World Peace Prize ( Congratulating )

Hello , steemit မှ အကိုအမ ဦးလေး အန်တီများအားလုံး
မင်္ဂလာပါ ရှင့်

၂၀၁၈-ဇွန်​လ(၃၀) ရက်နေ့ ၊ Stockholm မြို့တော်
ခမ်းမတွင် Stockholm World Peace Prize ချီးမြှင့်ခြင်းခံရသော IBEC ဆရာတော်၏ ကျေးဇူးတင် ဝမ်းမြောက်ကြောင်း စာလွှာအား

သမီးတို့ IBEC အဖွဲ့သားများ မှ မြန်မာဘာသာဖြင့် စီလျှော်အောင် ဘာသာပြန် ပူဇော်ထားခြင်းဖြစ်ပါသည်

IBEC ဆရာတော် ၏ မိန့်ခွန်း( အား မြန်မာ ဘာသာပြန်ဆိုထား
ခြင်း)

image

ယနေ့ပြုလုပ်သော ကမ္ဘာငြိမ်းချမ်းရေး ညီလာခံသို့ ကြွရောက်လာကြသော ဂုဏ်သရေရှိလူကြီးမင်းများနှင့် အထူးဧည့်သည်တော်များ အားလုံးမင်္ဂလာပါလို့
နှုတ်ခွန်းဆက် သပါတယ်

ယခုကဲ့သို့ ကျွန်ုပ်အား ဆွီဒင်နိုင်ငံ ကမ္ဘာ့ငြိမ်းချမ်းရေးညီလာခံကြီးမှ ငြိမ်းချမ်းရေးဆု ပေးအပ်ခံရခြင်းအတွက် အထူးဝမ်းမြောက်မိပါတယ်

မျှော်လင့်မထားပဲ စတော့ဟုမ်း ကမ္ဘာ့ငြိမ်းချမ်းရေးဆုအား မြန်မာနိုင်ငံ ကိုယ်စားပြုပြီး ချီးမြှင့်ခံရသည့်အတွက်လည်း အတိုင်းမသိ ဂုဏ်ယူ မိကြောင်း ပြောကြားပါရစေ

ကျွန်ုပ်အသေအချာပြောရဲတာက ဒီငြိမ်းချမ်းရေးဆုကြီးဟာ ကမ္ဘာကြီးမှာ အကြမ်းမဖက်မှု၊ တစ်ဦးပေါ်တစ်ဦး စာနာရိုင်းပင်း တတ်မှု၊ လူသားအားလုံးအပေါ် မေတ္တာတရားထားရှိမှုနဲ့ လူသားမျိုးနွယ်အားလုံးရဲ့ စစ်မှန်သော တန်းဖိုးအား အသိအမှတ် ပြုပြီးပေးအပ်ခြင်းလို့ပဲ ကျွန်ုပ်မှတ်ယူမိပါတယ်

ဒီနေရာမှာ ကျွန်ုပ်လာခဲ့တဲ့ ကျွန်ုပ်ရဲ့ နိုင်ငံဖြစ်တဲ့ မြန်မာပြည်အကြောင်းအနည်းငယ် မျှဝေပေးလိုပါတယ် … ။ ကျွန်ုပ်အနေနဲ့ ငြိမ်းချမ်းရေးဆု လက်ခံရယူဖို့ ယနေ့ ဒီနေရာကို ရောက်ရှိလာခဲ့ပါပြီ

သို့သော်လည်း ကျွန်ုပ်ရဲ့ နိုင်ငံမှာတော့ လွန်ခဲ့သော နှစ်ခြောက်ဆယ်ကျော်မှ ယနေ့အချိန်ထိ အချို့သော တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသားအချင်းချင်း အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးအတွက် အဖြေရှာဖို့ ခက်နေဆဲပဲ ဖြစ်ပါတယ်

ဒါပေမဲ့ ယခု အချိန်မှာတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံတော်သမ္မကြီးနှင့်နိုင်ငံတော်အတိုင်ပင်ခံ ဒါယိကာမကြီး ဒေါ်အောင်ဆန်းစုကြည်တို့ဟာပြည်သူနဲ့ အတူဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ပြုပြီး တိုင်းပြည်အတွင်း ပရိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေမှာ ငြိမ်းချမ်းရေးရဖို့၊ စစ်မက်ကြောင့် အဖက်ဖက်က ပျက်စီးနေတဲ့နေရာတွေမှာ ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့နှင့်ပြန်လည် ထူထောင်နိုင်ဖို့ အပြင်း အထန် ကြိုးစားနေပါတယ်

အတိုင်ပင်ခံ ပုဂ္ဂိုလ်အနေဖြင့် ပူးပေါင်းကြိုးစားမှု၊ ညီညွတ်မှုအတွက် လိုအပ်သော စည်းရုံးမှုတွေကို အင်နဲ့ အားနဲ့ ကြိုးစားပြုလုပ်နေလျှက်ရှိပါတယ် ။ တိုင်းပြည်အတွင်းရှိ တိုင်းရင်းသား ပြည်နယ်တွေ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အစိုးရကို ကူညီထောက်ပံ့ပိုးကြဖို့ ပြည်သူတွေကို တိုက်တွန်းထားပါတယ်
သူမအနေဖြင့် ငြိမ်းချမ်းရေး ကိစ္စတွေမှာ အခြားသော ကိစ္စရပ်များထက် အထူးအာရုံ စိုက်လုပ်ဆောင်နေတာကို
တွေ့ရပါတယ်။ အလားတူ တိုးတက်မှုများလည်း ရှိနေပြီ ဖြစ်ပါတယ

ကမ္ဘာက ချီးမြှင့်ထားသော နိုဘယ်လ်စုရှင် ဖြစ်သည်နှင့်အညီ ငြိမ်းချမ်းရေးဆွေး နွေးပွဲများမှတစ်ဆင့် ၂၁-ရာစု ပင်လုံ ညီလာခံနှင့် တစ်နိုင်ငံလုံးအပစ်အခက်ရပ်ဆဲရေး သဘောတူညီမှု ရရှိရေးအတွက် စွမ်းစွမ်းတမံ ကြိုးစားနေပါတယ်။ ထို့နောက် နိုင်ငံ၏အဘက်ဘက်မှ ယိုယွင်းပျက်စီးနေသော အခြေအနေအရပ်ရပ်ကို တည်ဆောက်ရင်း အနောက်တံခါးဝ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နယ်ကြား ဖြစ်ပေါ်နေသော လူမျိုးစုနှစ်ခုကြား ပြဿနာကိုလည်း ညင်သာစွာဖြင့် ဖြေရှင်းလျှက်ရှိပါတယ်

အခုလက်ရှိမှာ ကမ္ဘာနေရာ အနှံ့အပြားမှာ လူမျိုးရေးခွဲခြားမှုတွေ အပါအဝင် နိုင်ငံရေး၊ စီးပွားရေး လူမှုရေးအကြပ် အတည်းပေါင်းစုံ၊ စိန်ခေါ်မှုပေါင်းစုံနဲ့ ရင်ဆိုင်နေရပါတယ်။ ထို့နည်းအတူ လိမ်လည်မှုတွေ အကြမ်းဖက်မှု တွေ၊ သတ်မှုဖြတ်မှု တွေနဲ့ လုယက်မှုတွေကို တွေ့ကြုံရင်ဆိုင်နေရတယ်ဆိုတာ ကျွန်ုပ်တို့ လက်တွေ့မျက်မြင်ပဲ ဖြစ်ပါတယ်

ဒီဖြစ်ပျက်တွေဟာ လူသားတို့အတွက် ဒုက္ခဖြစ်ပြီး စိတ်သောကရောက်စရာများလည်း ဖြစ်ပါတယ်။ ဒါဆို ကျွန်ုပ်တို့ တိုးတတ်နေတဲ့ခေတ်ကြီးမှာတောင် တန်ဘိုးရှိတဲ့ လူ့ဘဝတွေဟာ မလုံခြုံဘူးဆိုတာ ရှင်းနေတာပဲ။ ဒါဟာ ဘာကိုပြသနေတာလဲဆိုတော့ ကမ္ဘာကြီးငြိမ်းချမ်းတည်ငြိမ်အေးချမ်းသာယာဖို့ အဟိံသတရား လက်ကိုင်ထားပြီး ငြိမ်းချမ်း ရေး အတွက် ကြိုးစားဆောင်ရွက်တဲ့ ပုဂ္ဂိုလ်တွေ လိုအပ်နေတယ်ဆိုတာကို ဆိုလိုခြင်းပဲ ဖြစ်ပါတယ်

ကျွန်ုပ်တို့ ၏ နိုင်ငံရေးခေါင်းဆောင်များ၊ ဘာသာရေးခေါင်းဆောင်များ၊ လူ့ပတ်ဝန်းကျင် အသင်းအဖွဲ့ခေါင်းဆောင်များ ပူးပေါင်း ဆောင်ရွက်မှုနဲ့အတူ မဝေးသောအနာဂတ်မှာ ကမ္ဘာ့ငြိမ်းချမ်းရေးကို လွယ်လင့်တကူ ရရှိနိုင်ဖို့ရန် တူညီသော လမ်းကြောင်းပေါ်မှာ အတူလက်တွဲ လုပ်ဆောင်ရပါမယ်

အနှစ်ချုပ်အားဖြင့် အနာဂတ်မျိုးဆက်သစ်များရဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အတူလက်တွဲ ကြိုးစားဖို့ ဒီနေရာကနေ တိုက်တွန်းချင်ပါတယ်

ယခု ကျွန်ုပ်အားချီးမြှင့်လိုက်သော ဤငြိမ်းချမ်းရေးဆုသည် ပြည်တွင်းငြိမ်းချမ်းရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးရရှိဖို့ ကြိုးစားရာတွင် ဆုံးဖြတ်ချက် ခိုင်မာစေပြီး အားထုတ်နိုင်မှု စိတ်ဓာတ်ခွန်အားတစ်ရပ်ဖြစ်စေပါတယ်

ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ပိုမိုဆောင်ရွက်နိုင်ရန် စွမ်းအားတစ်ခုအဖြစ် ပံ့ပိုးကူညီပေးရာရောက်ပါတယ်။ ဤ ငြိမ်းချမ်းရေး ညီလာခံ မှ ကျွန်ုပ်အား ငြိမ်းချမ်းရေးဆု
ပေးအပ်ခြင်းဟာ ပုဂ္ဂိုလ်ရေးနီးစပ်သောကြောင့် ချီးမြှင့်ခြင်း မဟုတ်ပဲ ပြည်တွင်း သာမက ကမ္ဘာ့ငြိမ်းချမ်းရေးအတွက်ပါ ကျရာ အခန်းကဏ္ဍများတွင် တတ်စွမ်းသရွေ့ ဆောင်ရွက်နေသောကြောင် ငြိမ်းချမ်းရေး သံတမံ အဖြစ် အသိအမှတ်ပြုခြင်းကြောင့် ပေးအပ်ခြင်းဖြစ်သည်ဟုကျွန်ုပ်အသေအချာယုံကြည်ပါတယ် ..

သို့ကြောင့် ကျွန်ုပ်အနေဖြင့်လည်း ပြည်တွင်း ငြိမ်းချမ်းရေးသာမက ကမ္ဘာကြီး၏ ငြိမ်းချမ်းရေးလုပ်ငန်းများမှာလည်း ဆက်လက်ပြီး ဆထက်ထမ်းပိုး တိုး၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ကတိပြုပါတယ်

ငြိမ်ချမ်းရေးအတွက် ကျွန်ုပ်တို့အားလုံး စစ်မှန်သော ကြိုးစားလုံ့လပြုကြမည်ဆိုပါက ကျွန်ုပ်တို့ပြောသော၊ ကျွန်ုပ်တို့ အားလုံး လိုချင်ကြသောငြိမ်းချမ်းရေးအစစ်ကို ရရှိနိုင်ပါလိမ့်မယ်ဟု အသေအချာ ယုံကြည်မိပါသည်

အထက်ပါ မိန်ခွန်းသည် ၂၀၁၈-ဇွန်​လ(၃၀) ရက်နေ့ ၊ Stockholm မြို့တော် ခန်းမတွင်
Stockholm World Peace Prize
ကမ္ဘာ့ငြိမ်းချမ်းရေးဆု တက်ရောက်ယုစဉ် တွင် ဆရာတော်ကြီး
ပြောကြားခဲ့သော English ဘာသာဖြင့် မိန့်ကြားခဲ့သော
IBEC ဆရာတော်၏ ကျေးဇူးတင် ဝမ်းမြောက်ကြောင်း မိန့်ခွန်းအား IBEC အဖွဲ့သားများမှ ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်

ဆရာတော် ဘုရား ဒိထက်မက သာသနာပြု လုပ်ငန်းများ
ပရဟိတ လုပ်ငန်း များဆထက်တန်ဖိုးဆောင်ရွက်နိုင်ပါစေဟု
တောင်ဆု ပြုလိုက်ပါသည်

@shunlai

H2
H3
H4
3 columns
2 columns
1 column
2 Comments
Ecency