သံသယထားလို့ ဒဏ်ရာရတာလားလေ
ပေါ့ပေါ့တွေးပေးလို့ ပျော်ရွှင်ရတာလားလေ
ဖျော့ဖျော့မြင်ကြည့်လို့ စိတ်ချမ်းသာရတာလားလေ
ကျနော်တို့တွေဟာ ကောင်းကင်နဲ့ မြေကြီးရဲ့ ဧည့်သည်တွေလေနော
လူ့ဘ၀က ကိစ္စတော်တော်များများ ကျနော်တို့စိတ်တိုင်းကျ မဖြစ်နိုင်ဘူးလေ
အားလုံးက ရေစက်ကြောင့်ပဲ၊တွေ့ ဆုံ ကြုံ ကွဲ ဓမ္မတာပဲပါဘဲပေါ့
သံယောဇဉ်နက်ရှိုင်းလည်း စောစောသွားတာနဲ့ နောက်ကျပြီးသွားတာ ကွာရုံပဲ… ၊ရေစက်ရှိလို့ တွေ့ဆုံတယ်၊ ရေစက်ကုန်တော့ ကွဲကွာတယ်မလား
ကမ္ဘာပေါ်က အရာတွေအကုန်လုံး အဲဒီလိုပဲလောကမှာ
လာသင့်တာအရာက သူ့ဖာသာသူလာတယ်လေနော
မလာသင့်တဲ့အရာက ဘယ်လောက်မျှော်လင့် မျှော်လင့်… မလာဘူးပေါ့လေ
ရေစက်ဆုံဖို့ ဖိအားမပေးဘူး၊ ရေစက်ကုန်လို့ ပြန်ဆွဲမဆက်ဘူးလေ
လာရင်ကြိုလိုက်တယ်၊ သွားရင် ပို့လိုက်တယ်လေ
အားလုံးက ကံစီမံရာပဲ… ငြိမ်းချမ်းလို့နေတယ်လေ