စိတ် နှင့် စပယ် အသွယ်သွယ်

မင်္ဂလာရှိကြပါစေ

ဒီရက်ပိုင်း ဖုန်းပွတ်တာ များပြီး မျက်စိနာ လက်ညောင်း
အိပ်ရေးပျက်ပါပဲ။
Free လိုင်းတွေမှာ ဟိုဟာ ရနိုး ဒီဟာ ရနိုး နဲ့
အရှုတ်တွေ လုပ်မိနေတာပါပဲ။
တစ်ကယ်က ပုံမှန် အမှန်အကန် အသေအချာ ရနေတဲ့
ဟိုက် မှာ ပို့စ်တင်တဲ့ အလုပ်နှင့် အချိန် Community
တွေမှာ ဝင်ဆန့်အောင် ကြိုးစားသင့်တာပါ။
ဟိုက်မှာ မိတ်ဆွေသစ်တွေ ရအောင် communication
ကောင်းအောင် ဆောင်ရွက်သင့်တာပါပဲ။

ဒါကို သိရက်နဲ့ ဟိုဟိုဒီဒီ လျှောက်ကလိ နေမိတာ
လောဘစိတ် ကြောင့်လား၊ စူးစမ်းရှာဖွေလိုစိတ် ကြောင့်လား
နှစ်ခုစလုံးကြောင့် ဖြစ်နိုင်ပါတယ်။

ကဲ ထားပါတော့လေ။
ခု စိတ်ပြေအေးချမ်း ဘဝင် ငြိမ်းအေး သာယာ ရလေအောင်
အလှပုံ စပယ်ပန်း လေးတွေ တင်လိုက်ပါဦးမယ်။
23aupq.jpg
ဒီစပယ်ပန်းကုံး လေးကို ကျွန်တော့် မိန်းမ က ခူးဆွတ်ပြီး
ကြိုးဖြင့် သီထားတာပါ။ ဒါကို ကျွန်တော်က လက်ဖြင့်
ယူကိုင်ပြီး ဓာတ်ပုံ ရိုက်ယူထားခဲ့လို့ ခုလို ပြန်ကြည့်နိုင်
ရတာပေါ့ဗျာ။

စပယ်ပန်းလေးတွေက ဖြူစင်မွှေးမြတော့ မြင်သူငေးရ
တာပေါ့ဗျာ။

@golden.future

H2
H3
H4
3 columns
2 columns
1 column
7 Comments
Ecency