ပြောချင်နေတာကပြောမထွက်ပါဘူး အဲဒီလိုပြောတဲ့ဆောရီးက လူကိုထိခိုက်နာကျင်စေတဲ့ဆောရီး ဖြစ်နေတာလို့သိစေချင်တာပါ
ကောင်မလေးကို ကောင်လေးရှာမတွေ့ခဲ့တာသေချာပါတယ်
ကောင်မလေးပျောက်နေခဲ့ပါသည်ကောင်မလေးမရှိတော့
ကောင်လေးရဲ့ကမ္ဘာက မှောင်မည်းလို့လာပါသည် အလုပ်လုပ်ချင်စိတ်လဲ မရှိတော့အောင်ဖြစ်လာသည်
နေ့ရက်တွေကို အရက်နဲ့ဖြတ်သန်းခဲ့ပါသည်ကောင်မလေးကို လိုက်ရှာချင်ပေမယ့်
သူငယ်ချင်းမရှိတဲ့ ကောင်မလေးကို ဘယ်သွားရှာရမှန်း မသိနိုင်ခဲ့ပါလေ
ကောင်မလေးရဲ့တစ်ဦးတည်းသောသူငယ်ချင်းက သူပဲရှိခဲ့တာမို့ ဖုန်းအလာကို စောင့်နေဖို့ပဲ
ကောင်လေးတတ်နိုင်ခဲ့ပါသည် ကောင်မလေးရဲ့ ဖုန်းတွေလွတ်သွားမှာစိုးလို့ ဖုန်းကို
နှစ်ဆယ့်လေးနာရီနာရီလုံး ဖွင့်ပြီး သူစောင့်နေခဲ့ပါလေသည်
ကောင်လေးရဲ့ ဒီလိုစောင့်မျှော်ခြင်းက နှစ်ဝက်အထိကြာသွားခဲ့ပါသည်
တစ်နေ့မှာ စာတိုက်ကနေ ဗူးလေးတစ်လုံး ရောက်လာခဲ့ပါသည်
ဗူးထဲမှာ ချောင်းငါးလေးတွေရဲ့ နမူနာရုပ်ကြွလေးတွေပါလာသည်
ငါးတချို့က သစ်ရွက်လေးဘေးမှာ၊ တချို့က မြက်တွေကြားထဲမှာ ပုံစံအမျိုးအမျိုးနဲ့ ရှိနေခဲ့ပါသည်
ဗူးထဲမှာ စာတစ်စောင်လည်းပါပြီး စာထဲမှာ ဒီလိုရေးထားပါလေသည်သူတို့ကိုသတိရင်နင်ပြန်လာပါတဲ့