ဖြူဖြူဖွေးဖွေး ပန်းလေးများ

🎶ရှင်မွေးလွန်းနဲ့ မင်နန္ဒာတို့ 🎵အဖြစ်မျိုး ပမာနှိုင်းကာ🎵
🎶သူကဆိုတယ် 🎵သူ့အချစ်က ရှင်မွေးလွန်း 🎵ကျွန်တော့်အချစ်က မင်းနန္ဒာ 🎶ပမာပမာဆောင်ကာ🎵

ဟိုတစ်နေ့က တံတားဦး မြို့အထွက် အဝိုင်းကနေ
ပြန်လာတော့ ရေအိုင်စပ်နားမှာ အပင်တွေ ဖွေးဖွေးထောင်
ပွင့်နေတာ မြင်ရတော့ ရှင်မွေးလွန်းပင်တွေ ပွင့်နေတာပဲ
ဟု ထင်မြင်ကာ အထက်ပါ သီချင်းလေး ရေရွတ်ခဲ့မိပါတယ်။

img_0.8414511129839992.jpg

ဒါနဲ့ ဓာတ်ပုံ ရိုက်ယူပြီး သေချာ ကြည့်လိုက်တော့မှ
ရှင်မွေးလွန်းပင်တွေ မဟုတ်ဘဲ ကိုင်းပင်တွေ ဖြစ်နေတာ
သိလိုက်ရပါတယ်။
ကျွန်း ကိုင်းမှီ၊ ကိုင်း ကျွန်းမှီ ဆိုတဲ့ စကားပုံထဲက
ကိုင်းပင်တွေ ပေါ့ဗျာ။ ကိုင်းပင် အပွင့်ဖွေးဖွေးတွေ
ခါချပြီး ရိုးတံလေးတွေကို တံမျက်စည်း လုပ် သုံးရင်
အသုံး‌ဝင်သေးဗျ။

ကိုင်းပင်တွေ ခြေရင်းဘေးမှာ မြင်ရတဲ့ ဖြူဖြူလေးတွေ
ကို ဘာကောင်လေးတွေ လို့ ထင်လဲဗျ။ ဗျိုင်း လေးတွေ
အစာရှာနေတာ ထင်မြင်မိလား။
ဒါလည်း မဟုတ်ပါဘူး။ ပလပ်စတစ် စည်းထားတဲ့
ငုတ်တိုင်လေးတွေ ရိုက် စိုက်ထားတာပါ။ ဘာအတွက်
လဲတော့ မသိပါဘူး။

ကဲ Hive မှာ Post တစ်ခု ရဖို့ အတွက် ဘုမသိ
ဘမသိ ဆိုသလို ပုံရိုက် တင်လိုက်တယ်ဗျာ။

မိတ်ဆွေအားလုံး ပြုံးပျော်နိုင်က့ပါစေ။

@golden.future

H2
H3
H4
3 columns
2 columns
1 column
8 Comments
Ecency