ရမှတ် ၂၀၀၀ တဲ့ဟေ့

image

ရမှတ် ၂၀၀၀ တဲ့ဟေ့
ဟဲ... ဟဲ ရမှတ် ၁၀၀၀ ကိုမေ့ပြီး ရမှတ် ၂၀၀၀ ဖက်ကိုပဲ မျက်စပစ်ချင်နေတာလား...
အဲ့လိုမလုပ်ရဘူးနော်... ဒီနေ့အတွက်ပေးထားတဲ့ ရမှတ်ကိုတော့ Store ထဲမှာ သွားယူနိုင်ပါတယ်။

image

သွားယူကြည့်ပြီးရင်လည်း စိတ်မဆိုးရဘူးနော်... အားလုံးမျှော်လင့်စောင့်စားနေတာလေးက မနက်ဖြန် ( 16.7.2018 ) မှာ လာပါမယ်။

အများစု သိပြီးသားဆိုပေမယ့် မသိသေးတဲ့ သူငယ်ချင်းတွေကို WowBox က နည်းနည်းလေး ရှင်းပြပါဦးမယ်။

WowBox App ကနေ နေ့စဉ် ရမှတ်လက်ဆောင်တွေကို ပေးနေပြီးတော့ ဒီရမှတ်တွေကို သုံးပြီး အင်တာနက်ဒေတာတွေကို ပြန်လည် ရယူနိုင်ပါတယ်။ နေ့စဉ် လက်ဆောင်ရမှတ်တွေကိုတော့...
image

အထက်ပါပုံထဲမှာ လိမ္မော်ရောင်နဲ့ ပြထားတဲ့အတိုင်း Store ထဲကိုသွားပြီး အောက်ဖက်နည်းနည်းဆင်းကြည့်လိုက်ရင် တမူထူးခြားတဲ့ အဖြူရောင်ကာလာလေးနဲ့ WowBox Points ဆိုတာကို တွေ့ရမှာပါ...။ အဲ့ထဲမှာ နေ့စဉ်ရမှတ်လက်ဆောင်တွေကို ပေးနေတာဖြစ်ပြီး ပုံလေးကိုနှိပ် ပေးထားတဲ့ရမှတ်လေးကို ယူလိုက်တာနဲ့ ဖုန်းအောက်ခြေမှာမြင်နေရတဲ့ အမှတ်နေရာမှာ ကိုယ်ရှိထားတဲ့အမှတ်အလိုက် တိုးလာမှာလည်း ဖြစ်ပါတယ်။ ကဲ... အမှတ်ယူနည်းတော့သိပြီ။ အဲ့အမှတ်ကို ဘယ်လိုသုံးမလဲ အောက်ကို ဆက်ကြည့်လိုက်ဦးနော်...

အမှတ်ကို ယူပြီးရင်တော့ Store ထဲမှာပဲ အောက်ဖက်ကို နည်းနည်းထပ်ဆင်းကြည့်ရပါမယ်။ အထက်ပါပုံမှာ လိမ္မော်ရောင်နဲ့ ပြထားတဲ့ တမူထူးခြားတဲ့ အဖြူရောင်လေးတွေမှာ 55 MB, 111 MB တွေကို တွေ့ရမှာပါ။

ကိုယ်စုဆောင်းထားတဲ့ ရမှတ်ထဲက 1700 ကို သုံးလိုက်ရင် 55 MB ရရှိမှာဖြစ်ပြီး တစ်ရက်အတွင်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ကိုယ့်ရမှတ်ထဲက 3400 ကို သုံးလိုက်ရင် 111 MB ရရှိမှာဖြစ်ပြီး သုံးရက်အတွင်း အသုံးပြု နိုင်မှာလည်းဖြစ်ပါတယ်။

ဒီနေရာမှာ သတိထားရမှာလေးက ကိုယ့်မှာ အမှတ်တွေ အများကြီး ရှိပေမယ့်လည်း 55 MB ကို တစ်ရက်မှာ တစ်ကြိမ်ပဲ ရယူနိုင်မှာဖြစ်ပါတယ်။ ဆိုလိုတာကတော့ တစ်ရက်မှာ တစ်ကြိမ်ယူပြီးရင် အဲ့ဒီနေ့ည ၁၂ နာရီမကျော်မချင်း ထပ်ယူလို့မရပါဘူး။ 111 MB ကတော့ ရက်ပိုများပါတယ်။ သုံးရက်အတွင်း တစ်ကြိမ်သာ ယူလို့ရမှာဖြစ်ပြီး တစ်ကြိမ်ယူပြီးရင် သုံးရက်အတွင်း ထပ်ယူလို့မရပါဘူး။

ဆိုတော့ကာ အင်တာနက်တွေကို ဘေလ်မကုန်ဘဲ ရက်အများကြီးသုံးဖို့အတွက် အကြံပေးရရင်တော့ အမှတ်တွေ အများကြီးကို အရင်စု ပြီးရင် ပထမဆုံးရက်မှာ 111 MB ကိုယူ၊ နောက်ရက်တွေမှာ 55 MB ကို တစ်ရက်ချင်းပြန်ယူ၊ အမှတ်တွေလည်း နေ့စဉ်ပြန်စုထား၊ ၃ ရက်ပြည့်ရင် 111 MB ကို ပြန်ယူ။ ကဲ... ဘယ်လောက်တောင် သာယာသလဲကွယ်...။

အဲ... စာကို အဆုံးထိဖတ်တဲ့သူကတော့ အင်မတန်ကံကောင်းပါတယ်။ မနက်ဖြန် 16.7.2018 တနင်္လာ ရက်ရာဇာ အခါသမယမှာဆိုရင်ဖြင့် ရမှတ် ၂၀၀၀ တိတိကို ပေးသွားမှာဖြစ်ပါတယ်တဲ့ ခင်ဗျာ။ ကဲ WowBox သူငယ်ချင်းအပေါင်း သူတော်ကောင်းတို့ရေ.. မနက်ဖြန်ကိုမျှော်ရင်း ဒီနေ့အတွက် ရမှတ်လေးကို သွားယူပြီး အောက်မှာလည်း Vote လုပ်ပေးခဲ့နော်...။

H2
H3
H4
3 columns
2 columns
1 column
Join the conversation now