စိတ်ဓါတ် စည်းကမ်း ပညာ...! (အပိုင်း -၂)

အပိုင်း-၁ အားဖတ်ရှုရန်
https://steemit.com/myanmar/@uthantzin/sitdaat-snykm-pnya-apundefinedng-1-3971054329ab4
အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေခင်ဗျာ...
စည်းကမ်းသည်လည်း ကျွန်တော်တို့လူသားအားလုံးအတွက် မရှိမဖြစ် အရေးကြီးသောအရာတစ်ခု ဖြစ်ပါသည်။
image
Crd-org-source
"လူမှာအဝတ် တောင်းမှာအကွပ်" ဆိုတဲ့စကားအတိုင်း စည်းနဲ့ကမ်းနဲ့ နေထိုင်တတ်ရမည်လို့ ဆိုလိုခြင်းဖြစ်ပါသည်။အိမ်မှာလည်း အိမ်စည်းကမ်း.. ကျောင်းမှာလည်းကျောင်းစည်းကမ်း စသည်ဖြင့် နေရာတိုင်းမှာ သူ့စည်းကမ်းနဲ့သူ သတ်မှတ်ထားကြပါတယ်။စည်းကမ်းလေးတွေနဲ့ အထိန်းအကွပ် လုပ်ထားခြင်းဖြစ်ပါတယ်။နိုင်ငံမှာလည်း နိုင်ငံတော်၏စည်းကမ်းဥပဒေရှိပါတယ်။ကျွန်တော်တို့အားလုံး၏ အလုပ်ထဲမှာလည်း အလုပ်စည်းကမ်းလေးတွေသတ်မှတ်ထားပါတယ်။ဥပမာ--မနက်အလုပ်ဝင်ချိန် (8:00)နာရီ သတ်မှတ်ထားပါက အလုပ်မှ(8:00)နာရီ bell တီးတာနဲ့ အလုပ်ထဲရောက်ရှိရမှာဖြစ်ပါတယ်။ထိုအချိန်ထက် နောက်ကျပါက နောက်ကျသူလို့ အနည်းဆုံး record စာရင်းမှတ်ခံရပြီး လစာငွေဖြတ်တောက်ခံရမည်ဖြစ်ပါသည်။ထို့အတူ အရက်မသောက်ရ.. ဆေးလိပ်မသောက်ရ..ကွမ်းမစားရ စသည်ဖြင့် စည်းကမ်းလေးတွေ သတ်မှတ်ထားကြအုံးမည်ဖြစ်ပါသည်။
image
Crd-org-source
ကျွန်တော်တို့ လူသားအားလုံးအတွက် နိုင်ငံတော်မှ ထုတ်ပြန်ထားသော စည်းမျဉ်းဥပဒေများသည်လည်း စည်းစနစ်တကျ နေထိုင်တတ်စေရန် စည်းကမ်းသတ်မှတ်ပေးထားသော အထိန်းအကွပ်များသာ ဖြစ်ပါသည်။
ဒီလိုစည်းကမ်းလေးတွေနဲ့ စည်းကမ်းရှိရှိ သူ့နေရာနဲ့သူ စနစတကျနေထိုင်ကြမှသာ ကောင်းမွန်သော..စည်းကမ်းရှိသောသူများ ဖြစ်လာကြမှာဖြစ်ပါသည်။
"စည်းကမ်းသည် လူ၏တန်ဖိုး" နှင့် "စည်းကမ်းရှိမှ တိုးတက်မည်" ဆိုတဲ့ဆိုရိုးစကားများအတိုင်း စည်ကမ်းရှိရှိ စည်းစနစ်တကျ နေထိုင်ကြပြီး လုပ်ငန်းဆောင်တာများတွင်လည်း ဒီစည်းကမ်းစနစ်ရှိမှုကြောင့် တိတိကျကျ နည်းစနစ်တကျ ဆောင်ရွက်လာနိုင်သဖြင့် ပိုမိုတိုးတက် အောင်မြင်မှုများ ရရှိလာမှာဖြစ်ပါသည်။ထိုအချက်များကြောင့် မိမိဘဝ.. မိမိမိသားစုဘဝ ပိုမိုတိုးတက်လာရုံတင်မကဘဲ အများအကျိုး..နိုင်ငံတော်အကျိုး စသည်ဖြင့် သယ်ပိုးဆောင်ရွက်နိုင်သော လူအများလေးစားရသော.. တန်ဖိုးရှိသောသူများ ဖြစ်လာကြမည်ဟု ဆိုလိုခြင်းဖြစ်ပါသည်။
image
Crd-org-source
ဥပမာ-- အိမ်တစ်အိမ်ကိုပဲ ပြောကြပါစို့...။
အိမ်တစ်အိမ်မှာ အဖေ အမေ သားသမီး စသည်ဖြင့် နေထိုင်ကြသည်ဆိုပါစို့။အဖေကလည်း အဖေအလျောက်စည်းကမ်းရှိပြီး အမေကလည်း အမေအလျောက် စည်းကမ်းရှိရပါမည်။ထို့အပြင် မိဘများမှလည်း စည်းကမ်းရှိရှိဖြင့် မှန်ကန်စွာ နေထိုင်ပြီး စည်းစနစ်တကျ သားသမီးများအပေါ် သွန်သင်ဆုံးမ အုပ်ချုပ်ရပါမည်။မိဘတွေကိုယ်တိုင်လည်း စည်းကမ်းရှိပြီး စည်းကမ်းကောင်းဖို့ လိုအပ်ပါသည်။သို့မှသာ သားသမီးများကိုလည်း စည်းကမ်းကောင်းတွေ လမ်းညွှန်ပေးနိုင်ပြီး စည်းကမ်းရှိသောသားသမီးများ ဖြစ်လာကြမည်ဖြစ်ပါသည်။ထိုသိုစည်းကမ်းကောင်းသော အိမ်တစ်အိမ်ဖြစ်လာပါက ပျော်ရွှင်သောမိသားစုလေးဖြစ်လာပြီး မိသားစု၏လုပ်ငန်းဆောင်တာများကိုလည်း စနစ်တကျ စည်းကမ်းရှိစွာလုပ်ဆောင်နိုင်သဖြင့် တိုးတက်သောမိသားစု.. ပျော်ရွှင်စရာကောင်းသောမိစားစုဘဝ ရရှိလာတော့မည်ဖြစ်ပါသည်။
စည်းကမ်းမရှိဘဲ စည်းမဲ့ကမ်းမဲ့ နေချင်သလိုနေပါက မိမိတို့ လုပ်ဆောင်သောလုပ်ငန်းဆောင်တာများတွင်လည်း စည်းစနစ်မရှိတော့ဘဲ ဒီအကျင့်ဆိုးကြောင့် လုပ်ငန်းများတိုးတက်ဖို့မဖြစ်နိုင်တော့ဘဲ ဆုတ်ယုတ်ဖို့သာ ရှိမည်ဖြစ်ပါတော့သည်။
ထို့ကြောင့် စည်းကမ်းဆိုသောအချက်သည်လည်း လူ့ဘဝအတွက် အရေးကြီးသောအချက်ဖြစ်ပါ၍ စည်းကမ်းရှိသော တန်ဖိုးရှိသောသူများဖြစ်လာကြစေရန်  ကြိုးစားလိုက်နာကျင့်ကြံကြရမှာ ဖြစ်ပါကြောင်း စိတ်ကူးပုံဖော် မျှဝေလိုက်ရပါတော့သည်။
image
Crd-org-source
မြန်မာစတီးမစ်မိသားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေလို့...
ဆုမွန်ကောင်းတောင်းလျက်
@uthantzin
MSC-211

H2
H3
H4
3 columns
2 columns
1 column
10 Comments
Ecency