တစ်ခန်းမရပ်တဲ့အခန်းဆက်ဂိမ်းများ

5wiuza.png
စိတ်ဝင်စားရင်တော့ ဒီနေရာကနေ သွားရောက်ကစားနိုင်ပါတယ်
https://play.google.com/store/apps/details?id=com.ziplab.rorgame

စာမရေးဖြစ်လိုက်တဲ့ ရက်တွေအတွက်တော့ နောက်တစ်နေ့ရောက်တဲ့အခါတိုင်း နောင်တရပါတယ် စာရေးတင်မှ အကျိုးအမြတ်ရမှာဖြစ်လို့ မရေးလိုက်တဲ့နေ့ကတော့ မရတဲ့နေ့ဆိုတာ သေချာစေမှာပါ အဲ့ဒါကြောင့် မရေးဖြစ်တဲ့ နေ့အတွက် အမြဲ စိတ်မကောင်းဖြစ်ရပါတယ် ရေးဖြစ်အောင်တော့ ကြိုးစားနေတာပါဘဲ အခက်အခဲ အတားအဆီး တွေနဲ့ အဆင်ပြေအောင် ညှိနှိုင်းယူရင်း လုပ်ဖြစ်ဖို့ အားထုတ်နေရတာပါဘဲ တစ်ခါါတလေတော့ စိတ်ဓါတ်ကျတာတွေ ဖြစ်တက်ပါတယ် အဲ့ဒါတွေက အမြဲကြုံရမှာပါဘဲ
မနေ့က မရေးဖြစ်လိုက်ပါဘူး အချိန်တွေက မလောက်မငေကိုဖြစ်နေပါပြီ ဟိုဟာလည်း လုပ်ခင်ျ ဒီဟာလည်းလုပ်ချင်နဲ့ ဟိုမလွတ်ဒီမလွတ်လုပ်ချင်ခဲ့ပေမယ့် တစ်ခါတလေတော့ ဘာမှကို ဟုတ်တိ ပါတ်တိ မလုပ်လိုက်ရဘဲ တစ်ရက် ကုန်သွားရော
တစ်ခုတည်းကို စွဲမြဲလုပ်တာတော့ အကောင်းဆုံးပေါ့ အဲ့သလိုကျပြန်တော့လည်း အရနည်းတယ် ထင်ပြန်ရော အော်.........ခက်တော့ ခက်နေပါပြီ
3y3lgr.png
အခုဆို စတီးမစ်မှာ ကစားစရာ( တကယ်က စတင်းရရှိရေးအတွက်ပါ) ဂိမ်းတွေ အတော်ကို များလာနေပါပြီ နောက်ထပ်လည်း တန်းစီပြီး ပလုံစီအောင် ထွက်လာဖွယ်ရှိနေပါတယ် စတင်းရင်းရမယ့် ဂိမ်းတွေဆိုတော့ ရင်းနှီးစရာ စတင်း အလုံအလောက် မရှိမှာတော့ စိတ်ပူရသေး အဲ့သလို ဂိမ်းတွေ တန်းစီရှီနေတော့ ဘယ်ဂိမ်းမှ အလွတ်မပေးတမ်းကစားချင်တာပါ မျာမျးာရအောင်ဆိုတဲ့ ရည်ရွယ်ချက်ပေါါ့
တကယ့် တကယ်တမ်းမှာ ဂိမ်းတွေ က အချိန် စားပါတယ် အချိန်ပေးရပါတယ် ဒါမှလည်း အကျိုးအမြတ်က ရတာပါ အချိန်ရယ် အကျိုးအမြတ်ရယ်က ညီမျှနေတက်တာတွေ့ရတယ် ဒါက ဖရီးကစားသူအတွက်ပေါ့ ငွေရင်းကစားသူအတွက်တော့ အချိန်က ပေးရတာနည်းသွားသလိုရှိတယ် အကျိုးအမြတ်ကလည်း မျာမျးားရလာတယ် ဒါကြောင့် စတီးမစ်ဂိမ်းတွေမှာ ငွေရင်းပါ ငွေမရင်းနိုင်ရင် အချိန်များများသာရင်းပါ အကျိုးအမြတ်ကတော့ သေချာပေါက်ရတယ် အနည်းအများကွာတာတော့ ကြိုးစားအားထုတ်မှုနဲ့ ကျွမ်းကျင်မှု ကြောင့်ဆိုရမယ်
d6594c.png
ဂိမ်းတွေက စာရေးတာလောက် မခက်သလို စာရေးတာထက်လည်း များများရတက်ပါတယ် အချိန်တော့ ပေးလိုက်ရမယ်ဆိုတာလေးတော့ မေ့ထားလို့မရပါဘူး ဘယ်ဂိမ်းကို အချိန်ဘယ်လောက်ပေးနိုင်လဲဆိုတာနဲ့ ဘယ်လောက်ရနိုင်တယ်ဆိုတာက အမြဲချိန်ဆနေရတာပါ
အဲ့သလို အချိန်မလောက်တော့ မိခင်ဘာသာရပ်ဖြစ်တဲ့ စာရေးခြင်း အလုပ်က မမှန်ချင်တော့ဘူး တကယ့်ဖရီးစစ်စစ်က စာရေးခြင်းပါ စာရေးတာက ဖြေးဖြေးမှန်မှန် လုပ်သွားဖို့လည်း လိုအပ်တယ် ဒါမှ စတီးမစ်က ကိုယ့်ကို အချိန်နဲ့ တပြေးညီ သိမြင်နေသလိုရှိမယ်ထင်ပါတယ် ဂိမ်းကစားနေတော့ ဂိမ်း အုပ်စု ရပ်ဝန်းလောက်ကဘဲ ကိုယ့်ကို သတိထားမိတက်တယ်လေ
နောင်များမကြာခင်မှာ စတီးမစ် ဆယ်လီ တွေကို မြင်တွေ့ရဖွယ်ရှိပါတယ် ရှိပြီးသားဆယ်လီတော့ မဟုတ်ပါဘူး ပြောင်းလဲလာတဲ့ အခြေအနေနဲ့ ကိုက်ညီအောင် လှုပ်ရှားရင်း နာမည်ကြီးလာတဲ့ လူချမ်းသာ အတန်းအစားတစ်ရပ် ထွက်ပေါ်လာဖွယ်ရှိတယ်
အဲ့သလိုဖြစ်အောင်ဆိုရင်တော့ တစ်ခုခုကို ထိထိမိမိ အခုတည်းက စလုပ်ဖို့ လိုတယ် ဖေ့ဘုတ်မှာ ဆယ်လီဖြစ်ရင်တော့ ဘာဖြစ်နိုင်တယ် သေချာမသိဘူး စတီးမစ်မှာ ဆယ်လီဖြစ်လာရင်တော့ အချိန်တွေကငွေပါ လှုပ်ရှားမှုတိုင်းက ငွေပါ ကြိုးစားကြည့်မယ်မဟုတ်လား .................
@bobokyaw

H2
H3
H4
3 columns
2 columns
1 column
1 Comment
Ecency