Experience Opnion and natural beauty

Across The Ayawaddy (or) ကျနုပ် ၏အတွေ့အကြုံနှင့် သဘာဝအလှ

image
ပါးစပ်ရာဇဝင်လေးတစ်ခုပေါ့ဗျာ ဟိုတုန်းက သမိုင်းမှာ ဧရာဝတီမြစ်ရဲ့ ဟိုဘက်ကမ်းဒီဖက်ကမ်း က ထီးချိုင့်မြို့ နဲ့ မြတောင်ရွာဆိုတာ ဘီလူးတွေ နဲ့ လူသားတွေ အားပြိုင်ခဲ့တဲ့ မြို့ နှစ်မြို့လို့ဆိုကြတယ်။ထီးချိုင့် မှာ လူသား ရှင်ဘုရင်တွေ နေပီး မြတောင် ဖက်မှာ ဘီလူးတွေနေကာ စေတီပုထိုးတွေတောင်တည်ထားခဲ့တယ်လို့ ပြောကြပါတယ် ။
image
image
လမ်းပမ်းဆက်သွယ်ရေးဆို စက်လှေ သဗ္ဗာန် တွေသာ ရှိတာမို့ တစ်ဖက်နဲ့တစ်ဖက် မြင်သာမြင် မကျင်ရတဲ့ အနေအထားပါ ။ ကျွန်တော် ပထမဦးဆုံး ရောက်ဖူးတုန်းက ထီးချိုင့် ကနေ မြတောင် ကို အပျော်သွားချင်လို့ စက်လှေစီးပီး သွားလည် ခဲ့ပါတယ်။
စက်လှေက ထီးချိုင့် ကနေ မြတောင် ကို တစ်နာရီ ကို တစ်ခါ ထွက်ပါတယ်။
လူတစ်ယောက်ကို ၅၀၀ ကျပ် / ဆိုင်ကယ် တစ်စီး ကို ၅၀၀ ကျပ်နဲ့ သွားနေကြတဲ့ သူတွေဟာ စက်လှေ အပြည့်ပဲဗျာ ။ ပထမဆုံး ဧရာဝတီမြစ် ထဲ စက်လှေ စီးဖူးတာဆိုတော့ ရင်တွေ အရမ်းခုန် ရပါတယ်။ ကိုယ်စီးနေတုန်း ဒီလိုရေစီး သန်တဲ့ မြစ်ထဲမှာ လှေများ မှောက်သွားခဲ့သည် ရှိသော် ဆိုပီး ...
စက်သံ လူသံတွေနဲ့ လှေပေါ်မှာဆူညံနေကြပေမယ့် ကျွန်တော် ကတော့ ကိုယ့်ရင်ခုန်သံ ကို ကိုယ်ပြန်ကြားနေမိတယ် တကယ်ပါဗျာ...။ ရေလယ် ကနေမြင်ရတဲ့ ရှု့ခင်းတွေ ကတော့ တစ်သက်မှာ တစ်ခါ မေ့နိုင်တော့မယ် မထင်တော့ပါဘူးဗျာ ..။
image
ဒီလိုနဲ့ မြစ်လယ် ရောက်တော့ ဟိုဖက်ကမ်းက ထွက်ခဲ့တဲ့ စက်လှေ နဲ့ ကျွန်တော် တို့စက်လှေနဲ့ ဆုံတဲ့ အခါမှာ လာရိုက်တဲ့ လှိုင်းတွေရဲ့ အရှိန်ကြောင့် လူးသွားတဲ့လှေ ကလေးဟာ မှောက်တော့ မတတ်ပဲ ဗျာ သူတို့ ကတော့ လှေတစ်စီးနဲ့ တစ်စီး လှမ်းပီးတော့ နှုတ်ဆက်လိုနှုတ်ဆက်နဲ့ ကိုယ့်မှာတော့ ရသမျှ ဘုရား စာမှန် သမျှ အကုန် ရွတ်နေရတယ် တကယ် တစ်ကယ် မခံစားဖူးသေးရင် ခံစားဖူးစေချင်သေးပါတယ် ...။
မြတောင်ဖက်ခြမ်းရောက်တော့ ရှောက်လည် ဘုရားတွေဖူး ပျော်ဖို့ ကောင်းခဲ့တဲ့ တစ်ကယ့် အချိန်လေးတွေ.... ခုချိန် မှာ ဒီဖီလင်တွေ မရတော့နိုင်တော့ပါဘူး လွမ်းမိတယ် ဧရာဝတီရေ...။
image

ခုချိန်မှာတော့ဖြင့် မြစ်တစ်ဖက်ကမ်းကို လွယ်ကူစွာနဲ့ သွားလာနိုင်ဖို့ နိုင်ငံတော် အစိုးရက မြစ်ကိုဖြတ်လို့ တံတားတွေ ဆောက်နိုင်ခဲ့ပါပီ။
၂၀၁၅ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့မှာတော့ ဦးသိန်းစိန် ကိုယ်တိုင် လာရောက်ပီး ဖွင့်လှစ်ပေးသွား ခဲ့တဲ့ တံတားကတော့ ဧရာဝတီ တံတား ရယ်လို့ သတ်မှတ်ခဲ့ ပါတယ်။
image
image image
image
image

တကယ်လှတဲ့ ရှုခင်း တွေ ရင်သပ်ဖွယ် ကောင်းတဲ့မြင်ကွင်းတွေ ကို ကိုယ်တိုင်မြင်တွေ့ ခံစားဖူးချင်တယ်ဆို ထီးချိုင့်မြို့ကို တစ်ခါ တစ်ခေါက်တော့ လာရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
Steemit အဖွဲ့သားအားလုံး မင်္ဂလာပါ။

Photo- FB Photo
@LWANWAI

H2
H3
H4
3 columns
2 columns
1 column
9 Comments
Ecency