ရွာဦးကျောင်းစေတီ

မင်္ဂလာအပေါင်းနှင့် ခညောင်းကြပါစေ

ကျွန်တော့်တို့ရွာ အလည် ပြန်ရောက်ခဲ့စဉ်က သွားရောက်
ဖူးမြော်ခဲ့တဲ့ ရွာဦးကျောင်းစေတီ ပုံလေး တင်လိုက်ပါတယ်။
7ijg39.jpg
ကျွန်တော်တို့ရွာမှာ ယခင်က နှစ်ရွာတစ်ကျောင်း အဖြစ်
အောင်သာ အင်းပေါက် နှစ်ရွာကြားမှာ ဘုန်းကြီးကျောင်း
တစ်ကျောင်းသာ ရှိခဲ့ပါတယ်။
စာသင်ကျောင်းသည်လည်း နှစ်ရွာတစ်ကျောင်းတည်းပါ။
၎င်းစာသင်ကျောင်းသည် အင်းပေါက်ရွာဝင်၌ တည်ရှိပါသည်။

နှစ်ရွာတစ်ကျောင်းတွေ ဖြစ်ရှိနေပေမယ့် နှစ်ရွာမှ ရွာသူရွာသား
တွေမှာ သိပ်မတည့်ကြပါ။
သို့ဖြစ်၍ လွန်ခဲ့သော ၅ နှစ်လောက်မှ စ၍ အောင်သာရွာ
သည် ဘုန်းကြီးကျောင်း နှင့် စာသင်ကျောင်းကို ခွဲထွက်
တည်ဆောက်ကြပါတော့သည်။

ယခုအခါ ကိုယ့်အားကိုယ်ကိုး စာသင်ကျောင်းသည်လည်း
အစိုးရမှ ကျောင်းဆရာများ ခန့်အပ်ပေးကာ မူလတန်းကျောင်းလေး
ဖြစ်နေပါပြီ။
ထို့အတူ ဘုန်းကြီးကျောင်းသည်လည်း ဘုရားစေတီ ဓမ္မာရုံ နှင့်တကွ
ပြည့်စုံနေပါပြီ။

အထက်ပါပုံမှာ ရွာပြန်ရောက်စဉ် အလှူဒါနလေး ပြုလုပ်ခဲ့ရာမှ
အမှတ်တရ ရိုက်ယူခဲ့သော စေတီ ပုံ ဖြစ်ပါသည်။

မိတ်ဆွေများ ကုသိုလ်တိုးပွား အကျိုးများနိုင်ကြပါစေ။

@walarhein

H2
H3
H4
3 columns
2 columns
1 column
3 Comments
Ecency