သားဦးစနေ နှင့် စနေသားနှောင်း

သားဦးစနေ မီးလိုမွှေ

စနေသားနှောင်း မိဘကောင်း။ တဲ့

ဒီဆိုရိုးစကားတွေကို ကြားဖူးတာ ကြာပါပြီ။
ရိုးရာ ယုံကြည်မှု စကား အဖြစ်ပဲ လက်ခံထားတာပါ။
စကားနောက် တရားပါ ယုံကြည်ရာ ပြောကြရင်း
တကယ်လည်း ဖြစ်တတ်ပါတယ်။

ခုလည်း ထိုဆိုရိုးစကားစု နှစ်ခုနှင့် ပတ်သက်ပြီး
အတွေ့အကြုံလေး ပြန်ရေးပြမလို့ပါ။

ကျွန်တော် နေထိုင်ရာ ပတ်ဝန်းကျင်မှာ ရှိတဲ့ မိသားစု
နှစ်စု အကြောင်းပေါ့။
မိသားတစ်စုက သားဦးမွေးဖွားရာ စနေသား ဖြစ်
ပါတယ်။ ထိုကလေး မွေးပြီးနောက် စီးပွားရေးလည်း
ဟုတ်တိပတ်တိ မဖြစ်သလို ဖအေ လည်း ဆိုင်ကယ်
မှောက် ခြေထောက် ကျိုး စတီးရိုးဖြင့် နေရပါတယ်။
ကလေးက ခု နှစ်နှစ်ခွဲလောက် ရှိပါပြီ။ ခဏတိုင်း
ဂျီကျလို့ ငိုနေတတ်ပါတယ်။ ယောက္ခမနှင့်ချွေးမ လည်း
မတည့်ကြတော့ တကျက်ကျက်ပေါ့။
ကြားရမြင်ရသူ ဘေးလူတောင် မသာယာပါဘူး။
ဒါ သားဦးစနေ မို့ မီးလို မွှေတာ လား။

img_0.03692325309680705.jpg
(သားဦးစနေကလေး)

နောက် မိသားတစ်စုကလည်း စနေသား ပဲ မွေးပါတယ်။
ထိုစနေသား ကလေး ကတော့ သားနှောင်း ပါ။
ထိုကလေး မွေးပြီး RC တိုက် ဆောက်ရလို့ ဆိုပြီး
မိဘတွေက ချစ်ကြပါတယ်။ ကလေး ကလည်း ငိုယို
ဂျီကျတာ ရှားပါတယ်။
ဒါကတော့ စနေသားနှောင်း မို့ မိဘကောင်း ကောင်း
နေရတာလား။

img_0.12321145436077957.jpg

(စနေသားနှောင်းကလေး)

ဆိုရေး ရှိက ဆိုတတ်လှ မို့ စကားနောက် တရားပါပြီး
အမှန် ဖြစ်တာလား။ ဆိုစကား ဗေဒ က မှန်ကန်လို့လား။
မကွဲပြားပေမယ့် ကြားသိ မြင်မိတာလေး မျှဝေပေး
လိုက်ရတာပါ။

@walarhein

H2
H3
H4
3 columns
2 columns
1 column
10 Comments
Ecency