ငယ်စဉ်အခါကလေးဘဝရဲ့ပျော်ရွှင်မှု

a-6(44)
Published in
#writing
Words
85
Reading
1 min
Listen
Play
9y

image

အနောက်အရပ်ကကုမ္ပဏီမှ အိုင်တီနည်းပညာရှင် တစ်ဦးဖြစ်သူ ရဲ့ ရောဂါက ထူးဆန်းနေပါတယ်။သူဟာ တစ်နေ့လုံး နေကောင်းပြီး ညရောက်ပြီဆိုတာနဲ့ ဗိုက်ထဲက ရစ်ရစ်နာတဲ့ ဝေဒနာကို ခံစားရလေ့ရှိပါတော့တယ်။ ဒီလိုဝေဒနာစွဲနေတာ နှစ်နဲ့ချီနေပါပြီတဲ့လေ။ ဆရာဝန်တွေနဲ့ စမ်းသပ်ပြီး သာမန်ဆေးစစ်ချက်လေးတွေ လုပ်ခဲ့ပေမယ့် ရောဂါ ရှာမရခဲ့ပါဘူးတဲ့ နောက်ဆုံးမှာတော့ါ် ရောဂါရှာဖွေတဲ့ ထိပ်တုံး ခွဲစိတ်ကိရိယာ တစ်မျိုးနဲ့သူ့ရဲ့ အစာအိမ်ထဲကို စစ်ဆေးကြည့်လိုက်တဲ့အခါ ပြဿနာကို ဖော်ထုတ်နိုင်ခဲ့ပါတော့သည်
အံ့သြစရာပဲဗျာ။ သူ့ရဲ့ အစာအိမ်ထဲမှာ ဖယောင်းအဖြူအနှစ်တွေ အနည်ထိုင်နေတာ အများကြီးပါ။ ဒါ ဖယောင်းတိုင်လုပ်တဲ့ ဖယောင်းဖြူ အမျိုးအစားတွေပေါ့''လို့ ခွဲစိတ်ဆရာဝန်က ပြောပါသည်။ရောဂါရဲ့ဇာစ်မြစ်ကို အဖြေရှာကြည့်ရာဟာ လက်ဖက်ရည်ကြိုက်သူ တစ်ဦးဖြစ်တာမို့ နေ့ဘက်ရုံးခန်းမှာ လက်ဖက်ရည်သောက်လေ့ ရှိပြီး သောက်တဲ့အခါတိုင်း တစ်ခါသုံးစက္ကူခွက်နဲ့သာ သောက်ဖြစ်ပါတယ်တဲ့။ စက္ကူတွေရဲ့ သဘောသဘာဝ အရ ရေစက်ကလေးထိရင်တောင် စက္ကူသားပျော့ပြီး ယိုစိမ့်ပေါက်သွားတတ်တာမို့ အရည်တွေ ထည့်သောက်လို့ ရအောင် စက္ကူခွက်ပေါ်မှာ ဖယောင်းလောင်းပေးရပါသည်
တကယ်လို့အကယ်၍ ခုလို ဖယောင်းလောင်းထားတဲ့ စက္ကူခွက်ထဲကို လက်ဖက်ရည် သို့မဟုတ်ကော်ဖီပူပူတွေ ထည့်သောက် လိုက်တဲ့အခါမှာ ခွက်ပေါ်မှာ လောင်းထားတဲ့ ဖယောင်းတစ်စိတ် တစ်ဒေသတွေဟာ အရည်ပူပူတွေနဲ့ အတူ ဗိုက်ထဲရောက်သွားပါတော့သည်ထိုခွက်တွေနဲ့ အရည်ပူပူတွေကို ရံဖန်ရံခါမှ သောက်ခဲ့ရင် ပြဿနာမရှိသော်လည်း နေ့စဉ်သောက်သုံးခဲ့ရင်တော့ အစာအိမ်ကို ဒုက္ခပေးပါတော့သည်

ငယ်စဉ်အခါကလေးဘဝရဲ့ပျော်ရွှင်မှု | Ecency