This content was deleted by the author. You can see it from Blockchain History logs.

Spending is quick , Earning is slow

MSC ညီအကို မောင်နှမများ မင်္ဂလာပါ ခင်ဗျာ

ပြီးခဲ့တဲ့ လတုန်းက app တစ်ခု facebook မှာတွေ့တာနဲ့ စမ်းသုံးကြည့်လိုက်မိပါတယ်။အဲဒီ app ထဲမှာ Earning Wisdom ဆိုပြီး အပိုင်းတစ်ခုထည့်ပေးထားတာ တွေ့တာနဲ့ ဖတ်ကြည့်တယ်ဗျ။

ဆောင်ပုဒ် ပုံစံလေးတွေနဲ့ ရေးထားတာပါ။သဘောကျမိတဲ့ စာတို လေးတစ်ခုကတော့ Spending is quick , Earning is slow ဆိုတာလေးပဲဖြစ်ပါတယ်။လက်ရှိကြုံတွေ့နေရတဲ့ အခြေအနေက အဲဒီအတိုင်း အတိအကျပါပဲ။

သုံးဖို့က လွယ်လွန်းလှပါတယ်။ ရှိနေတုန်းလဲ သုံးတာပါပဲ။ မရှိဘူး ဆိုတော့လည်း ရပ်တော့မသွားပါဘူး။ သုံးနေလျက်ပါပဲ။ ချေးငှားပြီးတော့ပေါ့။လကုန်ရင် acc ထဲတော့ amount တော့တက်လာပါတယ်။သိပ်မကြာပါဘူး။အဲတာတွေက ကိုယ့်အတွက်မှ မဟုတ်တာ။နောက်ဆုံးတော့လည်း တစ်ခြား acc တွေထဲ ရောက်သွား။ တစ်ခြားသူတွေ လက်ထဲ ရောက်သွားတော့တာပဲ။ကိုယ့်အတွက်မှာ တော့ spending is quick ဆိုတာ မှန်နေပါတော့တယ်။

image

Earning is slow ဆိုတာကလည်း မှန်နေတာပါပဲ။ ဝင်ငွေ ရစရာ ဆိုလို့ ဒီလခစား အလုပ်တစ်ခုပဲ ရှိတာလေ။ဒီတော့ ခုလောလော ဆယ်အခြေအနေက အဲ စာတိုလေးအတိုင်း Spending is quick , Earning is slow ဆိုတဲ့ flow အတိုင်း သွားနေတော့တာပါပဲ။

ဒီအတိုင်းသွားနေရင်တော့ မဖြစ်သေးဘူးပေါ့။အဲဒီတော့ ဘယ်လို ဆိုရင် ရော အဆင်ပြေနိုင်မလဲ။အဲဒီလိုမျိုး ခေါင်းထဲ ထည့်ထား ရတာ ခေါင်းနပန်းတော့ ကြီးစရာပါပဲ။အဲဒီ flow ကို ပြောင်းပြန် လှန် ပြောင်းလဲနိုင်မဲ့ နည်းစနစ်မျိုး ရှိရင်တော့ လိုချင်မိသားဗျ။

ပြောင်းပြန်ပြောင်းလိုက်နိုင်မယ်ဆိုရင်တော့ Spending is slow , Earning is quick ဆိုပြီး ဖြစ်သွားမှာလေ။အဲအတိုင်းဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့။ ငွေ တွေ မြန်မြန် ဝင်လာ တော့မှာကိုး။ငွေတွေမြန်မြန် ဝင်ဖို့ဆိုတာ နဲ့ ဖတ်ခဲ့ဖူးတဲ့ ဝင်ငွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေက အတွေးထဲ ရောက်လာပါတော့တယ်။

ပထမဦးဆုံး သတိရမိတဲ့ အကြောင်းအရာကတော့ မိမိတို့ ရေကန်ထဲကို ပိုက်သွယ်တန်းပြီး ရေရယူတဲ့သူနဲ့ အခေါက်ခေါက် အခါခါ ခပ်ထည့် တဲ့ သူ လူနှစ်မျိုး အကြောင်းပါပဲ။ပိုက်သွယ်တန်းတဲ့သူကတော့ အရင်းနှီး စိုက်ရမယ် ။ နည်းပညာ ရှိရမယ် ။ အကုန် တပ်ဆင် ပြီးတာနဲ့ အေးအေးဆေးဆေးနဲ့ လုပ်အား မလိုပဲ ရေကို ရရှိနိုင်မယ်။ ရေခပ်ထည့်မဲ့ သူကတော့ လုပ်အားကိုပဲ အသုံးပြုရမှာပေါ့။ မိမိ လုပ်အား ရှိသလောက်ပဲ ရရှိနိုင်မယ်ပေါ့။

အဲဒီတော့ ကိုယ့်ကိုယ်ကို ရေသွယ်တန်းသူလား ခပ်ထည့်သူလား စစ်ဆေးကြည့်တော့ ကိုယ်က ရေခပ်ထည့်တဲ့ သူတစ်ယောက်ဖြစ်နေတယ်။ များများနဲ့မြန်မြန် လိုချင်ရင်တော့ လုပ်အားကိုပဲ ပိုစိုက်ထုတ်ရမဲ့ အခြေအနေပေါ့။

အဲဒီတော့ အခုလောလောဆယ် ဝင်ငွေ ရတဲ့ အလုပ်တစ်ခု တော့ ရှိနေပါတယ်။ Earning is quick ဖြစ်နေဖို့ ဆိုရင်တော့ အပိုထပ်ဆောင်း အလုပ်တစ်ခု ထပ်လုပ်ရမဲ့ အနေအထားပါပဲ။ဒါမှသာ ငွေတွေ များများဝင်လာမှာပေါ့။အဲဒီတော့လုပ်အားကိုပဲ ပိုမို စိုက်ထုတ် ပြီး လုပ်ဆောင်နိုင်မလား ဆိုတာ တွေးတောမိပါတယ်။

ပြီးတော့ နောက်ထပ် ဖတ်ခဲ့ဖူးတဲ့ အကြောင်းအရာတွေ သတိရလာ ပြန်တယ်။လူတွေရဲ့ အသုံးအစွဲကို သတိပြုပြီး အဲဒီ လူတွေဟာ ချမ်းသာလာမဲ့ သူလား သာမန် လူလားဆိုတာ ခွဲခြားလို့ရနိုင်ပါသတဲ့။သာမန်လူတွေရဲ့ အသုံးစရိတ် ဟာ သူတို့ ရဲ့ စားဝတ်နေရေး လောက်သာဖြစ်ပြီး ချမ်းသာလာမဲ့ သူတွေကတော့ သူတို့ ပိုဝင်ငွေ ရလာစေဖို့ ပိုမိုအသိပညာ ကြွယ်ဝလာစေဖို့ စတဲ့ အခြေအနေ တွေ အတွက် လည်း အသုံးပြုလေ့ ရှိကြတယ်လို့ မှတ်သားဖူးပါတယ်။

image

Steemit Platform မှာဆိုရင်တော့ steem power ကြိုးစား စုဆောင်းနေကြတဲ့ သူတွေဟာ သာမန်ကိစ္စတွေအတွက် မသုံးစွဲတဲ့ အတွက် အနာဂါတ်မှာ ဝင်ငွေကောင်းလာမဲ့ သူတွေ ဖြစ်တယ်လို့ အကြမ်းဖျင်း သတ်မှတ်လို့ရမယ် ထင်ပါတယ်။သူတို့တွေ ဟာ အချိန်ကာလ တစ်ခု ရောက်တဲ့ အခါ Spending is slow , Earning is quick ဆိုတဲ့ Flow အတိုင်း စီးမြောနိုင်မဲ့ သူတွေ ဖြစ်လာလိမ့်မယ်လို့ ထင်မြင်မိပါတယ်။

တစ်ကယ်တော့ တစ်လမှာ 4 sbd power up တယ်ဆိုတာက အနာဂတ်အတွက် ပိုမို ခမ်းနားလာစေဖို့ အသုံးစရိတ် တစ်ခု သတ်မှတ် သုံးစွဲလိုက်တာပါပဲဗျာ။အဲဒီတော့ ကျွန်တော်အနေနဲ့ ခြေလှမ်း တစ်ခု စတင်ရမှာကတော့ လစဉ် power up အစီအစဉ်မှာ ပြန်လည် ပါဝင်လာနိုင်ဖို့ နဲ့ သာမာန် ကိစ္စ တွေ အတွက် တတ်နိုင်သမျှ အသုံးစရိတ် လျော့ချဖို့ပဲ ဖြစ်ပါတော့တယ် ခင်ဗျာ။

MSC ညီအကို မောင်နှမများ Steemit Platform မှာ ပျော်ရွှင် စွာ ဖြတ်သန်းနိုင်ကြပါစေခင်ဗျာ။

MSC - 049
@shweyaungmyanmar