ပွဲကတော့စပြီလေသဌေးသမီးလေးကစတင်ပြောဆိုလေပြီ
သူက လူလိမ်မေမေရေသူပြောတာကငွေလိုရင် ကျင်တိတ်ဆီက ယူရတာတဲ့ဟုဆ်လားမေမေရေသူညာတာမလား အပေါင်ဆိုင် တဲ့တကယ်လားမေမေ သမီးက ဘဏ်က ယူရတာပါဆို မရဘူးသူလက်မခံဘူးလေမေမေရော ဖေဖေရော ဖိုးဖိုးရော ငွေလိုတိုင်း ဘဏ်ကပဲယူတာလေမဟုတ်ဘူးလားသူကသမိးပြောတာကိုမဟုတ်ဘူးတဲ့သူပြောချင်တာတွေလိမ်ပြောနေတယ်ရှင်းပေးပါဦးမေမေရေ ပြီးတော့ သူက သမီးကို လူလိမ်တဲ့သမီးကိုပြောနေတယ်မေမေရေလို့ဆိကာဆိုပြီး ငိုပါလေတော့သည်အဝတ်လျှော်တဲ့ခဝါသည် သမီးလေးက လည်း အားကျမခံပါဘဲသူ့အမေကိုတိုင်ပြောတာကလဲဒီလိုပါတေဲ့လေအယ်အမေ ပြောပေးဦးလေပြောဦးသူကမှတကယ်ခူလိမ်အစစ်မေမေရေအမေလိုတိုင်း အပေါင်ဆိုင်ကပဲ ယူတာလေဟုတ်တယ်မလားသမီးကအမှန်တိုင်းပြောတာပါနော်သူပြောတဲ့ဘာတဲ့ ဘဏ်ဆိုတာဖြင့် သမီးတို့ကြားတောင် မကြားဖူးဘူးလေသူညာပြောနေတာလူလိမ်မလေချစ်တူးတို့ ပွေးလေး တို့လဲ မသိကြဘူးလေသိလားသူကလူလိမ်မကြီး အမေရေ သမီး လိမ်တယ်လို့ပြောနေတယ်ပြောပါဦးအမေရေတဲ့ဆိုပြီး ငိုပြန်ပါလေတော့သည်အဝတ်တွေလျှော်တဲ့ခဝါသည် မိန်းမ ဘာမှပြန်မပြောနိုင်ရှာပါဘူးလေသူမဟာမျက်ရည်ဝဲနေတဲ့ မျက်လုံးတွေနဲ့ သဌေးကတော်လေးကို လှမ်းကြည့်လို့သာနေရှာပါတော့လေတယ်