This content was deleted by the author. You can see it from Blockchain History logs.

Steemit နဲ့ Facebook ယှဉ်ကြည့်ခြင်း (အပိုင်း - ၁)

အပေါ်ယံက ကြည့်ရရင်တော့
၂ ခုလုံးက Social Network ပါပဲ။
Facebook မှာ Like , Comment , Share
Steemit မှာကျတော့ Vote, Comment, Resteem ပေါ့။
၂ ခုလုံး Post တွေတင်လို့ရပါတယ်။
image
ပထမဆုံး မတူတာကတော့ Steemit မှာ
Post တင်ရင်ပြီး လာ Vote တဲ့သူရှိရင် ဝင်ငွေရပါတယ်။
လာ Vote တဲ့သူမှာ Steem Power များရင်များသလို
ကိုယ့်ဘက်က ရတဲ့ပိုက်ဆံများလာပါတယ်။
ဒါမဲ့လဲ ဒီလိုလူတွေရဲ့ Vote ရဖို့ဆိုတာ မလွယ်ပါဘူး။
သူတို့ရဲ့ Vote ရဖို့ကိုယ့်တင်တဲ့ Post က
အရည်အသွေးကောင်းတဲ့ Post ဖြစ်ပြီး
သူတို့ကိုဆွဲဆောင်နိုင်မှသာ ရမှာပါ။

Facebook နဲ့ပြောရရင်တော့ Cele တွေကို
ဆွဲဆောင်နိုင်လောက်တဲ့ Post ရေးနိုင်မှ
အဲ့ Cele တွေရဲ့ Like ရသလိုပေါ့ဗျာ။
Facebook မှာ Add ပေးပါ ၊ Like ပေးပါ ၊ နာမည်ခေါ်ပေးပါတို့
ပြောတာ ရရင်ရနိုင်သေးတယ်။
Steemit မှာသွားပြောလို့ကတော့ အရေးမစိုက်တဲ့အပြင်
ပြောတဲ့သူဘေးနားရှိနေရင် ကန်တောင်ထုတ်ခံရမှာ။
image
နောက်တစ်ခုက Steemit မှာ Facebook လိုမျိုး
သူများ Wall ထဲဝင်ပြီး စိတ်ဝင်စားမှုရအောင်
Like Bomb ချဲချင်တိုင်း သွားချဲလို့မရဘူး။
ဟိုက ဂရုတောင်စိုက်မှာမဟုတ်ဘူး။
Steemit မှာ သူများကို Vote ပေးဖို့အတွက်
Vote Power နဲ့ Vote Strength (Weight) ဆိုပြီးရှိပါတယ်။
Vote Power ဆိုတာ အကောင့်စဖွင့်ရင်
100 ပေးထားပါတယ်။ ကျွန်တော်အခုက စပြီး
Vote Power ကို VP နဲ့ Vote Strength ကို VS ဆိုပြီး
သုံးနှုန်းပါမယ်။ စာရေးရတာ ရှည်လို့ပါ :D ။
image
VS ကကိုယ် Vote ချင်တဲ့ % ကို Setting မှာချိန်လို့ရပါတယ်။
VP က တစ်နာရီနဲ့ ၁၂ မိနစ်ကို 1 Unit နှုန်းနဲ့
တစ်ရက်ကို 20 Unit ပုံမှန်တက်ပါတယ်။
ပျှမ်းမျှ VS 100% နဲ့ တစ်ခါ Vote ရင် VP 2 Unit ကုန်ပါတယ်။
VP ကိုငြိမ်အောင်ထိန်းဖို့အတွက် ပျှမ်းမျှ VS 100%
၁ ရက်ကို အခါ ၂၀ လောက်ပဲ Vote လို့ရပါမယ်။
ဒါတောင် ကွက်တိ မကျနိုင်သေးပါဘူး။
ပြောနေရင်းနဲ့ ကျွန်တော်တောင် ကိုယ့်ဟာကိုရှုပ်လာပြီ ဟီး !!
အပိုင်း ၁ တော့ ဒီမှာနားပါရစေဗျာ။

ရေးသားသူ Kyaw Kyaw Naing