မမေ့နိုင်သော Social platformတစ်ခု...!

Hive platform ပေါ်ရှိ ညီအစ်ကိုမောင်နှမများအားလုံး မဂ်လာအပေါင်းနဲ့ ပြည့်စုံကြပါစေ...
ဒီနေ့တော့ မမေ့နိုင်သော Social platformလေးတစ်ခုအား ပြန်လည်မျှဝေပေးခဲ့ပါရစေ။
screenshot_2021_08_01_13_03_55.png

ကျွန်တော်ဟာ ဒီHive platform ပေါ် အခုလိုရောက်ရှိပြီး စာရေးနိုင်ဖို့ အတွက် Hive platform မပေါ်ပေါက်မီ steemit platform ပေါ်မှာ Steemit Myanmar Community MSC ဆိုသော မြန်မာအဖွဲ့ အား ဦးဆောင်တည်ထောင်ခဲ့သော @kachinhenry အစ်ကိုဟင်နရီ၏ ညွှန်ကြားချက်များ...လမ်းပြမှုများဖြင့် အုပ်စု leader များထားရှိပြီး စနစ်တကျ စည်းကမ်းသတ်မှတ်ချက်များနှင့်အတူ ချစ်ခင်ရင်းနှီးစွာ စာရေးသား postတင်ခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။
ထိုစဥ်က membersအရမ်းများသဖြင့် Group အလိုက် group page များထားရှိ၍ မိမိသိသောအကြောင်းအရာများအား ပြန်လည်မျှဝေပြောဆိုခြင်း... မိမိမသိသေးသောအကြောင်းအရာများအား  မေးမြန်းခြင်း စသည်ဖြင့် ရင်းနှီးချစ်ခင်စွာ အသိချင်း ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။
ဒါ့အပြင် group တွင်း မိမိလုပ်ချင်သော/လှူချင်သော အခြားအလားတူကိတ်စများမှအစ စုပေါင်းလုပ်ဆောင်ဖြစ်သော အခြေအနေတွေအထိ ညီညီညွတ်ညွတ် လုပ်ဆောင်နိုင်ခဲ့ကြပါသည်။
ကျွန်တော်မှတ်မိတာတစ်ခုက groupထဲမှတစ်ဦးက သူတို့ရွာ စာကြည့်တိုက်ဖွင့်ရန် steemit အဖွဲ့မှ စုပေါင်းပြီး တတ်နိုင်သလောက် အလှူပြုလုပ်ချင်သော စကားစပြောလိုက်ရာ လှူချင်သောသူများ တစ်ဖွဲဖွဲပေါ်လာပါတော့သည်။
လှူတဲ့နေရာမှာလည်း အခက်အခဲမရှိ မိမိတို့စာရေးပြီး ရှာဖွေစုဆောင်းရရှိထားသော Steem/SBD စသည်ဖြင့် မိမိ လှူချင်သလောက် ထိုသူ၏အကောင့်ထဲသို့ လွှဲပေးခြင်းဖြင့် အလွယ်တကူ ဆောင်ရွက်နိုင်ခြင်းဖြစ်ပါသည်။
မိမိမြန်မာငွေပိုက်ဆံ သီးသန့်လှူနေစရာမလိုခြင်းကို ပြောပြခြင်းသာဖြစ်ပါသည်။
ဒါကြောင့် မိမိနေ့စဥ်ဘဝတွင် ဥစ်စာ...ပညာ... ကုသိုလ်...တစ်ခုခုရဖို့ဆိုတာ အရေးကြီးတဲ့အချက်ဖြစ်တဲ့အတွက် ဒီအချက်လေးကို မိမိတို့ စာရေးနေသော Steemit social platform ပေါ်မှ တဆင့် ပြုလုပ်နိုင်သဖြင့် အရမ်းကို နှစ်သက်ပျော်ရွှင်ခဲ့ရသော Social Platform တစ်ခု ဖြစ်ခဲ့ပါသည်။ပြင်ပမှာ သီးသန့်ရှာဖွေစရာမလိုပဲ ကုသိုလ် အလှူပြုလုပ်နိုင်ခြင်းဟာ ချစ်စရာကောင်းတဲ့ အလေ့အထလေးတစ်ခုဖြစ်ပြီး မိမိအတွက် မမေ့နိုင်သော platform တစ်ခုဖြစ်ခဲ့ရပါကြောင်း ပြန်လည်ရေးသားမျှဝေလိုက်ရပါတော့သည်။
အခြားမမေ့နိုင်သော အကြောင်းအရာများ များစွာရှိသော်လည်း မိမိစာရေးသောအချိန်တွင် ထိုအလှူအကြောင်းလေး ခေါင်းထဲအရင်ရောက်လာ၍ ရေးသားလိုက်ခြင်းဖြစ်ပါသည်။
သူငယ်ချင်းများအားလုံး ကျန်းမာပျော်ရွှင်ပြီး အေးချမ်းသောနိုင်ငံ အမြန်ဆုံးရရှိနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
@uthantzin
1.8.2021 (13:30)pm

H2
H3
H4
3 columns
2 columns
1 column
16 Comments
Ecency