Done Night

မနက်ပိုင်းထက် ညဘက်မှာ ပိုလုပ်သင့်တဲ့အရာအချို့
image
မနက်အိပ်ရာနိုးတာနဲ့ ရေချိုးတာလိုမျိုး မနက်ပိုင်းမှာ ပုံမှန်လုပ်ဆောင်နေတဲ့အရာတွေအများကြီးရှိပါတယ်။

ဒါပေမဲ့ သုတေသီတွေရဲ့ လေ့လာမှုတွေအရ အချို့အရာတွေက မနက်ပိုင်းထက် ညပိုင်းမှာပိုလုပ်သင့်တာ လေးတွေလည်းရှိနေပါတယ်။

** လူတော်တော်များများက မနက်ခင်းမှာ လမ်းလျှောက်ကြပါတယ်။ ညပိုင်းလမ်းလျှောက်တာက တစ်နေ့လုံးအတွက် စိုးရိမ်စရာတွေ၊ စိတ်ပူပန်မှုတွေကို လျော့ချပေးနိုင်သလို ကောင်းကောင်းမွန်မွန် အိပ်ပျော်စေနိုင်ပါတယ်။

** နောက်နေ့အတွက် အစီအစဉ်ရေးဆွဲတဲ့အခါမှာဆိုရင်လည်း မနက်မှာရေးတာထက် ညဘက်မှာ သေသေချာချာ စဉ်းစားပြီး အစီအစဉ်ရေးဆွဲတာက ပိုသင့်တော်ပါတယ်။

** အလုပ်၊ကျောင်း ဒါမှမဟုတ်အပြင်ကိစ္စသွားစရာလာစရာရှိတယ်ဆိုရင် ညကတည်းက ဝတ်မယ့်အဝတ်အစား သေချာပြင်ဆင်ထားတာပိုကောင်းတယ်။ မနက်ဆိုရင် အစီအစဉ်အတိုင်း ထလုပ်လိုက်ရုံပါပဲ။

** ယောဂကျင့်တာ၊ စိတ်ငြိမ်သက်အောင် တရားထိုင်တာလည်း ညဘက်မှာပြုလုပ်တာပိုအဆင်ပြေပါတယ်။ ဒါမှသာ အာရုံစူးစိုက်နိုင်ပြီး တည်ငြိမ်အေးချမ်းနိုင်မှာဖြစ်ပါတယ်။

** ရေချိုးရင်လည် ညဘက်မှာရေအေးအေးနဲ့ ရေချိုးနိုင်မှာဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့သကြားဓာတ်ပမာဏကို ညီစေပြီး ၊ အညောင်းအညာပြေစေပါတယ်။

** ဦးနှောက်ရဲ့လုပ်ဆောင်မှုက ညဘက်မှာပိုကောင်းတယ်လို့ဆိုပါတယ်။ ဒါကြောင့်မှတ်မိချင်တဲ့အရာတွေကို ညဘက်မှာ ဖတ်တာ လေ့လာတောင်လုပ်သင့်ပါတယ်။

** အိပ်ရာမဝင်ခင်မှာခေါင်းဖြီးပေးမယ်ဆိုရင် ဆဲလ်အသေတွေနဲ့ဗောက်တွေကို ကင်းစင်စေနိုင်ပါတယ်။ ခေါင်းဘီးနဲ့ ခပ်ဖွဖွလေးနှိပ်နယ်ပေးခြင်းက အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေကိုပို့ပေးသလို ဖြစ်ပါတယ်။

Written..@yehtetaung

H2
H3
H4
3 columns
2 columns
1 column
2 Comments
Ecency