နောက်ဆုံးမှာတော့အမျိုးသမီးဟာ သူ့အနားက ထွက်ပြီး မသွားသလို အပြုံးလဲ မပျက်ပါဘူးလေ ပြီးတော့ သူ့ဘေးနား ထိုင်ချလိုက်ပြီး တော့အဖိုးအိုရဲ့လက်မောင်းတွေကို အသာအယာ ဆုပ်ကိုင်လိုက်ချိန်မှာတော့ဖြင့် ဟာ ခင်ဗျား ဘာလုပ်တာလဲ ကျုပ်ပြောပြီးပြီလေကွာကျုပ်ကို မနှောက်ယှက်ပါနဲ့တော့လို့ခင်ဗျား ဒီနေရာက ထွက်သွားပါလေလို့ အဖိုးအို ဆီက ဒေါသတကြီ အော်ဟစ်သံက ဟိန်းထွက်လာပေါတော့သည်ဒီအချိန်မှာ ရဲအရာရှိ တစ်ယောက် ရောက်လာပြီးဟုတ်ကဲ့ပါအစ်မကြီး ပြဿနာ တစ်ခုခု ဖြစ်နေသလားပြောပါကျွန်တော် ဘာများ ကူညီပေးရပါမလဲကေပာပါ လို့ မေးလာတော့ အမျိုးသမီးကအင်းဘာပြဿနာမှ မရှိပါဘူး ရဲအရာရှိကြီးရယ်နော်ဒီလူကို မတ်တပ်ရပ်နိုင်အောင် ကျွန်မ ကြိုးစားနေတာလေ။ ကျွန်မကို တစ်ဆိတ်လောက် ကူညီပေးပါလားရှင်ဆရရဲအရာရှိဟာ သူ့ခေါင်းကို ကုတ်လိုက်ရင်းအယ်ဒီအဖိုးကြီး ဂျက် ဟာ ဒီနေရာမှာ နေလာတာ နှစ်တော်တော ကြာပါပြီလေ သူဟာ ဘယ်သူ့ကိုမှတော့ ဒုက္ခ မပေးခဲ့ပါဘူးသေူ့ကို ဘာများလုပ်မလို့ပါလဲ လို့မေးလိုက်ပါလေတော့သည်ဒီမယ်ရှင် ဟိုနားက ကော်ဖီဆိုင်လေးကို တွေ့တယ်မဟုတ်လားဟင် ကျွန်မ သူ့ကို အဲဒီဆိုင်လေးထဲကို ခေါ်သွားပြီး တစ်ခုခုတော့ဝယ်ကျွေးချင်တယ်လေလို့ပြောလေတော့သတည်း