်ဆိုရင်ရဟန္တာနဲ့မခြားဘူးလို့ ဆိုတာပါလေကာမတဏှာကုန်သွားပြီးတဲ့ အနာဂါမ်ဆိုရင်ဖြစ်မှန်းသိတာနဲ့ အပျက်ကိုပါရှုမှတ်ဆင်ခြင်ပါတယ်လေဒါကြောင့်လည်း ညစ်ညူးတဲ့ ကာမဂုဏ်ခံစားမှုတွေကို စွန့်လွှတ်တော့တာပေါ့လေကာမဂုဏ်ဆိုတာ ညစ်ညူးတယ်လို့ ထင်ရှားသိမြင်တာကိုးလေကာမဂုဏ်အာရုံကို နှစ်သက်သာယာဖွယ်လို့မြင်နေသေးတဲ့သောတာပန် သကဒါဂါမ်များကတော့ ဒါကိုမစွန့်
လွှတ်နိုင်သေးပါဘူးတဲ့တဏှာက ဦးဆောင်ပြီး ခေါ်ယူနေလေတော့ ဥပါဒါန် အစွဲလေးနဲ့ကျူးလွန်နေကြဆဲပါပဲတဲ့ဒါကြောင့် သောတာပန် သကဒါမ်တွေဟာ
ကာမတဏှာရှိနေကြသေးတဲ့ ကာမဂုဏ်အာရုံကို နှစ်သက်ဖွယ်အဖြစ် ခံစားလိုကြသေးတဲ့အရိယာများဖြစ်ကြပါတယ်တဲ့ကိလေသာဖြစ်တိုင်းဖြစ်မှန်းသာသိပြီး အနိစ္စလက္ခဏာကိုဆင်ခြင်ဖို့တော့ သတိအားနည်းသေးပါတယ်တဲ့။ ဆင်ခြင်နေတဲ့အချိန်ဆိုရင် တော့ ရဟန္တာနဲ့မခြားတူပါတယ်တဲ့လေ