View full version

ကြက်မောက်ဖြူ ပန်းလေးတွေ

မနေ့ည က မိုးရွာ ပြီး ဒီမနက် မိုးအုံ့နေသေးတော့
အေးငြိမ်းသာယာစွာ နေလို့ ကောင်းနေပါတယ်။
ဒီရက်ပိုင်း မိုးတွေ ရွာပြီးရင်တော့ ဆောင်း သွင်းတော့မယ်
ထင်ပါတယ်။ မြောက်လေ ပြန်နေပြီလေ။

ယာတောဘက် ရောက်ဖြစ်တော့ စိမ်းစိမ်းစိုစို ရှိလှပါတယ်။
မြက်ခင်း တစ်ခုထဲမှာ ကြက်မောက်ဖြူပင် တစ်ပင် ဖွေးဖွေးလှုပ်
နေတာ မြင်ရတော့ ဓာတ်ဖမ်းလိုက်တာပဲပေါ့။

ကြက်မောက်ပွင့်တွေ လေယူရာ ယိမ်းကစားနေတော့
ရင့်တဲ့ မျိုးစေ့လေးတွေ ကြွေကျပြီး နောက်တစ်ခါ အပင်
ပြန်ပေါက်ကြမယ်ပေါ့။

ကြက်မောက်ပန်းတွေ ဖွေးဖွေးလှုပ်နေလည်း မြက်ရိုင်းပင်
ဖြစ်တာကြောင့် ခုတ်ဖြတ် နုတ်သတ်ခံရရုံသာ ရှိပါမယ်။
အသုံးမကျရင် တန်ဖိုး မထားတတ်ကြဘူး မဟုတ်လား။

မိတ်ဆွေများ ဘဝ တန်ဖိုးထားအပ်ကြပါစေ။

@walarhein