အောက်ဗမာပြည် ဘီအိုင်အေရုံးကို ရန်ကုန်တွင် ဖွင့်လှစ်ပြီး တဖက်က ဂေါ်ရာကုန်းတွင် ဗိုလ်သင်တန်းဖွင့်ပြီး သင်ကြားရပါသည်။ ထိုအချိန် ဂျပန်ဗိုလ်မိုးကြိုး တို့လည်း ရန်ကုန်တွင် ရှိနေပါတယ်ထိုအချိန်က ကျနော် အလုပ်အလွန်များပါသည်။ နံနက်ပိုင်းတွင် စစ်ဗိုလ်လောင်းသင်တန်းတွင် ကိုယ်တိုင်သင်တန်းပေးပြီး နေ့လည်နှင့် ညနေတွင် အောက်ဗမာပြည် ဘီအိုင်အေတပ်များ အုပ်ချုပ်ရေးတာဝန်ကို ဘီအိုင်အေရုံးဖွဲ့ပြီး လုပ်ကိုင်ရသည်။ ညအခါတွင် နောက်နေ့ ဗိုလ်သင်တန်းတွင်သင်ရန် မှတ်စုများ ပြင်ဆင်ရခြင်းနှင့် အလုပ်ကြွေးများကို လုပ်ရခြင်းဖြင့် မအားမလပ် တာဝန်တွေ များပြားလှပါနယ်ထိုကာလအတွင်းမှာ အောက်ဗမာပြည် မြစ်ဝကျွန်းပေါ်ဒေသတွင် ဘီအိုင်အေတပ်များက ကရင်များကို သတ်ဖြတ်ခြင်းဆိုတဲ့ကိစ္စ ဖြစ်ပေါ်လာခဲ့ပါသည်။ ထိုကိစ္စ ကျနော်မှတ်မိသလောက် ယခုပြန်ပြီးရေးသားပါမယ်ဒီကိစ္စတွင် ကျနော်ဗိုလ်ကျော်ဇော တာဝန်မကင်းခဲ့ပေဖြစ်ပွားတဲ့နေရာဟာ ဗမာပြည်တောင်ပိုင်း ဧရာဝတီမြစ်ဝကျွန်းပေါ် မြောင်းမြခရိုင်အတွင်းဖြစ်သည်။ ကာလ ခုနှစ် အလယ်လောက်မှာ ဖြစ်ပြီး အင်္ဂလိပ်တပ်များက ဂျပန်တပ်နှင့် ဘီအိုင်အေတပ်တို့ရဲ့ ထိုးစစ်ကြောင့် အိန္ဒိယသို့ အပြင်းဆုတ်ခွာနေချိန် ဖြစ်ပါသည်။ ၎င်းတို့က သူတို့ရဲ့ဆုတ်ခွာမှုကို အထောက်အကူပြုစေရန် ၀ါဒဖြန့်ခဲ့တာက တို့မတတ်သာလို့ ဆုတ်ခွာရလေသညသုံး လအတွင်း ပြန်လာကြမည် ဒီအတွင်း မင်းတို့ဂျပန်ကို တတ်နိုင်သလောက် ဆန့်ကျင်တိုက်ခိုက်ကြဟု လှုံ့ဆော်ခဲ့ကြလေတဟယ်လက်နက်တချို့ကိုလည်း ထုတ်ပေးထားခဲ့သည်ဟု ဆိုကြပါလေတယ် ထို့ကြောင့် ဗြိတိသျတို့ကို လိုလားအားကိုးကြသော ကရင်အမျိုးသား အများစုရှိရာ ဧရာဝတီမြစ်ဝကျွန်းပေါ်မှာ ကရင်ပုန်ကန်မှု စတင်ဖြစ်ပွားခဲ့ပါလေတော့သည်