ခက်ခဲတဲ့ဘဝလား

a-6(44)
Published in
#writing
Words
138
Reading
1 min
Listen
Play
9y

image

သင့်ဘဝဟာခက်ခဲတယ်လို့ထင်မြင်လာတဲ့အခါတွေမှာဒီစာလေးကို ဖတ်ဖြစ်အောင် ဖတ်ကြည့်လိုက်ပါဗျအရမ်းကောင်းလွန်းလို့ပါ
ဖတ်ပြီးရင် ကိုယ့်သူငယ်ချင်းတွေ ဖတ်ရအောင် ပြန်ပေးဖတ်လိုက်ဖို့မမေ့ပါနဲ့သူတို့လဲဖတ်ချင်ပါလိမ့်မယ်ဘဝဆိုတာလူ နှင့် တန်ဖိုးညီမျှနေမှအဆင်ပြေမှာဖြစ်ပါတယ်တစ်ခါတုန်းကပေါ့သူဖုန်းစားတစ်ယောက်ရှိပါတယ် သူဟာအလုပ်မလုပ်ပါဘူး အမြဲတောင်းစားပါတယ် လက်တစ်ဖက်ပြတ်နေတယ်လေ တစ်နေ့တော့ အိမ်တစ်အိမ်မှာသွားတောင်းတယ် အိမ်ရှင်က အလုပ်တစ်ခုခိုင်းတယ်ပြီးမှပိုက်ဆံပေးတယ် အလုပ်လုပ်မှပိုက်ဆံရမယ် အချောင်တောင်းစားတာမကောင်းဘူးဆိုတာသူသိသွားတယ်အိမ်ရှင်ကသူ့ကိုပညာပေးလိုက်တာဖြစ်တယ်လေ နောက်ဆုံးသူနောင်တရသွားတယ်ဒီလိုနဲ့နောင်နှစ်ပေါင်းများစွာ ကြာပြီး နောက်ပိုင်းမှာတော့
အဲဒီ သူတောင်းစားဟာ အ၀တ်အစား သပ်သပ်ရပ်ရပ် နဲ့ တစ်ချိန်က သူအုတ်ခဲသယ်ရွေ့ပေးခဲ့ရတဲ့ အဲဒီအိမ်ရှေ့ကို ပြန်ရောက်လာခဲ့တယ်လေ အသက်ကြီးနေပြီဖြစ်တဲ့ အိမ်ရှင်မကြီးကို မြင်တော့ဝမ်းငာအားရဗနဲ့သူကကျနော် အရင်တုန်းက သူတောင်းစားပါလို့စပြောတယ်အခုတော့ ကုမ္ပ္ပဏီ တစ်ခုရဲ့ ဥက္ကဌ ဖြစ်နေပါပြီတဲ့လေခင်ဗျားဟာ ကျနော့်ရဲ့ ပျောက်ဆုံးနေတဲ့ ဂုဏ်သိက္ခာကို ပြန်ရှာပေးခဲ့သူပါလို့ဆိုပါလေသည်ခင်ဗျားဟာကျနော့်ရဲ့ ယုံကြည်စိတ်ကို ပြန်လည် တည်ဆောက်ပေးခဲ့သူပါဘဲခင်ဗျားသာ မရှိရင် ကျနော်ဟာ လေလွင့်နေဦးမှာ အမှန်ပါဘဲလေလို့ ရင်ထဲက လှိုက်လှိုက်လှဲလှဲအသံလေးနဲ့ ပြောလိုက်ပါတေည့တယ် ဒီအခါအိမ်ရှင်မက ဒါတွေ အားလုံးဟာ မင်းကိုယ်တိုင် တည်ဆောက်ခဲ့တာတွေပါဘဲပေါ့ မင်းဘဝကို မင်းကိုယ်တိုင် တန်ဖိုးရှိရှိရပ်တည်နိုင်ခဲ့လို့ အခုလို အခြေအနေဖြစ်လာတာဖြစ်ပါတယ်လို့ ပြောတယ် အဲ့ဒီနောက်လက်တစ်ဖက် ကုမ္ပ္ပဏီ ဥက္ကဌ ဟာ အိမ်ရှင်မကြီးကို အိမ်တစ်လုံး လက်ဆောင်ပေးဖို့ပြောပ်လေသည် အိမ်ရှင်မကြီးက လက်မခံဘဲ ငြင်းပယ်လိုက်ပါလေသည်လက်တစ်ဖက်ဥက္ကဌကြီးက ဘာကြောင့်ငြင်းပယ်လိုက်တယ်ဆိုတာကို နားမလည်နိုင်ဘူးဖြစ်နေသည်အိမ်ရှင်မက ရယ်ပြီး ပြောလိုက်ပါသည်ငါတို့ မိသားစု အားလုံးဟာ လက်တစ်စုံဆီ ရှိကြတယ်လေကောင်လေးရဲ့ကိုယ့်ခြေထောက်ပေါ် ကိုယ်တိုင်ရပ်တည်ပြီး ဘဝတစ်ခုကို အဓိပ္ပာယ်ရှိရှိ တည်ဆောက်လို့ ရနေပါတယ် ဘဝမှာလူဆိုတာဟာ တန်ဖိုးရှိရှိ ရှင်သန်ဖို့ အရေးကြီးတယ်လေနော်လူဆိုတာကိုယ့်ကိုယ်ကို လေးစားသလို ကိုယ့်ပတ်ဝန်းကျင်မှာ ရှိတဲ့ ကိုယ်နဲ့သိတဲ့ လူတွေကိုလဲ ဂုဏ်သိက္ခာတက်လာအောင် လုပ်ပေးဖို့လိုတယ်ဆိုသိရမယ်လေမသိတဲ့ လူတွေကိုလဲ လေးစားဖို့လိုပါသေးတယ်ကိုယ်ကိုယ်တိုင်ကလည်း တပါးသူကို လေးစားတန်ဖိုးထားမှ တစ်ပါးသူကလည်း ကိုယ့်ကိုယ် ပြန်၍ လေးစားတန်ဖိုးထားလာမှာဖြစ်တယ်ကိုယ့်ဘက်က မပေးဆပ်ဘဲ တစ်ပါးသူဆီက အရင်ရဖို့ဆိုတာ မဖြစ်နိုင်ပါလေကိုယ့်ရဲ့ အလုပ်ကနေ ပျော်ရွှင်ခြင်းဆိုတာကို ဖော်ထုတ်နိုင်မှလဲ ကိုယ့်ရဲ့ ဘ၀ဟာ တန်ဖိုးရှိလာမှာ ဖြစ်တယ်မဟုတ်လား
ကိုယ်ကြိုက်နှစ်သက်တဲ့ အလုပ်ကို လုပ်ရမယ် ငွေကြေးရရှိမှုက တခြားသူတွေလောက်မများပေမဲ့လဲ ပိုက်ဆံချမ်းသာပြီး ၀ိဥာဉ်ကင်းမဲ့နေတဲ့သူတွေထက်စာရငတော့် ဘဝတစ်ခုကို ရှင်သန်ရတာဟာ ပေါ့ပေါ့ပါးပါးလေး အသက်ရှု ပြီး ပို၍ တန်ဖိုးရှိပါတယ်ဆိုတာလဲမမေ့ပ်နဲ့ကောင်လေးရေလိုအဖွားအိုကပြောကြားလိုက်ပါလေတော့သည်
Author : a-6@a-6
Photos credit; Google Image

ခက်ခဲတဲ့ဘဝလား | Ecency