This content was deleted by the author. You can see it from Blockchain History logs.

မင်းသမီးကလေးအာရုဏ်ဦး အပိုင်း( ၁ ) 👸👸👸

ဟိုးရှေ့ရှေ့တုံးက ဘုရင်ကြီးနဲ့ မိဖုရားကြီး ဇနီးမောင်နှံရှိကြတယ်။ သူတို့ဟာ ပေါင်းသင်းလာခဲ့တာ ကြာပြီဖြစ်ပေမယ့် သားသမီးတစ်ယောက်မှ မထွန်းကားရှာဘူး။👶👶👶 ဒါကြောင့်သားသမီးလိုချင် ပြင်းပြလျှက်ရှိတယ်။ နောက်ဆုံးမှာတော့ မိဖုရားကြီးဟာ သမီးလေးတစ်ယောက် မွေးဖွားခဲ့တယ်။ ကလေူငယ်လေူဟာရုပ်ရည်ချောမောပြီး အရမ်းချစ်စရာကောင်းတာကြောင့် အရုဏ်ဦး လို့အမည်မှည့် လိုက်တယ်။ သမီးကလေးရဲ့ နာမည်ကင်ပွန်းတပ်နေ့ကို အားလပ်ရက်အဖြစ်ကြေငြာတယ်။ ရပ်နီးရပ်ဝေးက ဧည့်သည်တွေကို ဖိတ်ကြားတယ်။ အဲ့ဒီနေ့မှာ မြို့ လမ်းတစ်လျှောက် လူပရိသတ်တွေနဲ့ ပြည့်နှက်စည်ကားလျှက်ရှိတယ်။ ကျေးလက်ဒေသကပြည်သူပြည်သားတွေက မင်းသမီးကလေးအတွက် အကောင်းဆုံး ခြံထွက်သီးနှံနဲ့🍎🍏🍊🍋🍄🍅🍆🍇🍈🍉🍐🍑🍒🍓🍍 သားမွှေးတွေကို ယူလာကြတယ်။