This content got low rating by people.

မန်ယူနည်းပြရာထူးအတွက် မော်ရင်ညိုစိုးရိမ်နေ

မန်ယူနည်းပြရာထူးအတွက် မော်ရင်ညိုစိုးရိမ်နေ

မန်ယူနည်းပြမော်ရင်ညိုဟာ ဇီဒန်းရဲ့ဖုန်းခေါ်ဆိုမှုခံခဲ့ရပြီးနောက် အသင်းကနေ ထုတ်ပယ်ခံရမှာ စိုးရိမ်နေတယ်လို့ သိရပါတယ်။ ရီးရဲလ်နည်းပြဟောင်းဇီဒန်းဟာ ဖိအားတွေနဲ့ရင်ဆိုင်နေရတဲ့မော်ရင်ညိုနေရာမှာ အစားထိုးခန့်အပ်ခံရဖို့ ရေပန်းအစားဆုံးဖြစ်နေသူပါ။ ဒါပေမယ့်လည်း မန်ယူနည်းပြရာထူးကို နောက်ကွယ်ကနေ ကြံစည်နေတယ်လို့ မော်ရင်ညို ထင်နေမှာစိုးလို့ ဇီဒန်းက အခုလိုဖုန်းဆက်ရှင်းလင်းခဲ့တာပဲဖြစ်ပါတယ်။ ဇီဒန်းက မန်ယူနည်းပြရာထူးကို စိတ်ဝင်စားလားလို့ သူ့ကိုယ်စားလှယ်တွေမေးလာပေမယ့် မန်ယူဘက်က ကမ်းလှမ်းမှုမရှိသေးဘူးလို့ ပြောခဲ့ပါတယ်။ နည်းပြမော်ရင်ညိုကတော့ မန်ယူတာဝန်ရှိသူတွေဟာ ဇီဒန်းရဲ့အေးဂျင့်ကို ဆက်သွယ်မှုတွေလုပ်ခဲ့ပြီး သူထွက်ခွာဖို့အတွက် အရေးပေါ်အစီအစဉ်တွေလုပ်နေတယ်လို့ ယုံကြည်နေပါတယ်။ မော်ရင်ဟိုဟာ လက်ရှိပြဿနာတွေကို ရပ်တန့်နိုင်စွမ်းရှိတယ်လို့ အမှုဆောင်ဒု-ဥက္ကဋ္ဌအက်ဝုဒ်ဝက် ယုံကြည်အောင်လုပ်ဖို့နဲ့ သူ့နည်းပြရာထူးတည်မြဲဖို့အတွက် အချိန်တစ်ပတ်သာရှိတော့တယ်လို့ သတင်းတွေထွက်နေပါတယ်။ မနက်ဖြန်အိမ်ကွင်းမှာ ဗလင်စီယာနဲ့ကစားမယ့်ချန်ပီယံလိဂ်ပွဲနဲ့ နယူးကာဆယ်ကို အဝေးကွင်းမှာရင်ဆိုင်ရမယ့် ပွဲဟာ မော်ရင်ညိုရဲ့အနာဂတ်ကိုအဆုံးအဖြတ်ပေးသွားဖို့ရှိနေပါတယ်။ မန်ယူဟာ ပြီးခဲ့တဲ့ဝက်စ်ဟမ်းနဲ့ပွဲမှာ ရှုံးနိမ့်ခဲ့ပြီး ၁၉၈၉ ခုနှစ်နောက်ပိုင်း အင်္ဂလန်အဆင့်မြင့်တန်း (၇)ပွဲကစားပြီးချိန်မှာ အဆိုးရွားဆုံးရာသီစတင်မှုနဲ့ ရင်ဆိုင်နေရပါတယ်။

H2
H3
H4
3 columns
2 columns
1 column
Join the conversation now