GATHER

မင်္ဂလာပါ...


မင်္ဂလာပါဆိုတာ... "မိတ်ဆွေတို့ရဲ့ အဆိုးအညစ်တွေ ကုန်ပျောက်ပြီး အကောင်းအသစ်တွေ ဆုံရောက်ကြပါစေ" ... ဟု နှုတ်ခွန်းဆက်ခြင်း တစ်မျိုးပါပဲ။

image
ကျွန်တော်တို့တွေဟာ (တစ်ဦးအားနှင့် မရသောအရာအား
အများအားဖြင့် ချကြမယ်၊ "စည်းလုံးညီညာ အောင်ကြောင်းဖြာ"
ဆိုသော ဆောင်ပုဒ်လေးကို အကောင်အထည် ဖော်ကြမယ်၊
"စည်းလုံးခြင်းသည် အင်အား" ဆိုသည်ကို လက်တွေ့ အသုံးချ
ပြမယ်) အစရှိသော စိတ်စေတသိတ် ဆန္ဒတွေဖြင့်...
Steem Power Group 1 ဟူသော အသင်းအဖွဲ့တစ်ခု
ကို တည်ထောင်ခဲ့ကြသည်မှာ...
အခု ဆိုရင်ဖြင့် စတင် ဆောင်ရွက်လာခဲ့သည်မှာ...
13 ရက်မြောက်လို့ လာခဲ့ပါပြီ။ ကျွန်တော်တို့ အဖွဲ့အစည်း
တွင် အဖွဲ့ဝင် ၁၀ ဦးရှိ၍ မိမိတာဝန်ကို မိမိကျေပွန်အောင်
စည်းမျဉ်းစည်းကမ်းအတိုင်း လိုက်နာဆောင်ရွက်ကြရပါတယ်။
ယခု အပတ်စဉ် ယနေ့တွင် အဖွဲ့ဝင်များနှင့်တကွ မိတ်ဆွေများ
အားလည်း အဖွဲ့အစည်း တစ်ခုတွင် အဖွဲ့ဝင်များ ရေရှည်ခိုင်မာ
ရပ်တည်နိုင်ရေးနှင့် ပိုမို စည်းလုံးညီညာစွာ လက်တွဲသွားနိုင်
ရေးအတွက် လိုအပ်မည့် အချက်များကို တင်ပြလိုပါသည်။
ဤသည်မှာ ဘဝအောင်မြင်ရေး ဆွေးနွေးပွဲတစ်ခုမှ...

image
မှတ်စုအချို့ထဲမှ GATHER ( စုရုံးသည် ) ဆိုတဲ့
စကားလုံးကို အက္ခရာတစ်လုံးစီ ခွဲပြီး ဖွင့်ဆိုပြပေးပါမည်။


image
G = Greet (နှုတ်ဆက်သည်၊ နှုတ်ဆက်ပါ)
အဖွဲ့အစည်းတစ်ခု အောင်မြင်ရန် အလို့ငှါ အဖွဲ့ဝင်
အချင်းချင်း ခေါ်ပြောနှုတ်ဆက် မပြတ်ရှိပေးရပါမယ်။


image
A = Ask (မေးမြန်းပါ)
အဖွဲ့ဝင် အချင်းချင်း တစ်ဦး မသိသော အရာကို တစ်ဦး အား
မေးမြန်းကာဖြင့် အသိပညာ ၊ အတတ်ပညာ ဖလှည်ကြရ
ပါမယ်။


image
T = Talk (ပြောပါ)
အဖွဲ့ဝင်များ အနေဖြင့် မသိသော အရာများကို မေးမြန်းဆွေးနွေး
ရုံမျှမကဘဲ တစ်ဦးနှင့်တစ်ဦး နွေးထွေးပြူ ငှါ ရှိစေရန်လည်း
စကားစမြည် ပြောဆိုကြရပါမယ်။


image
H = Help (ကူညီပါ)
အဖွဲ့ဝင် အချင်းချင်း တစ်ဦး လိုအပ်သောအရာကို တစ်ဦးက
ကူညီရပါမယ်။ အားနည်းသော အဖွဲ့ဝင်များအား အားကြီးသော
အဖွဲ့ဝင်များက ကူညီစောင်မမှုများ ရှိကြရပါမယ်။


image
E = Explain ( ရှင်းပြပါ)
ပြုဖွယ်ကိစ္စဟူသမျှတွင် အဖွဲ့ဝင်တစ်ဦးဦး၏ အပြုအမူ၊
လုပ်ဆောင်ချက်၊ စိတ်နေသဘောထား အစရှိသည်များကို
နားလည်မှု မလွဲမှားကြစေရန် ရှင်းလင်းပြဆိုဖို့ လိုပါမယ်။


image
R = Return meeting (တွေ့ဆုံခြင်းများ ပြန်လည်လုပ်ဆောင်ပါ)
ဆောင်ရွက်ဖွယ်ကိစ္စရပ်တိုင်းတွင် အဖွဲ့ဝင် အချင်းချင်း
တွေ့ဆုံတိုင်ပင် အစီအစဉ် ချမှတ်ခြင်း၊ အကောင်အထည်
ဖော်ခြင်းများ လုပ်ဆောင်နေစဉ်မှာနှင့် လုပ်ဆောင်ပြီးချိန်တိုင်းမှာ
ထပ်မံတွေ့ဆုံ ၊ ပြန်လည် ဆွေးနွေးခြင်းများ ပြုလုပ်ကြရပါမယ်။


ဤအချက်အလက်များကို အလွယ်တကူ မှတ်မိစေရန်လည်း
ဟောပြောရေးဆရာတစ်ဦးဖြစ်သူ ဆရာဦးလှချစ်၏

  • နှုတ်ဆက် ရွှင်လန်း၊
  • မေးမြန်း ပြောကြား၊
  • သူ့အား ကူညီ၊
  • တလီ ရှင်းပြ၊
  • ပြန်ဆုံကြမည်။...
    ဟူသော ကဗျာမှုပြုထားတာလေးလည်း ချပြလိုက်ပါတယ်။

အသင်းအဖွဲ့တစ်ခု အတွင်းရှိ အဖွဲ့ဝင်အားလုံးသည်
အထက်ပါ အချက်အလက်များကို တစ်ချက်ချင်းစီ
အစဉ်အဆက် အမြဲလိုက်နာသွားပါမှ ထိုအဖွဲ့အစည်းသည်
ရေရှည်ခိုင်မာ တိုးတတ် ဖွံ့ဖြိုး အောင်မြင်မည် ဖြစ်ပါသောကြောင့်
မိတ်ဆွေအားလုံးကို လိုက်နာကျင့်ကြံကြဖို့ တိုက်တွန်းရေးသား
လိုက်ရပါတယ်။
Screenshot photos from google image.
Credit to original uploader.

No-2

@steempowergroup1

H2
H3
H4
3 columns
2 columns
1 column
8 Comments
Ecency