This content was deleted by the author. You can see it from Blockchain History logs.

About The Behaviour Of Leech ( Part 3 )

မျှော့တွေ၏ သက်ရှိဘ၀ နှင့် နေထိုင်မှု့ အကြောင်းများ အပိုင်း ၃

l2.jpg

မျှော့များကို ဖန်ပုလင်းထဲထည့်ပြီး စမ်းသပ်ခြင်း

leechb.jpg

မျှော့များကို ဖန်ပုလင်းထဲထည့်ပြီး လေ့လာကြည့်သောအခါ မျှော့များသည် ၄င်းတို့၏ သားကောင်ငယ်တွေကို ထိန်းသိမ်းရန်အတွက် ၄င်းတို့၏ ခန္ဓာကိုယ်ပေါ်တွင် သားငယ်ထည့်ရန်အိတ် ( coocons )ကို ပြုလုပ်ကြပြီးတော့ ၄င်းတို့၏ မျိုးဥများကို ထိုသားငယ်ထည့်ရန် အိတ်အတွင်းသို့ ထည့်သွင်းကြသည်။

မျှော့များသည် သားငယ်ထည့်ရန် အိတ်အတွင်း ဂလင်းမှ စစ်ထုတ်လိုက်သည့် စစ်ထုတ်ရည် ကို ထိုသားငယ်ထည့်ရန် အိတ်မဖုံးအုပ်ခင် ပထမဦးစွာ ထည့်သွင်းလေ့ရှိကြသည်။

ထို့နောက် သားငယ်ထည့်ရန်အိတ်ကို ချော်ကျသွားစေခြင်း မရှိစေရန် ၄င်းတို့၏ ခန္ဓာကိုယ်တွင် တွယ်ကပ်ထားစေပြီး သန္ဓေအောင်ပြီးသော မျိုးဥများကို ထိုသားငယ်အိတ်တွင် တွယ်ကပ်စေပြီး သွားလေရာ နေရာတိုင်းသို့ သားငယ်အိတ်ကို တပါထဲ ယူဆောင်သွားတက်ကြပါသည်။

တစ်ခါတစ်ရံတွင် မျှော့များသည် ၄င်းတို့၏ သားငယ်အိတ်များကို မာကျောသော အရာများတွင် တွယ်ကပ်ထားစေသည်။

( သားငယ်ထည့်ရန် အိတ်ဖြစ်သည်။ )
cocoon.jpg

ဥပမာ ကျောက်တုံး ( သို့မဟုတ် ) အပင်များကဲ့သို့သော မာကျောသည့် အရာများတွင် ထားရှိကြသည်။

မျှော့များ၏ မျိုးဥ သန္ဓေအောင်ခြင်းနှင့် မျိုးဥထည့်သွင်းခြင်းသည် တစ်ခါတစ်ရံတွင် အချိန်ကာလအားဖြင့် ကြာမြင့်တတ်ပါသည်။

Leech-Oregon2009_Cropped.jpg

ထိုကဲ့သို့သောဖြစ်စဉ်သည် မျှော့မျိုးစိတ်တစ်ခုတွင် မိတ်လိုက်ခြင်းနှင့် သားငယ်ထည့်ရန် အိတ်အတွင်းသို့ စစ်ထုတ်ရည်ထည့်သွင်းခြင်း ကြားကာလသည် ၉လနှင့် အထက်ကို ကျော်လွန်နိုင်ပါသည်။

သို့သော် အချို့သော မျှော့မျိုးစိတ်များသည် မျိုးဥ ဖွံဖြိုးလာခြင်းနှင့် သားငယ်အိတ်အတွင်းသို့ စစ်ထုတ်ရည်ထည့်သွင်းခြင်းတို့သည် တစ်ပတ်ခန့်သာ ကြာမြင့်ကြသည်။

အခြားသော မျှော့မျိုးစိတ်များသည် မျိုးဥ ဖွံဖြိုးလာခြင်းမှာ အလွန်ပင် အချိန်ကာလကြာမြင့်တက်ပါသည်။

ထိုကဲ့သို့သော အချိန်ကာလ အလွန်ပင် ကြာမြင့်လျှင် မိခင်သည် ၄င်း၏ မျိုးဥများ ပျက်စီးခြင်း မရှိစေရန်အတွက် ဂရုစိုက်မှု့သည် များစွာလိုအပ်ပေသည်။

သားငယ်ထည့်ရန် အိတ်နံရံသည် အလွန်ပင် ပါးလွှာပါသည်။

l5.jpg

ထိုကဲ့သို့ ပါးလွှာသည့်အတွက် သားငယ်အိတ် ပျက်စီးမသွားစေရန် မျှော့များသည် မိမိတို့၏ ခန္ဓာကိုယ်ဖြင့် သားငယ်အိတ်ကို ဖုံးအုပ်ပြီး မျိုးဥများ ဖွံဖြိုးလာသည့်အထိ ကာကွယ်ထားတက်ကြပါသည်။

အချိန်ကာလတစ်ခု ရောက်သောအခါ မျှော့သားပေါက်ငယ်လေးများ ပေါက်ဖွားလာကြပါသည်။

သားငယ်အိတ်သည် မိခင်ကိုယ်ပေါ်တွင် ထားရှိပါက မျှော့သားပေါက်ငယ်လေးများသည် မိခင် ခန္ဓာကိုယ်ပေါ်တွင် တွယ်ကပ်နေကြပြီး သားငယ်အိတ်သည် ကျောက်တုံး ( သို့မဟုတ် ) အပင်ပေါ်တွင် ရှိနေပါက မျှော့သားပေါက်ငယ်များသည် ၄င်း အပင်နှင့် ကျောက်တုံးပေါ်တွင် တွယ်ကပ်နေတက်ကြသည်။

ထိုသားပေါက်ငယ်များသည် အချိန်အနည်းငယ်ကြာသောအခါ ၄င်းတို့တွယ်ကပ်ရာ နေရာမှ စွန့်ခွာသွားပြီး ၄င်းတို့ အသက်ရှင်သန်ရန်အတွက် အစားအစာ ရှာဖွေစားသောက်မှု့ကို စတင်ကြသည်။

ထို့နောက် ပထမဦးဆုံးသော အစားအစာကို စားသုံးပြီးသကာလ ၄င်းတို့ဘ၀အတွက် ရှင်သန်ရန် အပြည့်အ၀ ယုံကြည်မှု့များ ရှိသွားကြလေသည်။ ( ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ပြီး မိမိကိုယ်ကို ယုံကြည်မှု့ရှိသွားကြခြင်းမှာ အတုယူဖွယ် ဖြစ်သည်။ )

မျှော့များသည် အသွင်ကူးပြောင်းသည့် သတ္တ၀ါများမဟုတ်ကြပေ။

ဆိုလိုသည်မှာ ၄င်းတို့ ငယ်စဉ်ဘ၀ထဲကစပြီး အရွယ်ရောက် ကြီးထွားလာသည့် အထိ ၄င်းတို့၏ ပုံသဏ္ဍန်မှာ ပြောင်းလဲခြင်းမရှိပေ။

ဥပမာ- ခြင်များသည် ငယ်စဉ်ဘ၀က ပိုးလောက်လန်း အကောင်ငယ်လေးများ ဖြစ်ပြီး အရွယ်ရောက်သောအခါမှသာ ခြင်ဘ၀သို့ ရောက်ရှိကြပေသည်။

မျှော့များသည် ထိုကဲ့သို့မဟုတ်ဟု ဆိုလိုခြင်းဖြစ်သည်။

leech.jpg

သားငယ်အိတ် အတွင်းမှ ထွက်လာသည့် မျှော့များ၏ အရွယ်ရောက်ရှိခြင်း သက်တမ်းသည် ၄င်းတို့၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသော အဆစ်အရေအတွက်နှင့် ညီမျှပါသည်။

၎င်းတို့၏ ဘ၀သက်တမ်းကို အဆစ်အရေအတွက်ဖြင့် ဖော်ပြထားခြင်းမှာ တီကောင်များနှင့် မတူပေ။

မျှော့များသည် ကြီးထွားလာသည်နှင့်အမျှ အဆစ်အရေအတွက်ကလည်း တိုးတိုးလာပါသည်။

တီကောင်များနှင့် မတူညီဟု ဆိုရသော်လည်း မျှော့များ၏ ကိုယ်ခန္ဓာ အစိတ်အပိုင်း တစ်ခုကနေမှ အခြားမျှော့တစ်ကောင်အဖြစ် မျိုးပွားနိုင်သည့် ( binary fission ) နှစ်ခုကွဲထွက်ခြင်းဖြင့် မျိုးပွားသော တူညီမှု့က ရှိနေပြန်ပေသည်။

စတုတ္ထပိုင်းမျှော်

ကျွန်တော် တင်ပြသော အကြောင်းအရာသည် အမှားတစ်စုံတစ်ရာ ပါရှိခဲ့ပါက ကျွန်တော်၏ လေ့လာမှုအားနည်းခြင်းကြောင့်သာဖြစ်သောကြောင့် နားလည်ခွင့်လွှတ်ပေးပါရန် တောင်းပန်အပ်ပါသည်။
အားလုံးကို ကျေးဇူးတင်ပါတယ် ........

Original Writer @steemloverr
Photo Credit >>> Google Image