အောင်စေ ပိုင်စေ ဘုရားဖူးမယ်လေ

မင်္ဂလာပါ မိတ်ဆွေတို့ရေ

အသွားအလာ နည်းပါးလာမှုကြောင့် အသစ်အဆန်းတွေလည်း မတွေ့ မမြင်ရပါဘူး။
Hive မှာ ပုံလေးတွေနှင့် စာအနည်းငယ် ရေးတင်နေရတာလည်း ရပ်ရတော့မလိုပါပဲ။

ကဲ ဒီနေ့တော့ ရိုက်ယူထားပြီး မတင်ရသေးတဲ့ ပုံဟောင်းလေး တစ်ပုံ gallery ထဲက ရှင်းလိုက်ပါဦးမယ်။

ပုံစံတူ ဘုရားစေတီပုံတော့ မြင်ဖူးကြမှာပါ။
ဘုရားမှာ ကပ်လှူထားတဲ့ ပန်းတွေကတော့ မတူပါဘူး။

အဲ မိတ်ဆွေတို့လည်း ဘုရားဖူးရင်း အကျိုးအမြတ် ရပါစေတော့ပေါ့။

မိတ်ဆွေ အားလုံး ပြုံးပျော်နိုင်ကြပါစေ။

@golden.future