မြန်မာမှန်ရင် ပုဂံကိုရောက်ဖူးရတယ်ဆိုပြီး ကြားဖူးနားဝ ရှိခဲ့ဘူးတယ်။အဲ့တော့ ပုဂံကိုသွားချင်စိတ်က ရင်ထဲမှာ အမြဲ
ရှိနေခဲ့တယ်။ငယ်စဉ်လူငယ်ဘဝကစိတ်ကူးယဉ် အိမ်မက်တခုပေါ့။ကဲ့ခုတော့ရောက်ပြီဗျာ။
ရောက်ရှိသွားချိန်မှာတော့ ၃၅ နှစ်ကျော်လွန်နေခဲ့ပါပြီ။
ပြန်စဉ်းစားမိတာတခုက မြန်မာဟူသမျှ သွားချင်စိတ်က ရှိနေကြမှာအမှန်ပါ။သို့ပါသော်လဲ သွားဖို့ အရေးထက် လက်ရှိ နေ့စဉ် ရင်ဆိုင်ဖြေရှင်းရ လူ့ဘဝ ရဲ့ နေ့စဉ် တာဝန်တွေဟာ လူတိုင်းဖြေရှင်းနေရတာပါ။ဒါတွေကို ကျော်လွန်ပြီ
တရက် နှစ်ရက်တာ သွားလာနိုင်ဖို့ရာ ငွေကြေးနဲ့ အချိန်တွေဟာ ပြန်တွေးကြည့်လိုက်ပါက အတော်ပင် အသင်ရှုကြပ် စရာ ကောင်းလှပါပေတယ်။ဆင်းရဲ ချမ်းသာတွေ့ကြုံရတဲ့
တနေ့တာ လူ့တာဝန်ဆိုတဲ့ ယူနီဖောင်းကိုချွတ်ကာ ရောက်ရှိချိန်မှာ အရာအားလုံးမေ့ ပျော်ရွှင်စရာ အထိအတွေ့တွေဟာ လူ့ဘဝ တသက်တာ မေ့မရနိုင်တဲ့ ခရီးစဉ် တခုပါပဲလေ။
ရာဇဝင်မှာ စာတင်ကာ ကျန်ရှိခဲ့သော စေတီပုထိုးများ လက်ညှိုးထိုးမလွဲ မမောနိုင်မပန်းနိုင် အလွန်ပင်ပူပြင်း နေမင်းရဲ့ အလင်းအောက်က
အေးချမ်းရာနေရာစေတီပုထိုးများစွာ လက်အုပ်ချီကာ ရှစ်ခိုးဦးခိုက် စိတ်အစဉ်မှာမျှော်လိုက်ရတဲ့ အခွင့်အရေး ခုများမှရလေသည်။
ဆက်လက်ရေးသားပါဦးမည်။
msu 081