ဧရာဝတီတမ်းချင်း ၂

လွယ်အိတ်ကို ကြမ်းခင်းပေါ်သို့ လွှင့်ပစ်လိုက်သောကြောင့် ဖိုးထောင်ကြောင်သွား၏။

"ဘာဖြစ်လို့ လဲသား အဖေ၀ယ်ပေးတဲ့အရောင်မကြိုက်လို့ လား။"
သီဟကျော်၏အသံက ခပ်ဆောင့်ဆောင့်ထွက်လာသည်။

"အဖေကဗျာ သိပ်စိတ်ပျက်ဖို့ ကောင်းတာပဲ။"

"တက္ကသိုလ်ကျောင်းသားတွေ ဘယ်မှာဒီလိုချည်လွယ်အိတ်လွယ်လို့ လဲ။ ကျောပိုးအိတ်ပဲလွယ်တာလေ။ပြီးတော့အဖေ ကျွန်တော့်ကို လူပုံအလယ်မှာ သားသားနဲ့ လိုက်မခေါ်စမ်းပါနဲ့ ။အဖေမရှက်ပေမယ့် ကျုပ်ရှက်တယ်ဗျ။အဖေ့ပုံစံလည်းပြန်ကြည့်အုံး။ အပြဲအပေါက်ရာပါတဲ့ အ၀တ်အစားတွေနဲ့ ။ကျုပ်သူငယ်ချင်းတွေက ကျုပ်ကိုလူဆင်းရဲလို့ ထင်မှာပေါ့။"

သီဟကျော် ခြေဆောင့်ကာ အိမ်ပြင်သို့ ထွက်သွားလေသည်။ဖိုးထောင်၏မျက်ဝန်းတွင် မျက်ရည်များဝေ့လာသည်။အေးလေ ဆင်းရဲတာက သားအမှားမဟုတ်ပါဘူး။သားကိုပြည့်ပြည့်စုံစုံ မထားနိုင်တဲ့ အဖေ့အမှားပါသားရယ်။

ရာသီများပြောင်းလဲခဲ့သလို ကိုဖိုးထောင်မှသည် ဦးဖိုးထောင်ဖြစ်ခဲ့ပေပြီ။အသက်အရွယ်ကြီးလာတော့ အလုပ်သိပ်မလုပ်နိုင်တော့။ မြစ်ဆိပ်မှ သင်္ဘောပိုင်ရှင်များကလည်း ဦးဖိုးထောင်ကိုခိုင်းရန် အင်တင်တင်ဖြစ်လာခဲ့သည်။ သားကတော့ လွန်ခဲ့သော ဆယ်နှစ်ကသူဌေးသမီးတစ်ယောက်နှင့် အိမ်ထောင်ကျကာ အိမ်ခွဲသွားပေပြီ။
ရုပ်ရည်လေး အသင့်သင့်ရှိတော့ ကောင်မလေးခမျာ ချစ်ရှာပါသည်။ မိဘတွေကတော့ သဘောမတူပါဘူး။ သို့ပေမယ့်လဲ "ဆူးပေါဖက်ကျ ဖက်ပဲပေါက်သလို၊ ဖက်ပေါ်ဆူးကျလဲ ဖက်ပဲပေါက်တာပါပဲ" မတော်ချင်ပေမယ့် တော်ရမှာပဲလေ။ မင်္ဂလာပွဲကို အကျဉ်းချုံးပြီး မင်္ဂလာဆွမ်းကျွေးလောက်နဲ့ အဆုံးသတ်လိုက်သည်။ ကောင်မလေးမိဘတွေကလဲ လက်ထပ်ပီးတာနဲ့ အသင့်သင့်ပေးကမ်းပီး အိမ်ထောင်တမ်းခွဲချလိုက်သည်။

သီဟကျော်ဟာ မင်္ဂလာလက်ဖွဲ့ငွေအချို့နှင့် ရှိတာလေးတွေ အရင်းပြုပြီး လုပ်ငန်းလေးတခုလုပ်ရင်း အဆင်ပြေလာသည်။ မိန်းမရယ်၊ကလေးရယ်တွေရှိလာတော့ ငွေကမရှိမဖြစ် ဖြစ်လာတယ်။ အခုချိန်ထိ မိဘရဲ့ သားသမီးပေါ်ထားတဲ့မေတ္တာ၊စေတနာတွေ သတိမထားမိသေး၊မတွေးမိသေးပါဘူး။ မိသားစုရယ်ဖြစ်လာတော့ ငွေဟာ ဒုတိယ ဘုရားသခင်ဖြစ်လာသည်။

image

ဘာကြောင်းဖြစ်ဖြစ် သာရေး နာရေး လူမှုရေး ကိစ္စ အဝဝက ငွေလေးနဲ့မှ အဆင်ပြေချောမွေ့သည်မဟုတ်လား။

အမေ့လုပ်သူဆီကိုတော့ သုံးလေးနှစ်နေမှ စာတစောင်လောက်ပို့သည်။ ဒါကလည်း "အမေကျန်းမာရဲ့လား။ အဖေနေကောင်းလား။ နေရထိုင်ရတာအဆင်ပြေရဲ့လား။" မေးခြင်း မဟုတ်။ "သူ ဘယ်လို ကြိုးစားရကြောင်း အလုပ်လုပ်ရတာ သိပ်အဆင်မပြေကြောင်း၊ သားနဲ့သမီး ရှင်ပြုနားသတဲ့အချိန်ကျရင် လာခဲ့မည်ဖြစ်ကြောင်း ရေးတတ်သည်။

သားက အဆက်အသွယ်သိပ်မလုပ်ပေမယ့် သားအဆင်ပြေနေတာကို ကွယ်ရာမှကြည့်ရင်း ဦးဖိုးထောင်ပျော်ပါသည်။ အခုတစ်လော မိန်းမလုပ်သူမှာ ပန်းနာရင်ကြပ်ဖြစ်ကာ အိပ်ရာထဲလဲနေသောကြောင့် ဦးဖိုးထောင် အားစိုက်၍ ပိုက်ဆံရှာနေရသည်။စားဝတ်နေရေးအပြင် မိန်းမဆေးဖိုးပါလိုအပ်သည် မဟုတ်ပါလား။မိမိမှာလည်း သိပ်တော့ကျန်းမာရေးမကောင်းပေ။ငယ်စဉ်ကတည်းက အလေးအပင်များထမ်းခဲ့သောကြောင့် ကျောနှင့်ခါးတွင် ဒဏ်တည်နေလေပြီ။အခုတစ်လော အာဟာရလည်းချို့ တဲ့နေသည်မို့ အားနည်းနေ၏။

ဘော် ဘော် ဘော် .....
ဟော သင်္ဘောဆိုက်ပြီ။ဦးဖိုးထောင် နေ၀န်းနီမှထကာ မြစ်ဆိပ်သို့ ကမန်းကတမ်းဆင်းလာခဲ့၏။ညဦးပိုင်းကမိုးရွာထားသည်မို့ မြစ်ထဲတွင် ရေလျှံကာ ကုန်းပေါ်အတက်လမ်းတွင်လည်း ချော်နေလေသည်။
"ကုန်တွေပါလား မောင်လှ။"

"ဟာ ဦးလေးဖိုးထောင် ဒီတစ်ခါနှမ်းအိတ်တွေ ဦးလေးသယ်နိုင်ပါ့မလား။"

"သယ်နိုင်ပါတယ်မောင်လှရ ငါငယ်ငယ်ကတည်းက လုပ်လာတဲ့ အရာတွေပါ။"
image
နှမ်းအိတ်ကို ပခုံးပေါ်တွင်ထမ်းကာ ဦးဖိုးထောင် သင်္ဘောနှင့် ကုန်းပတ်ဆက်ထားသော သစ်သားချောင်းတစ်လျှောက်မှ ကုန်းပေါ်သို့ တက်လာခဲ့သည်။တဖြည်းဖြည်းနှင့် နေမြင့်လာပေပြီ။ နှမ်းအိတ်ဆယ်လုံးကျော် ထမ်းအပြီးတွင် ဦးဖိုးထောင် မောဟိုက်လာမိသည်။အသက်ကြီးတော့ ပင်ပန်းဒဏ်သိပ်မခံနိုင်တော့။
Credit to google
Author by Thant Zin Oo(magway)
MSC-184

H2
H3
H4
3 columns
2 columns
1 column
35 Comments
Ecency