ဒုတိယနေ့ အဆက်
ဂ၀ံဝ သိင်္ဂိနော သိင်္ဂံ၊ ၀ဍ္ဎမာနဿ ၀ဍ္ဎတိ။
ဧ၀ံ မန္ဒဿ ပေါသဿ ၊ ဗာလဿ
အ၀ိဇာနတော။
ဘိယျော တဏှာ ပိပါသာ စ၊
ဝဍ္ဎမာနဿ ၀ဍ္ဎတိ။
နွားမှာ ဦးချိုပေါက်လာတော့ ဒီချိုကလေး
က တိုသွားတယ်မရှိဘူး၊နွားအကောင်အထည်ကြီးလေ ချိုရှည်လေ၊ ဘယ်တော့
မှ ဒီချိုဟာ ပြန်တိုမသွားဘူး၊ဒီလိုပဲတဲ့၊
လူသတ္တ၀ါတွေ ဆိုကြစို့၊ နဂိုတုန်းက
ကာမတဏှာ ချိုကလေး ပါလာတယ်၊
လူအရွယ်ကြီးလာလေလေ တဏှာလောဘ ကြီးလာလေပဲ၊ တစ်ခါ ရှိသေး
နေရာဒေသက တဏှာလောဘကြီးတဲ့
ဒေသဆိုယင် ဘုန်းကြီးက စဉ်းစားတယ်၊
ဘိုးတွေ ဘွားတွေ လက်ထက်က မလို
ချင်တတ်ကြဘူး၊ဘာဖြစ်လို့တုန်းဆိုတော့
လိုချင်စရာ အာရုံမှ မရှိဘဲ၊ မော်တော်ကားမှ မရှိဘဲနဲ့ မော်တော်ကားလိုချင်တဲ့
တဏှာမဖြစ်ခဲ့ဘူး၊ အုတ်တိုက်ကြီးတွေနဲ့
ဒီလိုပဲ များများစားစား မရှိတော့ အုတ်တိုက်လိုချင်တဲ့တဏှာ မဖြစ်ခဲ့ဘူး၊
အဲ မာတုဂါမတွေ သူတို့ကလည်း အလွန်
တရာ ပြင်ကြဆင်ကြတာ မဟုတ်၊ အမျိုးသားတွေကလည်း အလွန်တရာပြင်ကြဆင်ကြတာမဟုတ်တော့ သူတို့က
"ဆိုင်းဦးဟဲ့ အသက်နှစ်ဆယ်လောက်၊
ဆိုင်းဦးဟဲ့ အသက်အစိတ်လောက်"
ဆိုယင် နေနိုင်ကြတယ်၊ သူတို့က ထိန်း
်နိုင်ကြတယ်၊ခုခေတ်ကျတော့လေ မော်
တော်ကားလိုချင်၊ လိုချင်တာက လောဘ၊
တိုက်ကြီးတာကြီးတွေ လိုချင်တဲ့ လောဘက တိုးလို့၊ ပြီးတော့ ကလေးတွေ
ငယ်ငယ်ကတည်းက အမေတွေက
ဆင်ကိုဆင်ပေးနေကြတယ်။
လှလိုက်တာ ၊ ၀လိုက်တာ၊ ငါ့သမီးလေး
လှလိုက်တာ ၊ တော်ကြာ ကျောင်းသူကလေးဖြစ်လာ၊ လှလိုက်တာ နဲ့ သွားနေတာ
တော်တော်ကြာ ထိန်းမရ သိမ်းမရဖြစ်ပြီး
တော့ ဒီလောဘတွေ လွန်ကဲပြီိး အပျက်အစီးထိအောင် ဖြစ်သွားကြတယ်၊ဒါ ကာလ ဒေသလိုက်ပြီးတော့ အာရုံ တွေ
ကပြောင်း ၊ အာရုံ ပြောင်းတော့ လောဘတွေက တိုးတက်လာတယ် ၊ ဒီလောဘက
ဒီနိုင်ငံလောက်ကလေးရယ် ၊ နိုင်ငံခြား
ကျတော့ ဒါထက် လိုချင် လာတယ်၊
သူတို့နိုင်ငံခြား အာရုံ တွေက သိပ်ကြီး
တာကိုး၊ သိပ်ပြီးတော့ နိုင်ငံခြားက လူတွေက လိုချင်တယ်၊ ရူပါရုံလှလှကို
လှသထက် လှအောင်၊ လှသထက်လှတာတောင်မှ ရိုးရိုးလှရုံတင်မဟုတ်ဘူး၊
အင်မတန်ကို မထိန်းနိုင်မသိမ်းနိုင်
ညေးက လောဘဖြစ်အောင်ကို အလှလုပ်ကြတယ်။
အဲ ...ဂန္ဓာရုံ တွေ၊ မွှေးကြိုင်သမျှ မွှေးကြိုင်
သထက် မွှေးကြိုင်အောင် အမွှေးတွေ
လုပ်ကြတယ်၊
တစ်ခါ ရသာရုံ တွေ အရသာ ကောင်း
သထက်ကောင်းအောင်လုပ်ကြတယ်၊
ရှေးတုန်းက မဖြစ်ခဲ့တဲ့ လောဘတွေက
အခု ပိုလာတယ်၊
ဒေါသတွေကြီးလာတယ်
လောဘသာ ပိုလာလားဆိုတော့ ဒေါသလည်း ပိုလာတာပဲ၊
အခုကြည့်လေ ဒေါသတွေ ပြင်းထန်လိုက်တာ ၊ သတ်ဖြတ်မှုတွေ ဘယ်လောက်များသလဲ၊ ဟိုရှေးတုန်းက ( ဘုန်းကြီး တို့
ကလေးတုန်းက)သတ်ဖြတ်မှုနဲ့ စပ်ပြီးတော့ ရာဇ၀တ်မှုဟာ တစ်နှစ်မှ ( ၇ ) မှု
လောက်ပဲရှိတယ်၊ တစ်နှစ်( ၇ ) မှုလောက် ရှိတာတောင်များလိုက်တာ
ယခု တစ်ရက် ( ၇ ) မှုလောက်၊ ဒီလို ဖြစ်လာပြီ၊ တစ်ရက် ( ၇ ) မှုတောင် ကချင်မှကမယ်၊ အဲဒါ ဘာကြောင့်တုန်း၊ အင်မတန် အာရု့က ကြီးကျယ်လာတယ်၊
အင်မတန်ကြီးကျယ်တော့ လောဘက
အင်မတန် ကြီးကျယ်လာတယ်၊ လောဘဖြစ်တဲ့အလခါတိုင်း ဒေါသက လိုက်လာတယ်။
ဒီနည်းနဲ့ ဒေါသဟိတ်တွေကလည်း ကြီး
ကျယ်ပြီး အကုသိုလ် တွေက များလာ
တယ်၊ ဒီနိုင်ငံတွင်လားဆိုတော့ ကမ္ဘာမှာ
စစ်တွေ တဖြည်းဖြည်း နဲ့ သတ်လိုက်တာ၊
တကတည်း အပြုံလိုက်အပြုံလိုက် ၊ ဒေါ
သတွေဖြစ်လိုက်ကြတာ၊လောဘတွေက
လည်း ကြီးကျယ်လိုက်တာ၊ ဒေါသတွေ
ကလည်း ကြီးကျယ်လိုက်တာ၊ "သွားမယ်"
ဘုန်းကြီး တိုလက သိပါရဲ့ ၊ လောကကြီး
ဘယ်လိုဖြစ်ဖြစ် သွားတော့မှာပဲ၊ အစိတ်
အပိုင်း အနည်းငယ်ကလေးသာ ထိန်း
ကြတော့ ၊ လောဘကြီးတော့ တဖြည်းဖြည်း ပြင်းထန်လာပြီ၊ စိတ် တွေကလည်း
လောဘအလိုအတိုင်း ပြင်းထန်လာပြီ၊
လောဘအတိုင်း အလိုမကျတော့ ဒေါသ
က ၀င်လာပြီ ၊ ဒေါသ၀င်လို့လည်း
အကုသိုလ် တွေက ပြင်းထန်လာပြီ၊
စိတ္တဇ ရုပ်တွေ ဖြစ်တော့လည်း ဒေါသ
အလိုအတိုင်း စိတ်တွေက မထိန်းနိုင်တော့
ရုပ်တွေကပါ မထိန်းနိုင်လို့ သတ်ကြ ဖြတ်ကြတယ်ဆိုတဲ့ အဖြစ်မျိုးရောက်တယ်၊
လောဘအတိုင်း မထိန်းနိုင်လို့ လွန်လွန်ကျူးကျူးတွေ ဖြစ်လာကြတယ်။
ပြီးတော့ ဘုန်းကြီးတို့က ပုဂ္ဂိုလ် သတ္တ၀ါ
မရှိဘူး၊ ဒီအာရုံနဲ့ ဒီစိတ်တွေပဲ ရှိတယ်၊
ဒီအာရုံ သောင်းကျန်းသလောက် သောင်းကျန်းပြီး လိုက်လာတယ်၊
အနည်းငယ် ဉာဏ် ရှိတဲ့ ပုဂ္ဂိုလ်များကသာ
"ကမ္ဘာကြီး ဘာဖြစ်ဖြစ် ဖြစ်ပါစေ၊
လောကကြီး ဘာဖြစ်ဖြစ် ဖြစ်ပါစေ၊
တို့ မဖြစ်ကြနဲ့ တို့တတွေ မဖြစ်ကြနဲ့"
"တို့ အစားအသောက်တွေ တို့ သတိထား
ကြ၊ ချွေတာကြ၊ တို့ အနေအထိုင်တွေ
သတိထားကြ၊ တို့ ကုသိုလ်တရားတွေ
တိုးပွားအောင် မေတ္တာပို့ကြ၊ တို့ ကုသိုလ်တရားတွေ တိုးပွားအောင် ငါးပါးသီလ
ကြိုးစားထိန်းလိုက်ကြ၊ တို့ ကုသိုလ်တရားတွေ တိုးပွားအောင် ၊ ပါရမီတရား တိုးပွား
အောင် တရားနှလုံးသွင်းနေကြ"
ဒီလို သွားနေရတယ် ၊ လမ်းသွားနေရတယ်၊ လောကကြီးကတော့
ကြီးကျယ်လိုက်တာကတော့ ဘုန်းကြီးတို့
သိပါရဲ့ သိပါရဲ့ ၊ လောဘကြီးကျယ်နေတာ၊ ဒေါသ ကြီးကျယ်နေတာ၊
မာန်မာန ကြီးကျယ်နေတာ၊တစ်ယောက်
တစ်ယောက် မနာလိုတဲ့ ဣဿာ ကြီး
ကျယ်နေတာ၊ တစ်ယောက် တစ်ယောက်
ကို ၀န်တိုနေတဲ့ မစ္ဆရိယ. ကြီးကျယ်နေတာ။
ရှေးတုန်းကတော့ မောင်နှမချင်း စိတ်ဝမ်း
မကွဲဘူး၊ခုတော့ ကွဲလိုက်ကြတာ၊ကွဲလိုက်ကြတာ၊ လောဘကြောင့် ဒေါသတွေက
နောက်ကလိုက်နေတယ်၊ လောဘကြောင့် ဣဿ မစ္ဆရိယ တွေနောက်ကလိုက်လို့ အကုသိုလ် တွေဖြစ်နေကြ
တယ်၊ ကဲ..အဲဒီ အာရုံကလည်းပဲ
ရှေးတုန်းကတော့ ဘုန်းကြီးတို့ကျေးတောမှာ ကြီးကြီးကျယ်ကျယ် ဘာမှ
ရှိလှတယ် မဟုတ်ဘူး၊ တော်ပါပေတယ်
ပေါပါပေတယ်ဆိုတဲ့ လူတွေပဲ ကျောင်းတွေဆောက် ဘုရားတွေတည်၊ အမွေကလည်း ဘယ်လောက်မှမရဘူး၊
ဒီတော့ သူတို့လောဘကလည်း ခပ်နည်း
နည်းပဲ၊ ကုသိုလ်စိတ်တွေ များလိုက်တာ
များလိုက်တာ ၊ စိတ်ချမ်းသာလိုက်တာ။
လောဘနောက်လိုက်က ပျက်စီးခြင်း
ခုနောက်ပိုင်းမှာ လောဘတွေက သိပ်ကြီး
လာကြပြီ၊ လောဘအလိုမကျလို့ ဒေါသတွေက သိပ်ကြီးလာကြပြီ၊တစ်ယောက်နဲ့
တစ်ယောက်မနာလိုတာကဆွေမျိုးချင်း
က စပြီးတော့ မနာလို၊ "ဖြစ်ပြီ ဖြစ်ပြီ
ဖြစ်တော့မှာပဲ၊ထိန်းလို့မရဘူး၊ အလိမ္မာ
တစ်ယောက်တလေ ၊ ဉာဏ် ရှိတဲ့
တသ်ယောက်တလေ၊ တစ်အိမ် တလေပဲ
ထိန်းရတော့မယ်"
ခုခေတ်သွားပုံက လောကကြီးလည်း ပျက်
သာသနာတော်ကြီးလည်း ပျက်နေတယ်။
ပျက်ရုံနဲ့ရပ်သွားတယ်ဆိုယင်တော့ ဘုန်းကြီးက အနေသာကြီးပါ၊ အခုက သာသနာတော်ကြီးကလည်း ဆုတ်လာတယ်၊ လူတွေက အကုသိုလ် တွေ
တိုးပွားလာတယ်၊ရဟန်းတွေလည်း
ခေတ်နဲ့အညီနေချင်တယ်၊ "အရှင်ဘုရားဟာက ခေတ်မမီတော့ဘူး ၊ တပည့်တော်တို့ သွားပါရစေတော့ "လို့ ဆိုပြီး
သွားကြလည်း ဘုန်းကြီးက တရားနှလုံး
သွင်းနေမယ်၊ စာတွေကြည့်နေမယ်၊
ဘယ်လောက်များ ချမ်းသာလိုက်မလဲ၊
ဘုန်းကြီးကလေ တစ်ယောက်တည်းနေမှာ။
မာဂဏ္ဍိယသုတ်
ဒီတရားတွေက ဒီလောက်ပါနေမှတော့
ဒီတရားတွေလွန်ပြီး ဘုန်းကြီး မလိုက်နိုင်ဘူး၊ နည်းနည်း စဉ်းစား၊
တစ်ခါတုန်းက ဗုဒ္ဓ မြတ်စွာနဲ့ မာဂဏ္ဍိယ
ဆိုတဲ့ ဗြာဟ္မဏပဏ္ဍိတ် တွေ့ကြတယ်၊
ဒီဗြာဟ္မဏတို့ရဲ့ ထုံးစံကတော့ ရူပါရုံ
ကြည့်ရမယ၊် သဒ္ဒါရုံ နားထောင်ရမယ်၊
ဒါတိုးပွားမှုပဲ၊ တိုးတက်မှုပဲ၊ ကြီးကျယ်မှုပဲ
ရှင်ဂေါတမက ဒါတွေ မလိုက်စားရဘူးဆိုတော့ ကြီးကျယ်မှုတွေကို ဖျက်နေတာပဲ၊
ရှင်ဂေါတမဟာ လောကကြီးကို ဖျက်နေတာပဲ၊ သူတို့က ဒီလို ယူဆကြတယ်။
ဒါနဲ့ ဗုဒ္ဓ မြတ်စွာနဲ့ တွေ့ကြရော၊တွေ့လို့ စကားစပ်တော့ "ဟုတ်ပါတယ်၊ ဒီလိုပဲ ယူဆပါတယ်"။
ဗုဒ္ဓ မြတ်စွာက "စက္ခုံ ခေါ မာဂဏ္ဍိယ
ရူပါရာမံ ရူပရတံ ရူပသမ္ဗုဒိတံ__
မာဂဏ္ဍိ _စက္ခုပသာဒဆိုတာ ရူပါရူံကို
အင်မတန် နှစ်သက်တယ်၊ စက္ခုပသာဒက ရူပါရုံရှိမှ နေတတ်တယ်၊
စက္ခုပသာဒက ဒီရူပါရုံကို ဘယ်လောက်များ သဘောကျနေတုန်းဆိုတော့ ကိုယ့်ကိုခြောက်လှန့်တဲ့ ရန်သူလာတာတောင်
ကြည့်ရမှ ကျေနပ်တယ်၊ကိုယ့်ကို နှိပ်စက်မည့်သူလာတာတောင် ကြည့်လိုက်ရမှ
ကျေနပ်တယ်၊ စက္ခုပသာဒက အဲသလို
ရူပါရုံအပေါ်မှာ မွေ့လျော်တယ်။
သောတပသာဒကလည်း သဒ္ဒါရုံ ပေါ်မှာ
အင်မတန်မွေ့လျော်တယ်။နားထောင်နေတယ်။"ဟော..မင်းကို ဆဲနေတယ်ဗျ"
သူက စိုက်နားထောင်နေတယ်၊ ဆဲနေ
တာကို စိတ် မချမ်းသာမှန်းသိတယ်၊
သိနေပေမယ့် သဒ္ဒါရုံဆိုရင်သောတပသာဒ က နားထောင်လိုက်ရမှ၊
"ဆဲနေတယ် ..အင်း..ဟုတ်တယ်၊ သူ ငါ့ကို ဆဲနေတယ်"၊ ဆဲနေတာကို သူက
နားထောင်ရမှ ကျေနပ်တယ်၊သဒ္ဒါရုံကို
အင်မတန် မွေ့လျော်တယ်။
တစ်ခါ ဃာနပသာဒ ကလည်း အနံ့ ရကို
ရမှ၊ "အင်း..နံလိုက်တာ၊ အမယ် ဟုတ်
တယ် နံလိုက်တာ"၊ သိလား၊ နံတယ်ဆို
တာကိုပဲ သူက ဒီအနံ့ကို ရှူရဦးမှ၊
မွှေးကြိုင်တာတော့ မပြောနဲ့ ။
တစ်ခါ အရသာကျတော့ "ဟင် မကောင်း
လိုက်တာ ဘယ့်နှယ်၊ ဟင်းကလည်း
ဘယ့်နှယ်တုန်း ပေါ့လိုက်တာ"
"အင်း...ပြစမ်း ပြစမ်း"
မကောင်းပါဘူးဆို သူက ပြစမ်း..ပြစမ်း
ဆိုပြီး စားလိုက်သေးတယ်။
ကာယပသာဒကလည်း ဖောဋ္ဌဗ္ဗာရုံကို
ဒီလိုပဲ အင်မတန် ထိချင် တွေ့ချင်တယ်၊
အင်မတန် ထိချင်ခတ်ချင်တယ်၊ အဲ့သလို...။
ဒါကြောင့်မို့ ဗုဒ္ဓ မြတ်စွာက"မာဂဏ္ဍီ...
နဂိုကမှ သတ္တ၀ါ တွေရဲ့ စိတ်က အာရုံ
တွေကို မွေ့လျော်နေတာဖြစ်တော့ ဒီ
အာရုံတွေ တိုးပွားအောင်လုပ်ရင် အကုန်
ဒုက္ခများကုန်မှာပေါ့" ခုအများနေတဲ့ အတိုင်း အာရုံတွေတိုးပွားအောင်လုပ်ယင်
ဒုက္ခ များမှာပေါ့ လို့ ဒီအာရုံတွေကို စက်
ဆုပ်ပြီးတော့ အေးဆေးနေ တဲ့ နည်း
ပြောပြမယ်ဆိုပြီး ပြောပြတယ်။
လူတစ်ယောက်က နူနာ ဖြစ်နေတယ်၊
နူနာစွဲနေတယ်၊နူနာကလည်းပဲ အရည်
တွေယိုလို့၊ သူကဘာလုပ်တုန်းဆိုတော့
( ယားလွန်းလို့ ယားလွန်းလို့)ကုတ်ပြီးတော့ မီးသွားကင်တယ်၊ မီးကျီးကောင်းကောင်းနဲ့ ကင်လိုက်တာ၊ အရည်က
နည်းနည်း ခြောက်သွားတယ်၊ အတွင်းက
ထ တဲ့ ပိုးတွေက နောက်ဆုတ်သွားတယ်၊
အဲဒီတင်..အယားပျောက်သွားရော...
နေပြန်ရော နူနာပျောက်တာမဟုတ်ဘူး
အယားပျောက်တာနော်၊တော်နေကြာတော့ ပြန်ယားလာပြန်တယ်၊ ပိုးတွေက ထ၊ အရည်ပြန်ထွက်၊ မီးကျီးသွားကင်၊
နောက်တော့ ရောဂါက တိုးလာလိုက်တာ၊
ခဏလေးသက်သာတယ်၊ ရောဂါကတိုး
အရည်ပြန်ထွက်။
ဒါနဲ့ မဖြစ်ပါဘူးဆိုပြီး ဆေးကောင်းကောင်း
ကုတတ်တဲ့ ဆရာနဲ့ ကုလိုက်တာ ရောဂါ
ပျောက်သွားတယ်၊ နောက် မီးကျီးခဲ
ကောင်းကောင်းကြီးတွေတွေ့တော့
မိတ်ဆွေ က"ဟေ့ ကိုယ့်လူ..လာဟေ့
ဟိုမှာ မီးကျီးခဲ တွေ မောင်ရာ၊ ကင်စရာ
ကောင်းလိုက်တာ" "ဟာ..မလုပ်ပါနဲ့
မောင်ရာ" အတင်းလက်ဆွဲပြီး "လာပါ
ဟိုတုန်းက မီးကျီးတွေမြင်လို့ရှိယင် မနေ
နိုင် မထိုင်နိုင်၊ မင်း ပြေးပြီးတော့ မီးကင်
တဲ့ လူပါကွ ၊ ဟိုမှာ မီးကျီးတွေ"
"ဟာ.မလုပ်ပါနဲ့ ၊ ဟိုတုန်းကသာ ငါ့အနာ
မပျောက်လို့ ကင်ခဲ့တာပါကွာ ၊ အခု
ငါ့မှာ အနာမရှိဘဲနဲ့ ဒီမီးကျီးတွေက ငါ့ကို ဒုက္ခ ပေးနေတာကွ၊ ငါ့ ဒုက္ခ ပေးနေတာ..."။
အဲ ရူပါရုံ တွေ သာယာနေတယ်ဆိုတာ
အနူမို့လို့ မီးကင်တာတဲ့ ၊ အနူမီးကင်တာ၊
ရူပါရုံ တွေ သာယာပြီးတော့ ရူပါရုံ တွေ
လိုက်စားနေတယ်ဆိုပါတော့ ၊ ပွဲကြည့်နေတယ်၊ ဒီပွဲ ကောင်းလိုက်တာ ဆိုတဲ့
ဟာ ပွဲကြည့်ချင်နေတာ၊ တီးသံမှုတ်သံကြားရင် မနေနိုင်မထိုင်နိုင် အနာက
ထ လာတာ၊ အဲဒါဆို သွားကြည့်တာက
မီးကင်တာ၊ "အဲ တော်ပြီ ပိုက်ဆံကုန်
ပင်ပန်းတယ် နောက်မကြည့်တော့ဘူး"
ဆိုပြီး လေးငါးရက်နေလိုက်တယ်၊နောက်
ဟိုက ဒီက တီးသံမှုတ်သံကြားတော့
အနာက ထလာပြန်ရော၊ သွားကြည့်အုံးမှပဲ၊ အနာက မလျော့ဘူး၊ခဏလေး
အဆာပြေသလိုရှိတယ်၊ နောက် သွား
ပြန်တာပဲ၊ ဒီပုံ ဒီနည်းနဲ့တော့ ဒီရောဂါ
မပျောက်ဘူး၊ နောက်တော့ ကိုင်း...
မဖြစ်ဘူး၊ သီလထိန်းပြီးတော့ တရားထိုင်မှပဲ၊ ဒီရုံပါရုံ ဒီပွဲလမ်းသဘင်ရဲ့ အပြစ်ကို
ကောင်းကောင်းမြင်တဲ့ အခါ ကျတော့
ဟိုက တီးသံကြားလည်း သူ ဘာမှ မဖြစ်တော့ဘူး၊ "လာဟေ့ သွားကြည့်ကြရအောင်" "ဟာ မလုပ်ပါနဲ့ကွာ ရှက်စရာ
ကြီး"
"မင်း ဟိုတုန်းက တော့ မင်းသွားတာ
အခုက သိပ်ကောင်းတာ
အရင်ကထက်သာတယ်"
"အို မထူးပါဘူးကွာ ငါ့မှာ ပိုက်ဆံကုန်သေး၊ လူလည်းပန်းသေး၊ဟိုတုန်းက
နားမလည်လို့ပါကွာ၊ ခုတော့ ငါ မသွား
တော့ဘူး"
အဲသလိုပေါ့၊ ကာမဂုဏ် အာရုံတွေ
ခံစားတဲ့ သူတွေကလည်း ဒီထဲမှာ သူတို့
ရောဂါ ထ နေကြတယ်၊ ဒီရောဂါ ကြီးကျယ်တုန်းတော့ ဒီသတ္တ၀ါတွေ
ဒီလိုပဲ နေကြမှာပဲ။
ဘာပြုလို့ ဆို အနူကိုး၊အနူဆိုတော့ သူတို့ကရောဂါထလိုက၊် ကုတ်လိုက်၊
သူတို့ကကုတ်လိုက်၊ ရောဂါထလိုက်၊
ရူပါရုံ လှလှလေး သွားကြည့်လိုက်၊
သဒ္ဒါရုံ လေး သွားနားထောင်လိုက်၊ ဂန္ဓာရုံ မွှေးကြိုင်တာလေးနဲ့ စားကြ၊ သောက်ကြ ၊နေကြ ၊ထိုင်ကြ ၊အနာတွေ လျော့သလား
မလျော့ဘူး၊ အနာတွေ တိုးနေတာပဲ၊ နောက်တော့ မစွမ်းနိုင်လို့သာ သူတို့လျော့သွားတာ စိတ်ကတော့ မလျော့ဘူး
ဒီနည်းနဲ့ ဒီရောဂါက ဘယ်တော့မှ မလျော့ဘူး၊ တရားကိုလိုက်ပြီးတော့
ကြိုးကြိးစားစားနဲ့ အားထုတ်လိုက်မှ
ဒီရောဂါ သက်သာမယ်၊ တရားတွေရပြီး
ဒီရောဂါမဖြစ်ဘဲနေမယ်ဆိုတာ ဘုန်းကြီး
တို့တရားတော်က သိတယ်၊ ဒါကို
ဗုဒ္ဓမြတ်စွာ က ဟောတယ်၊
@yemin
photo credit:google
@zappl