တောပန်းနီနီလေးတွေ

မင်္ဂလာနံနက်ခင်း‌ပါ

နေ့သစ် တစ်နေ့ သို့ ရောက်ရှိလာပြန်ပြီ ဆိုတော့ကာ
ပို့စ်သစ် တစ်ခု ရေးတင်ဖို့ စိုင်းပြင်းရ ပြန်ပါတယ်။
မနေ့က ကိုဟင် ပြောသလိုသာပါ့၊ ကိုယ်တွေမှာ
HP သိန်းချီ မရှိသေးလေတော့ ပို့စ် ကိုသာ ကြိုးစား
တင်နေရပါတယ်။

မနေ့က နေ့လည်မှာ ရွာတစ်ရွာ သို့ အသွား လမ်းဘေးမှာ
တောပန်းနီနီ လေးတွေ တအုံတမကြီး မြိုင်မြိုင်ဆိုင်ဆိုင်
ပွင့်ဝေနေကြတာ မြင်ရတော့ ဆိုင်ကယ် ခဏ ရပ်နားကာ
ဖုန်းလေး ထုတ်ပြီး ပုံရိုက်ယူခဲ့ပါတယ်။

img_0.44553576186011035.jpg

တောပန်းနီနီ လေးတွေက အပွင့်သေးကြပေမယ့်
အစုလိုက် အဆုပ်လိုက် တပြိုင်တည်း ပွင့်ဝေဆာ
နေကြတာ ဆိုတော့ အမြင် အတော်လှကြပါတယ်။

တောပန်းလေးတွေ ဆိုတော့ ဘယ်လူသူတွေကမှ
မခူးဆွတ်ကြလေတော့ အပင်မှာပဲ ကြာကြာ ပွင့်လန်း
နေနိုင်ကြပါတယ်။ ဒီတော့လည်း လမ်းသွားလမ်းလာ
လူများ အဖို့ ကြာကြာ အလှကြည့်နိုင်တာပေါ့ဗျာ။

မိတ်ဆွေတို့လည်း ကျန်းမာ လှပ သာယာ နိုင်ကြပါစေ။

@golden.future

H2
H3
H4
3 columns
2 columns
1 column
6 Comments
Ecency