တတ်သစ်စ လူငယ်

image

ခေတ်တွေပြောင်းလဲလာပြီး နောက် တချို့လူတွေလဲ ခေတ်အပေါ်လိုက်၍

စီးမျောလိုက်ပါနေလေကြသည် ထို့အထဲတွင်

ကျနော် တစ်ယောက်အပါဝင်ပင်

ခေတ်ပေါ် စီးမျောလိုက်ပါခြင်းမှာ ကျနော်အဖို့တော့ အင်မတန် အတွေ့ကြုံနှင့် ဗဟုသုတများ ရလာပါသည်

လူအထွေထွေစိတ်အဖုံးဖုံး များအား၎င်း နည်းပညာတချို့ သိရှိရခြင်းအား၎င်း စာအုပ်စာပေ လူမိတ်ဆွေ ဆိုသည်စကားပုံအား တွေ့ခွင့်ရသည်အား၎င်း အစအစ ရှိသော ဗဟုသုတများ အနည်းငယ် ရရှိခဲ့ပြီး ဖြစ်သည် ပထမ ဦးစွာ ကျနော် နှင့် steemit အကြောင်းလေး ပြောခြင်းပါသည် steemit ကို စတင်သိရှိခဲ့တာ ဘယ်သူပြောလို့လဲ ဟု မေးလျှင် ကျနော်ပြောပြသည်မှာကတော့
steemit ကို စတင်သိရှိခဲ့တာဟာ ဟိုးလွန်ခဲ့တဲ့ 2နှစ်ဝန်းကျင်လောက်က ကျနော်ဟာ online ငွေရှာနည်းတွေအား စိတ်ဝင်းတစားနဲ့လေ့လာခဲ့ဘူးပါတယ်
ဒါပေမယ့် နားမလည်ခဲ့ပါဘူး နားမလည်ခဲ့တာလဲ အကြောင်းအမျိုးမျိုးကြောင့်လဲ ပါတာပေါ့

2018ပိုင်း အဝင်မှာတော့ ကျနော်ဟာ ထုံးဆန်းအတိုင်း onlineငွေရှာနည်းကို ထပ်မံကလိခဲ့ပြန်ပါတယ် အဲ့ဒီမှာမှ steemit ဆိုတာကြီးကို အတော်များများက မိတ်ဆက်ပေးနေကြတာကို တွေ့ခဲ့ရပါတယ် ကျနော်လဲ စိတ်ဝင်းတစားနဲ့ ဝင်ရောက်လေ့လာခဲ့တဲ့ အချိန်မှာတော့ steemit ဟာ အရမ်းကို မိုက်တဲ့ web blog တစ်ခုဆိုတာ သိခဲ့ရတယ် ဘာကြောင့်ဆိုသော တချို့ blog အတော်များများက ကိုယ်နည်းပညာတွေတင် စာပေတွေတင်ပြီးသွားတဲ့အခါ ကြေငြာ site တွေ ထည့်ရပါတယ်

ကြေငြာထည့်တိုင်းလဲ မရပါဘူး ကိုယ် blogကို ဝင်ရောင်ကြည့်ရှုမှသာ
ကိုယ်မှာ ဝင်ငွေရပါတယ် ဒါကြောင့် လူအများဝင်ကြည့်ရအောင် စိတ်ဝင်စားမူရှိတဲ့စာများ ပုံများနဲ့ အမြဲဖိတ်ခေါ်ရပါတယ်

အဲ့ steemitကတော့ အဲလို့မဟုတ်ဘူးဆိုတာ သိခဲ့ရတော့ စိတ်အရမ်းဝင်းစားသွားတော့ပဲ သူနဲ့ပတ်သတ်တဲ့ အကြောင်းရာတွေကို ရှာပြီး ဖတ်ခဲ့တယ်
ကျနော်ဝင်ခဲ့တာဟာ အရမ်းကို နောက်ကျနေပါပြီး ကျနော်ထက် အရင်

steemit မှာ မြန်မာတွေ အတော်များများလဲ

ရောက်ရှိနေကြသည်ကို ပျော်ရွင်ဖွယ့်ရာ တွေ့ရပါတယ်

ကျနော်သာ လွန်ခဲ့တဲ့ 2017တုန်းကသာ steemit ကို စတင်သိရှိခဲ့လျှင် ကျနော်သည် ဆရာ အတော်များများရဲ့ ပညာတွေကို လေ့လာ သင်ယူခွင့် အခွင်ရေးတွေ ရရှိခဲ့မှာပါပဲ

အဘယ်ကြောင့်ဆို မြန်မာတွေ အတော်များများ steemit ကို

စတင်သိရှိကြသည်မှာ

2017 ပိုင်းထဲကသာ ဖြစ်မည်ဟု ကျနော် တွေးမိ၍ ဖြစ်သည်

steemit နဲ့ ပတ်သတ်လို့ ဆရာတစ်ယောက်နှင့်အပြင်မှာ တွေ့ပြီး ကျနော်

လေ့လာခဲ့ဘူးပါတယ် သို့ပေမယ့် အရာ မထင်ခဲ့ပါဘူး

သူပြောပြခဲ့သမျှခဲ့တာတွေ ကျနော်သိတာထက်ကို ပို၍ လိုနေခဲ့ပါတယ်

ကျနော်လိုချင်ခဲ့တာဟာ စည်းလုံးတဲ့ အဖွဲ့လေး တစ်ခုကို ဝင်ရောက်ခဲ့ချင်တာပါ

ဒါမှသာလျှင် စည်းကမ်းတကျနဲ့ အောင်မြင်ဖို့ လမ်းစ အခွင်လမ်းများ ရရှိရလိမ့်ဟု
ကျနော်တွေးခဲ့ဖူးပါတယ်

ကျနော်ဟာ ငယ်ငယ်လေးကတည်းက စာအုပ်ဖတ်ခြင်းကို

နှစ်သက်သူတစ်ယောက် ဖြစ်ပေမယ့် တကယ့် အနစ်ရှိတဲ့ စာအုပ်များကိုတော့

စိတ်ဝင်တစားနဲ့ သိပ်မဖတ်ခဲ့ပါဘူး

ငယ်ငယ်ကဆိုတော့ အနစ်ရှိတဲ့ စာပေများလဲ ဦးနှောက်က လိုက်မမှီခဲ့တာလဲ

ပါခဲ့တာပါ

ယခုဆိုလျှင် ကျနော် သိသင့်သလောက်များ သိရှိခဲ့ရ၍ steemit မှာ

ဆရာများ အား ကျေးဇူး အထူးတင်မိပါသည်

နောက်တစ်ခု ကျနော်ပြောခြင်းတာကတော့ ကျနော်ဟာ ဗလာစာအုပ်များနဲ့

စာရေးခြင်း ကဗျာရေးခြင်းများကို ရေးတတ်တဲ့

အကျင့် ဟိုးယခင်ကတည်းက ရှိပါတယ်

ဒါပေမယ့် ဒီ steemit သို့ ရောက်ရှိလာချိန်မှာ ကျနော်ရေးရမှာ

စိတ်ခုနေမိတာကတော့ အမှန်ပါ ကျနော်ရေးခဲ့ဖူးသော စာများမှာ

ခေတ်အလိုက် ဖွဲ့ထားခဲ့ ရေးထားခဲ့သော စာများဖြစ်၍

steemit ပေါ်တွင်တော့ ပြန်လည်းပြီး လေ့ကျင့် ရေးသားပါဦးမည်

အချိန်တွေကိုအကျိုးရှိရှိနဲ့ အသုံးချကြရင်း မြန်မာတွေ steemit မှာ

အောင်မြင်ပါစေဆုတောင်းပေးပါတယ်

အားလုံးကို ကျေးဇူးတင်ပါတယ်

@zinmyothu

H2
H3
H4
3 columns
2 columns
1 column
6 Comments
Ecency