ဘဝထဲက ဟာသနှင့် ဗဟုသုတ

1212015065132.gif            ဒီနေ့ တော့ ကြုံခဲ့ရတဲ့ အကြောင်းတွေထဲကမှ တစ်ချို့ သော အကြောင်းလေးတွေ share မယ်ဗျာ။ သိတဲ့အတိုင်းကျွန်တော်က ဓာတ်အားခွဲရုံမှာ လုပ်ဖူးတယ်လေ။ဓာတ်အားခွဲရုံ ဆိုတာက 24 hour မပြတ် စောင့်ကြည့်ရတဲ့  အလုပ်မျိုးဗျ။ အမြဲစောင့်ကြည့်နေရတာ။ တစ်ခုခု ဖြစ်လို့  စောင့်ကြည့်တဲ့သူ မရှိတာနဲ့  ဆုံးရှုံးမှု များသွားနိုင်တယ်လေ။ တစ်ခါတစ်လေ စောင့်ကြည့်နေရင်းက မထင်မှတ်ပဲဖြစ်သွားတာမျိုးလေးတွေလည်း ရှိတတ်ပါတယ်။ တစ်ခေါက်က ကြုံခဲ့ ဖူးတဲ့ အကြောင်းလေးပြောပြချင်တယ်

             ဒီလိုဗျ။ အချိန်က ညတော်တော်မှောင်နေပြီ။ လကွယ်ည ဆိုတော့ မှောင်တာပေါ့။ ကျွန်တော်ကတော့ အိမ်မှာ အေးအေးဆေးဆေး နှပ်နေတာပေါ့။ ရုတ်တရက် မီးပျက်သွားတယ်။ သြော် ပုံမှန်ပါပဲလေ ပြန်လာမှာပေါ့ ဆိုတဲ့ အတွေးနဲ့ အိပ်ယာက မထဘူးပေါ့ဗျာ။ phone ring သံမြည်လာတော့ ဘာလဲဟ ဘာဖြစ်လို့ များလဲပေါ့။ ခွဲရုံ GCB ကအသံအကျယ်ကြီး မြည်ပြီး မီးကျသွားတယ် ဆိုတာနဲ့ မနေနိုင်တော့ဘူး။ ထပြီးသွားရပြီပေါ့။ ခွဲရုံရောက်တော့ ဘာဖြစ်တာလဲဆိုပြီး GCB ကို စစ်ရပြီပေါ့ဗျာ။ ရုတ်တရက် လန့်သွားတာ GCB ထဲ ဝင်နေတဲ့ အကောင် တစ်ကောင်ကြောင့်ပေါ့ဗျာ။ ကြံကြံ ဖန်ဖန် GCB ထဲကို ကြောင် တစ်ကောင်ရောက်နေရတယ်လို့ ဗျာ။ အဲ့ ဒီ့ ကြောင်လည်း တော်တော် လန့် နေရှာတယ် ထင်ပါရဲ့ဗျာ။ အေးပေါ့ မလန့်ပဲ နေမလား။ လျှပ်စစ် ခွဲရုံမှာ လုပ်ဖူးတဲ့သူတွေသိပါလိမ့်မယ်။ GCB ကျရင် အသံဘယ်လောက် ကျယ်တယ်ဆိုတာ။ ကံကောင်းတာက ကြောင်က မသေဘူး။ protection system တွေ တော်တော်ကောင်းလို့ ပေါ့။ GCB သာ မပြုတ်ရင်တော့ ကြောင်ကင်ဖြစ်ပြီ။ အဲ့တာနဲ့  ကြောင်ကို မောင်းထုတ် သန့် ရှင်းရေးပြန်လုပ်ပြီး မီးပြန်တင်ရတယ်ဗျာ။

             sinlge-bus-bar-arrangement-compressor.png နောက်တစ်ခါကျတော့ နေ့ ခင်းကြီးဖြစ်တာ။ဖြစ်ပုံမပြောခင် ခွဲရုံရဲ့  တည်ဆောက် ထားပုံလေး ပြောပြချင်တယ်။ ကျွန်တော်တို့ ခွဲရုံက 33kv sub station လေ။အဝင်  33kv အတွက် GCB ကို ခွဲရုံ အဆောက်အဦး အပြင်မှာ ထားပြီး control panel ကို တော့ ခွဲရုံ အတွင်းမှာထားတယ်ပေါ့။ ပြီးတော့မှ အဲ့ဒီ့ outdoor GCB က ထွက်လာတဲ့ 33kv လိုင်းကို  Isolator နဲ့  ချိတ်ပြီး ၂ လိုင်းပြန်ခွဲတယ်။ တစ်လိုင်းချင်းဆီအတွက် GCB တစ်လုံးဆီ သုံးပြီး 33~11kv 5MB X'mer ၂ လုံးနဲ့ ချိတ်ဆက်ထားတာပေါ့။ အဲ့ဒီ့ GCB တွေကတော့ indoor type ပေါ့။ ပြီးတော့မှ 5MB X'mer ၂ လုံးက ထွက်တဲ့ 11kv လိုင်းတွေကို စက်ရုံအသီးသီးဆီ Distribution လုပ်တာပေါ့။ ကျန်တဲ့ control panel တွေအကုန် အဆောက်အဦးအတွင်းမှာရှိပြီး အဝင် 33kv အတွက် GCB ပဲ အပြင်မှာရှိတာပေါ့ဗျာ။ ဒီတစ်ခေါက်ဖြစ်တာက အဲ့ဒီ့ outdoor GCB မှာဖြစ်တာ။ main-qimg-6cb81e8a2b96d9a27f3ce4afbf628a5d.png

                  နေ့ ခင်းကြီး မီးကျတယ်ဆိုတာနဲ့  ထုံးစံအတိုင်း လိုက်စစ်ရတာပေါ့ဗျာ။ အဲ့မှာ အပြင် outdoor GCB က အသံကြားတယ်ဆိုတော့ သွားကြည့်ရတာပေါ့။ GCB ကနေ အထွက် Isolator ကို သွားတဲ့ Cable ထွက်တဲ့ နေရာမှာ မြွေအမြီးတွေ့ပါလေရော။ အဲ့မှာ ဒုက္ခရောက်တော့တာပဲ။ ကိုယ်ကလည်း မြွေဆို ကြောက်။ ကျန်တဲ့ သူတွေကလည်း မကိုင်ရဲ ။ တွေ့ တဲ့ မြွေအမြီး ကလည်း မနည်းမနောကြီး။ ကြောက်ဆို အမြီးက လှုပ်နေတာကိုးဗျ။ ဘာလုပ်လို့ လုပ်ရမှန်းမသိဖြစ်နေတုန်း ဗြုန်းဆို ကျွန်တော့်ဆရာက GCB နောက်ပိတ်အဖုံးကို ဆွဲဖွင့်ချလိုက်ရော။ ပြေးတာပေါ့ဗျာ။ ဒါပေမဲ့မြွေက ထွက်မလာပါဘူး။ အထဲမှာ မီးကျွမ်းနေပြီ။ တော်တော်တော့ကြီးတယ်ဗျ။ သူ့ ကိုယ်ထည်က လက်ကောက်ဝတ်လောက်ကိုကြီးတယ်။ ဒါနဲ့ သေသွားတဲ့မြွေကို အသာထား။ သန့်ရှင်းရေး ထပ်လုပ်တော့မှ အဓိက တရားခံကိုတွေ့ တယ်။ Mr Rat မောင်မောင်ကြွက်ပေါ့ဗျာ။ သူလည်း သေရှာပြီလေ။ မြွေက ကြွက်ကိုတွေ့လို့ လိုက်ရင်းနဲ့  သေနေ့ စေ့သွားတဲ့သဘောပါပဲ။ Snakes_electrical-equipment_upgrades-services.jpg


            အဓိက ပြောချင်တာလေးက တစ်ခုတည်းပါပဲ။ ခွဲရုံမှာ အလုပ်လုပ်တဲ့အခါ သိလာတဲ့ အချက်တစ်ခုပေါ့။ ဒါကတော့ လျှပ်စစ်အလုပ်ကို ခွဲရုံမှာ လုပ်မဲ့သူ ညီ အစ်ကို တွေ အတွက်ပါ။ GCB သို့မဟုတ် VCB ဘာပဲဖြစ်ဖြစ် Circuit Breaker တစ်ခုခုပေါ့။ အဝင်အထွက်နေရာ တွေမှာ လိုင်းဆွဲပြီးတာနဲ့  အကောင်မဝင်နိုင်အောင် ပြုလုပ်ထားရပါလိမ့်မယ်။ အဲ့လိုမှ မဟုတ်ရင်တော့ တဒိန်းဒိန်ူနဲ့ မီးအမြဲလိုလို ကျနေပါလိမ့်မယ်။ အိမ်မှာသုံးတဲ့ breaker သေးသေးလေးတွေကိုတောင် သူ့  housing နဲ့ သူထားပေးသင့်ပါတယ်။ အိမ်မြှောင် ပိုးဟပ် ကပ်တာနဲ့  မီးပျက်တာမျိုး မဖြစ်ရအောင်ပေါ့။

             နောက်တစ်ခုက မီးအားအတက်အကျ ပြဿနာပါ။ မြန်မာနိုင်ငံရဲ့  မီးအားက 220v အခြေခံ အိမ်သုံးဖြစ်ပြီး frequency ကတော့ 50Hz ဖြစ်ပါတယ်။ 94d669d4b9e7b2b7c6d3e1f811a3ccce.jpgfrequency ဆိုတာက တစ်စက္ကန့် အတွင်းဖြစ်ပေါ်တဲ့ ကြိမ်နှုန်းကိုပြောတာပါ။ တစ်စက္ကန့် အတွင်းမှာ သူ့ ရဲ့  AC wave ဟာ အကြိမ် ၅၀ အတက်အကျရှိတာကိုပြောတာပါ။ ဗဟုသုတ အနေနဲ့ သိထားသင့်ပါတယ်။ မီးအားကျတယ် ဆိုတာကတော့ သုံးစွဲတဲ့  load က ပေးနိုင်တဲ့  power ထက်များနေတဲ့အခါ ဖြစ်ပေါ်လာတဲ့  voltage ကျဆင်းခြင်းကိုပြောတာပါ။ ကျွန်တော်တို့ တွေ မီးပူသုံးလိုက်ရင် မီးချောင်း မှိန်သွားတာကို သိမှာပါ။ အဲ့တာ မီးပူက load အရမ်း သုံးလို့ ဖြစ်ပါတယ်။ ဝန်ထမ်းတွေကို လိုင်းချိတ်ပေးတဲ့အခါ X'mer ရဲ့  ခံနိုင်ဝန်အားနဲ့  load balance ဖြစ်အောင် ချိန်ညှိပြီး လိုင်းချိတ်ပေးရတယ်ဗျ။ ကျွန်တော် စရောက်တုန်းက အဲ့လိုပြောလို့ မေးဖူးတယ်။တစ်အိမ်ချင်းစီရဲ့ အသုံးကို ဘယ်လိုစစ်မလဲလို့ မေးမိတာပေါ့ဗျာ။ ဆရာက ပြုံးပြီးပြောတယ်။ တစ်အိမ်ချင်းဆီ လိုက်စစ်စရာမလိုဘူး ဆိုတဲ့ အကြောင်းနဲ့  ဘယ်လို စစ်ဆေးရင် ရတယ်ဆိုတာကိုပါ ရှင်းပြတယ်။ သူရှင်းပြတော့ လွယ်လွယ်လေးရယ်။ X'mer ရဲ့ အထွက် Breaker မှာ တစ်လိုင်းချင်းဆီကို load အသုံးအများဆုံးအချိန်မှာkyoritsu_2017_clamp_meter.jpgclamp meter နဲ့ ampere တိုင်းပြီး စစ်ဆေးနိုင်ပါတယ် ဆိုတဲ့ အကြောင်းပြောတော့မှ ဒီကောင်လည်းရှက်ရှက်နဲ့ smile-clipart-grin-2.jpgသွားဖြဲဖူးခဲ့တဲ့အကြောင်း တင်ပြရင်း တော်လောက်ပြီ
အားလုံးကို ပျော်စေချင်တဲ့
ကိုဇင်
MSC 237
written by @zinminnaing
Photo credit -google

H2
H3
H4
3 columns
2 columns
1 column
38 Comments
Ecency