This content was deleted by the author. You can see it from Blockchain History logs.

Zawgyi & unicode font

လက်ရှိမြန်မာနိုင်ငံတွင် တွင်တွင်သုံးစွဲနေသည့် zawgyi font အစား တစ်နိုင်ငံလုံး unicode သုံးစွဲရန် အစိုးရမှ တိုက်တွန်းသည် ထိုသို့တိုက်တွန်းရာတွင် ပြည်သူများသည် မြန်မာစာရေးသားသည့်စနစ် ယ္ခုသုံးစွဲနေသည့် ဇော်ဂျီဖောင့်သည် လက်ရေးမူစနစ်ဖြစ်သည့်အတွက် စာပေအနည်းငယ်တက်မြောက်သောသူများသည်လည်း ရေးသားနိုင်ကြသည်။ ၀တ္ထုတိုများ ဆောင်းပါးများ ကဗျာများကို ဇော်ဂျီဖောင့်ဖြင့်သာ online တွင် သုံးစွဲလာကြရာ ၅ နှစ်ကျော်ခဲ့ပြီ ယ္ခုအခါ ယူနီကုတ်ကို ပြောင်းလည်းသုံးစွဲမည်ဆိုပါက ယခင်ရေးပြီးသား စာများ ပြန်လည်ဖတ်ရှု၍ မရသည်ကို တွေ့ရပါသည်။ မိမိတို့သည် ရေးပြီးသား စာမူများကို ပြန်လည်ကူးယူဖတ်ရှုရာတွင် ကြားခံများလုပ်ဆောင်နေရခြင်းကလည်း အချိန်ကိုပိုမို ကြာစေသည် ။ Blog များတွင်ရေးသားထားသော စာများသည်လည်း zawgyi တစ်မျိုးတည်းဖြင့်ရေးသားတာ များကြသည် ။facebook တွင် ယူနီကုတ်နှင့် ဇော်ဂျီပြောင်းလည်း ပေးသော converter များပါလာသော်လည်း blog များတွင် လုပ်ဆောင်ရန် ခတ်ခဲလာသည်ကိုတွေ့ရသည်။ မြန်မာပြည်တွင်သုံးစွဲနေသည့် Blog page weku steemit partiko အစရှိတဲ့ ဘလော့တွေမှာ ပြဿနာများတက်လာပါသည် ။စာရေးသူများသည် ပြောင်းလည်းသုံးစွဲရာတွင် စက်အမျိုးအစားများ ကိုက်ညီမှုမရှိခြင်း နှင့် ဖောင့် ကိုက်ညီမှုမရှိခြင်း စသဖြင့်တွေ့လာရသည်။ နောက်မှရောက်လာသော ယူနီကုတ်သည် မြန်မာပြည်သူတို့ကို ဘော်ချက်သည့်အနေဖြင့် ဂွင်ချကာ သူတို့ဆော့ဝဲကို မသုံးသုံးအောင် တမင်အနိုင်ကျင့်သည်ထင်ပါသည်။ ဒါကြောင့် လူတိုင်းတွင်မိမိကျွမ်းကျင်ရာကို လေ့လာသုံးစွဲပိုင်ခွင့်ရှိသည် ။မတက်ကျွမ်းသော အရာကို ဇွတ်လုပ်ခိုင်းသလိုဖြစ်ခြင်းကတစ်ကြောင်း ကောင်းနေတာကို ပျတ်လိုပျတ်စီး သူတို့ ယူနီကုတ်စနစ်ကို မ၀ယ် ၀ယ်အောင် တမင်ဆောင်ရွက်သည့်အတွက် ဟန်းစက်တိုင်းတွင် ယူနီကုတ်မရပါ။ ဇော်ဂျီနဲ့အဆင်မပြေသောသူ တို့မရှိသလောက်ရှားသည် ။ တစ်ချို့က နိုင်ငံတကာတွင် သုံးစွဲဘို့ဆိုသည့်အကြောင်းပြေားပြလာခြင်းကို လက်မခံနိုင်ပါ။ ပြည်ပနိုင်ငံများက မြန်မာပြည်အကြောင်းသိချင်ရင် မြန်မာစာကို တက်အောင်သင်ထားကြစေ လိုသည် ။ ယူနီကုတ်သည် ဘာသာပြန်ရာတွင်လွယ်ကူသည်ဟု ယူနီကုတ်တီထွင်သူတို့က ဆိုသည် သို့သော် ကြားခံ app များနှင့်ဆောင်ရွက်မှ ပြေလည်သည်။ ဒါကြောင့် အရင်မိမိစာများကို အပျတ်ခံပြီး ယူနီကုတ်သုံးမလား နောက်မှလာသော ယူနီကုတ်ကိုကန်ထုတ်မလား ဆုံးဖြတ်ချက်ချရသည်။ ၅ နှစ်တာလုပ်ဆောင်ခဲ့သောအရာများကို မစွန့်လွတ်နိုင်သဖြင့် ယူနီကုတ်ကို ကန်ထုတ်ကြပါစို့......