ဖြေးဖြေးချင်းပင်စကားဆိုလေသည်အဖွားအိုကို ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ စန္ဒရား အသစ်တစ်လုံးကို တစ်လကိုဆယ်ဒေါ်လ
ာ ငွေချေစနစ်နဲ့ ဘယ်လိုမှ မရောင်းပေးနိုင်ကြောင်း ရှင်းပြပါလေသည်ဒါကြောင့် ကျွန်တော်တို့ ဆီကို စာတွေများ ရေးပို့နေတာကို ရပ်ဖို့ ကျွန်တော်က အလေး အနက် ပြောကြားလိုပါသည် ပြောပြီးတော့ ကားမောင်းပြီး သူတို့ယာတဲအိမ်ကလေးကနေ ကျွန်တော် ပြန်ထွက်ခဲ့ပေမဲ့ ရင်ထဲမှာတော့ ခံစားချက် တစ်မျိုးနဲ့ ကျွန်တော့စိတ်တွေ နာကျင်လေးလံလို့ နေပါလေတော့သည်သနားစရာ အဖွားအိုရဲ့ ဆန္ဒကို မဖြည့်ဆည်းပေးနိုင်တာ
ဝမ်းနည်းဖို့ ကောင်းလှပါလေတော့သည်အင်း ကျွန်တော်လည်း သနားပေမဲ့ တတ်နိုင်တဲ့ကိစ္စတော့ မဟုတ်ပါလေဘယ်လိုမှမတက်သာလို့ပြောခဲ့ရပါဆလသည်
ဒါပေမဲ့လဲလေ ဇွဲကောင်းလှတဲ့ အဖွားအိုဟာ သူ့ဆန္ဒကို အလျှော့မပေးတာတွေ့မြင်ရေပါပြီကျွန်တော်တို့ဆီကို သူ့တောင်း
ဆိုချက်တွေ ရေးထားတဲ့ ပိုစ့်စကတ်တွေ အမြဲတမ်းဘဲ ပို့နေတုန်းဖြစ်လေသည်သူရေး ပို့တိုင်းလည်း စာထဲမှာရေးထားတာ
က အနီရောင် မဟော်ဂနီ စန္ဒရား အသစ်စက်စက်ကိုသာ တောင်းဆိုထားပါလေတော့သည်စိတ်မကောင်းစရာ တစ်ခုက
သူမဟာ တစ်လကို ၁၀ဒေါ်လာပေးချေဖို့ ဘယ်တော့မှ မပျက်ကွက်ပါဘူး ဆိုတာကို ကျိန်တွယ်ပြီး ကတိပေးလေတော့သည်