This content was deleted by the author. You can see it from Blockchain History logs.

လိုအပ်​​နေတာ အဲ့ဒါ

FB_IMG_1536469334410.jpg
Image source

အခုလို social media ​တွေ​ပေါ်လာတဲ့​ခေတ်​မှာ​နေရတာ ​ကောင်းလည်း​ကောင်းတယ်​။ကောင်းလည်းမ​ကောင်းဘူး။ လူ​တွေရဲ့စိတ်​ဓာတ်​​ရေးရာ​တွေလည်း အ​တော်​​လေးရုပ်​ညံ့လာကြတယ်​။နှမသားချင်းစာနာမှုမရှိ သူ့တစ်​ပါးအ​ပေါ်လုပ်​ရက်​နိုင်​ကြတယ်​။ တစ်​ခါတစ်​​လေ ​တွေးမိတယ်​ မြန်​မာနိုင်​ငံသား​တွေမှ ဟုတ်​​သေးရဲ့လားလို့။ အ​တော်​​လေး​အောက်​တန်းကြတယ်​။ ​ခေတ်​ကိုအမှီလိုက်​နိုင်​တယ်​ ဆိုပြီး လုပ်​ချင်​ရာလုပ်​ကြတယ်​။ တစ်​ဘက်​သားအ​ပေါ် ကိုယ့်​​ကြောင့်​ဘယ်​လိုထိခိုက်​သွားနိုင်​လဲ သိသိကြီးနဲ့ပြုမူ​နေကြတယ်​။

ကိုယ့်​ရဲ့လုပ်​ရပ်​​ကြောင့်​ သူ့တစ်​ပါးထိခိုက်​သွားပြီပဲဆိုပါ​တော့ ဘာ​အကျိုး​တွေများရသွားလို့လဲ။ မြန်​မာသူမြန်​မာသားအချင်းချင်း ရိုင်းပင်းကူညီမှုမရှိတဲ့အပြင်​ ရိုင်းပြတဲ့ လုပ်​ရပ်​​တွေလုပ်​​နေရတာ မရှက်​ကြဘူးလားလို့ပဲ​မေးချင်​တယ်​။ သူ့များရဲ့သိက္ခာကျပါ​စေ​တော့ဆိုတဲ့ရည်​ရွယ်​ချက်​ရှိရှိနဲ့ လုပ်​မယ်​ကြံတိုင်း ကိုယ်​ချင်းစာတရားထားပါ။ သူ့​နေရာမှာ ငါ့ရဲ့မိသားစု၊ငါ့ရဲ့​ဆွေမျိုး၊ သူငယ်​ချင်းအ​ပေါင်းအသင်းဆိုတဲ့ အသိ​လေးဝင်​ပြီ ခဏ​လေးပဲစဉ်းစားကြည့်​ပါ။ မ​ကျေနပ်​ဘူး၊သ​ဘောမ​တွေ့ဘူးဆိုတာ နဲ့​ကောက်​ကျစ်​ဖို့ပဲ​တွေး​နေ​ရော့သလား။ ကိုယ်​ချင်းစာပါ။လူဖြစ်​ပြီးလူသားစစ်​ချင်​ရင်​ လူ့ကျင့်​ဝတ်​​တွေလိုက်​နာပါ။လူခန္ဒာကိုယ်​ တိရစ္ဆာန်​ စိတ်​နဲ့ ရှင်​သန်​​နေရတာမပင်​ပန်းဘူးလား။ လူ့ဘဝကြီးထဲ ကမထွက်​သွားခင်​​လေး လူသားဆန်​​ဆန်​​နေကြပါလို့ ​ပြောပါရ​စေ။

@thithisann
Msc 262