နေရာတကာပါတဲ့သူလေ

a-6(44)
Published in
#writing
Words
49
Reading
1 min
Listen
Play
9y

ကျွန်မတိ့မြန်မာတွေနှင့်အရင်းနှီးဆုံး သစ်သီး တစ်မျိုးဖြစ်ပါသည်အုန်းသီးကိုပြောတာပါနော်တခါတလေပေါ့သွားလာရင်းတွေ့တက်တာက ပင်လယ်ထဲက ကျွန်းကလေးတစ် ကျွန်းရဲ့ပုံကို ပန်းချီ ဒါမှမဟုတ် ကာတွန်းဆွဲတယ်ဆိုရင် အုန်းပင်ကလေး တစ်ပင်နှစ်ပင်ပါမှ ပြည့်စုံပါသည်နော်ဟုတ်တယ်မလားဒါကပင်လယ်နှင့် အုန်းပင်တို့ရဲ့ ဆက်နွယ်မှုကိုပြတာဖြစ်ပါတယ်ဒါကြောင့် ရှည်လျားတဲ့ ပင်လယ်ကမ်းရိုးတန်းရှိတဲ့ မြန်မာ နိုင်ငံမှာ အုန်းပင်ပေါတာ မဆန်းတော့ပါဘူး အုန်းပင်ကို မြန်မာ နိုင်ငံရဲ့ ပင်လယ်ကမ်းရိုးတန်းဒေသတွေ မြစ်ဝကျွန်းပေါ် ဒေသနှင့် အောက်ပြည်အောက်ရွာမှာသာမက မြေလတ် နှင့် အညာဒေသမှာလည်း တွေ့ရပြန်ပါသေးတယ်ယလေကျွန်မတို့တွေ မြန်မာ့ရိုးရာမုန့် တွေဖြစ်တဲ့ မုန့်စိမ်းပေါင်းတွေံ ထန်းသီးမုန့်တွေမုန့်ဗိုင်းတောင့်စတဲ့ မုန့်တွေစားတဲ့အခါမှာဆိုရင်ပေါ့ပါမဖြစ်ပါတာကတော့ နှမ်းထောင်းနှင့် အုန်းသီးဖြစ်ပါတယ်မဟုတ်လားတကယ်ကိုနေရာစုံမှာအသုံးပြုကြပါတယ်မုန့်လုံးကြီးကောမုန့်ဖက်ထုပ် ကောစတဲ့မုန့် တွေမှာလည်းဒီဆရာကြီးကမပါမဖြစ်ပေါ့လေအုန်းသီးနှင့် သကြား ဒါမှမဟုတ် အုန်းသီး နှင့် ထန်းလျက်ကို ယိုထိုး၊ အဆာထည့်ပြီး အရသာရှိရှိ စားတတ်ကြပါသည်မြန်မာမုန့်နဲ့အုန်းကခွဲလို့မရနိုင်အောင်ဖြစ်ပါတယ်နော်

နေရာတကာပါတဲ့သူလေ | Ecency