အီလက်ထရောနစ် နည်းပညာ
 Variable Resister အ​ကြောင်း
**********************
resistance တန်​ဖိုးကိုအမျိုးမျိုး​ပြောင်းလဲ​ပေးနိုင်​​သောထူခြားမှုရှိသည့်​ resistor အမျိုးအစားဖြစ်​ပါတယ်​။  ထိုသို့တန်​ဖိုးအမျိုးအမျိုး​ပြောင်းလဲနိုင်​ရန်​ပြုလုပ်​​ပေး​သောပစ္စည်းကို wiper ဟု​ခေါ်တယ်​။   အဆိုပါ wiper ဖြင့်​ပါဝင်​သည့်​ ohm တန်​ဖိုးကိုအနိမ့်ဆုံး Zero ohm  မှအမြင့်​ဆုံးတန်​ဖိုးအထိခုခံမှုတန်​ဖိုးကိုအမျိုးမျိုး​ပြောင်းလဲ​ပေးနိုင်​ပါတယ်​။  ဥပမာ-
 10k variable resistor သို့မဟုတ်​ 10000 ohm ဆိုပါက၄င်း wiper ဖြင့်​ 0  ohm မှ 10000 ohm အထိလိုအပ်​သည့်​ ohm  တန်​ဖိုးကို​ရွှေ့​ပြောင်းချိန်​ညှိနိုင်​ပါသည်​။  Variable resistor သုံးမျိုးရှိပါတယ်​ 1. Potentiometer သို့မဟုတ်​ Pots
2. Trimmers or Presets
3. Rheostats တိုဖြစ်​ပါတယ်​။  1. Potentiometer or Pots  ၄င်းကို electronic circuit များတွင်​အ​တွေ့ရအများဆုံးနှင့်​အသုံးအများဆုံးဖြစ်​သည်​  Potentiometer ကိုအတို​ကောက်​အားဖြင့်
Pot ဟု​ခေါ်ပါတယ်​   Carbon composition material သို့မဟုတ်​ resistive wire  ဖြင့်​ပြုလုပ်​ပြီးခုခံမှု့တန်​ဖိုးကိုအစမှအဆုံး​ပြောင်းလဲနိုင်​ရန်​ချိန်​ကိုက်​​ပြောင်းလဲနိုင်​ရန်​စဉ်​ဆက်​မပြတ်​​ပြောင်းလဲနိုင်​ရန်​အထူး  design ပြုလုပ်​ထားပါတယ်​  wiper ကို Clockwise သို့မဟုတ်​ counterclockwise ပုံစံ metal shast ဖြင့်​​လှည့်​ပြီးအသုံးပြုနိုင်​ပါတယ်​။  2. Trimmers or presets  ၄င်းကိုပုံ​သေစ​ကေးကိုက်​ချိန်​ညှိရန်​ (သို့မဟုတ်​)မကြာခဏချိန်​ညှိရန်​မလိုသည့်​ Electronic circuit များတွင်​အသုံးများပါသည်​။  ၄င်း preset  အ​ပေါ်တွင်​ချိန်​ညှိမှု့ကိုစက်​ရဲ့တုန်​ခါမှု​ကြောင့်​တန်​ဖိုး​ပြောင်းမသွား​စေရန်​​ကော်​တမျိုးမျိုးဖြင့်​ကပ်​ထားတက်​ပါတယ်​။    မလိုအပ်​ဘဲသို့မဟုတ်​အလုပ်​လုပ်​မှုကို​သေချာမသိဘဲအ​ကြောင်းမဲ့မချိန်​ညှိရပါတခါတရံထိုသို့လှည့်မိပါကမလိုလားအပ်​သည့်​ဆိုးကျိုးများကိုကြုံ​တွေ့နိုင်​ပါသည်​။ ၄င်းမ​ကောင်း​တော့၍အသစ်​အစားထိုးလဲလှယ်​သည့်​အခါတွင်​လဲအ​ပေါ်မှ​ကော်​ပြန်​ကပ်​​ပေးရန်​လိုအပ်​ပါသည်​။ 3. Rheostats   ၄င်း Rheostats ကို High watt နှင့်​ Ac power Applications များအတွက်​  current နှင့် Volt​လျှော့ချသည့်​ ​ Circuit မျာတွင်​ Variable  ပြုလုပ်​နိုင်​ရန်​အသုံးပြုသည်​။  ၄င်းသည်​ load  နှင့်​ချိတ်​ဆက်​ရန်​ series လုပ်​ထားသည်​ terminals နှစ်​ခုပါရှိ့ပါသည်​  Rheostats များကို wire wound သို့မဟုတ်​ carbon  တခုခုဖြင့်​ပြုလုပ်​ထားပါတယ်​။
H2
H3
H4
3 columns
2 columns
1 column
Join the conversation now