This content was deleted by the author. You can see it from Blockchain History logs.

လွမ်းမိသည်​မှာ

FB_IMG_1535104229249.jpg
Image source

နေပူပူ အချိန်​​ကောင်းချိန်​ဝယ်
တို့ရွာသူ သူငယ်​ချင်းများရယ်
တောင်းကိုယ်​ဆီ ​ခေါင်းကို​မှောက်​လို့
ပဲ​နှောက်​​ကောက်​(ပဲသီစိမ်း)ထွက်​ကြပြန်
ရပ်​ရွာအ​ရေး သတင်းစုံ​အောင်
သတင်း​တွေဖလှယ်​ကြရင်း ရုန်းကန်​​ရပြန်​။

ထိန်​လင်း​ရောင်​ဝါ​အောက်​မှာ
ယှဉ်​ပြိုင်​​ကာ​ကောက်​ရင်း
နားချိန်​ဝယ်​ အရင်​လိုမဟုတ်​​တော့
ဟမ်းဖုန်းကိုယ်​ဆီ ထုတ်​ကာ ​ဖုန်း​ပြော​နေကြ။

ဟို..တချိန်​တို့​တွေ ​မောင်​ရင်းနှမအလား ကျီစယ်​ကာရန်​ဖြစ်​ရင်း
ချစ်​ခင်​မှု​တွေ တိုးပွားလာကြ
တာဝန်​​အပြီး အပြန်​လမ်းမှာ
အော်​ဟစ်​ကာ သံပြိုင်​ဆိုရင်း
နှုတ်​ဆက်​​နေကြ....
အခုချိန်​ဝယ်​ တမ်းတသည်​မှာ
အရင်​က တို့ဘဝ။

@thithisann
Msc 262