သိရှိလေ့လာမဟာဘုတ်ပညာ(4) Learn to know Mahabote Wisdom(4)

အခန်း(၄)

၁ကြွင်းဖွားတို့အားလေ့လာခြင်း(သို့မဟုတ်)ယေဘုယျအဟော

အစမှာတင်ပြီးဆိုပေမယ့်ပြန်တွက်နည်းပြောမယ်။ မိမိမြန်မာမွေးနေ့ကို ၇နဲ့စား အကြွင်း ၁ရရင် ကိုက ၁ကြွင်းဘဲ့။ တခြားကြွင်းရနေရင် စောင့်ဖတ်ပါနော်..အကြွင်းဖွားမသိရင်..မြန်မာမွေးနေ့မသိရင် mentပီးမေးပါ.ခင်ဗျ.

၁ကြွင်းဖွားများတွင် ဗုဒ္ဓဟူးဂြိုလ်သည် မရဏငှနတွင်ရှိသည်။ တနင်္ဂနွေဂြိုလ်သည် ဘင်္ဂငှါနတွင်ရှိသည်။ တနလာင်္ဂြိုလ်သည် ပုတိငှါနတွင်ရှိသည်။ စေနေဂြိုလ်သည်..အထွန်းငှါနတွင်ရှိသည်။ အင်္ဂါဂြိုလ်သည် သိုက်ငှါနတွင်ရှိသည်။ သောကြာသည်ရာဇာငှါနတွင်ရှိသည်။ ကြသပတေးသည် အဓိပတိတွင်ရှိသည်။ ပုံကိုလေ့လာကြည့်ပါ။
image

မရဏငှါနတွင်ရှိသော ဗုဒ္ဓဟူးဂြိုလ်ကိုလေ့လာကြည့်ပါစို့။ မရဏဂြိုလ်တွင်ဗုဒ္ဓဟူးဂြိုလ်ရှိနေတယ်။ မရဏဂြိုလ်ရဲ့အိမ်ရှင်ကအမြဲစေနေဂြိုလ်ရှိတယ်။စေနေသဘောကိုယူဟောရမယ်။

၁ကြွင်းဖွားတွေက လူတွေအပေါ်ဂရုစိုက်ပေမယ့်အရွဲ့တိုက်တတ်တယ်။ လူတွေအဖွဲ့အစည်းပေါ်ကောင်းတာလုပ်လုပ်မကောင်းတာလုပ်လုပ်အပြစ်ကပြောခံထိရော..။ဒါကြောင့်အရွဲ့တိုက်တတ်တာ..။ဟုတ်ပီပြောခံထိမလဲ..ဥပမာ ၁ကြွင်းဖွားက မြောင်းပိတ်နေတယ်ပေါ့.ကို့အိမ်ရှေ့တင်မလုပ်ဘူး.ဟိုဘက်အိမ်လည်းသွားလုပ်ပေးအူးမှ..ဘာပြောခံရမလဲသိလား.မင်းအပူဘာပါလဲ.ဆိုပီးတော့ပေါ့..ဒါပေမယ့်ဒါတွေကိုသည်းခံ.တနေ့ကျရင်.နားလည်လာလိမ့်မယ်။ မကောင်းတဲ့အပေါင်းအသင်းနဲ့ကောင်းတဲ့အပေါင်းအသင်းက ငယ်ရွယ်စဉ်မှာမကောင်းတဲ့အပေါင်းအသင်းကပိုပေါတယ်။ အရက်ပေးတိုက်မယ့်သူ၊ကျောင်းပြေးမယ့်သူ၊ ဖာချမယ့်သူတွေနဲ့သာတိုးတယ်။ ၁ကြွင်းမရဏဖွားဗုဒ္ဓဟူးသား/ရာဟုသားတွေက စိတ်အပြောင်းအလဲမြန်တယ်..ပေးနေတုနိးယူထား.နောက်မှတောငိးမယ်ဆိုရင်ရမှာမဟုတ်ဘူး။ တခုကောင်းတာက မလုပ်ဘူးဆိုရင်မလုပ်ဘူး.လုပ်ပီဆိုရငိလည်းတားမရဘူး.သေချာလုပ်သွားတာ..။.တရားတာမတရားတာမသိဘူး.အောင်မြင်ဖို့ကအဓိကဦးစားပေးတတ်တယ်။ ရောဂါအနေနဲ့ကတော့ ကိုယ်ခန္ဓာအတွင်းအပြင်အားနည်းတတ်တယ်..အားနာပြီးသူများကျွေးတာမစားနဲ့..မတည့်တာစားမိတတိတယ်။ဒါကမရဏယေဘုယျသဘောတွေ။
ရေလုပ်ငန်း၊ရွှေလုပ်ငန်း၊ အော်ပရေတာလုပ်ငန်း၊ စားသောက်ကုန်တွေအကျိုးမပေးဘူး..၊ရတာလည်းတွေကုန်တတ်တယ်။ online shoppingတို့ဘာတို့လည်းလုပ်ရင်.တခုသတိထားရမယ်..မာနကိုအသေလျာ့ထား၊ လူလိမ်မခံရအောင်သတိထား။

၁ကြွင်း တနင်္ဂနွေဘင်္ဂကိုဆက်လေ့လာကြည့်ရအောင်။ ၁ကြွင်းဖွားအများစုဟာ ငယ်စဉ်ကအဖေအမေနဲ့အတူနေရတာရှားတယ်၊ အဘိုးအဘွားတွေနေရတာ.တနင်္ဂနွေဘင်္ဂရဲ့အစွမ်းကြောင့်ပေါ့.ဘင်္ဂငှါနရဲ့အိမ်ရှင်ဂြိုလ်က ဗုဒ္ဓဟူးနဲ့ရာဟု..ဖြစ်တယ်။ အများအားဖြင့် အဖေအမေနဲ့အတူနေလိုက် ဘိုးဘွားတွေနဲ့နေလိုက်၊ ဦးလေးအဒေါ်တွေနဲ့နေလိုက်ဖြစ်တတ်တယ်။ ၁ကြွင်းတွေက အိုးပိုင်အိမ်ပိုင်နဲ့နေရရင်.မမကြာခဏခရီးထွက်ရတတ်တယ်။အိမ်မှာဇွတိနေရင်ဖျားနာပီးနုန်းချိတတ်တယ်။ တခုရှိတာက အိမ်မှာ.တခုခုလိုနေရင်တော့ ကြိုက်သလိုနေ.ဘာမှကိုမဖြစ်တာ..။ အကြီးအကဲတွေက ကို့အပေါ်ချစ်ခင်ပေမယ့် ထုတ်မပြဘူး.။ စည်းကမ်းကိုတော့ အကောင်းမွန်ဆုံးဖြစ်အောင်ထုတ်နိုင်တယ်ဒါပေမယ့် ကိုယ်တိုင်ကလိုက်မလုပ်တတ်ဘူး..။ ထိပ်ပိုင်းရောက်ရင်.ကို့လက်အောက်ငယ်သားတွေပေါ်ညှာတာရမယ်၊အလိုတော့မလိုက်သင့်ဘူး၊ ကို့သားသမီးအပေါ်စည်းကမ်းတငိးကျပ်တာလျော့ရမယ်။ ကျောင်းတို့အိမ်တို့ခဏခဏပြောင်းရရင်ဘဝမှာအပြောင်းအလဲများတယ်..။
တွဝေမနေဖို့ကအရေးကြီးတယ်။.ဒါက ဘင်္ဂတနင်္ဂနွေသဘောတရား။ **

၁ကြွင်းပုတိတနလာင်္သဘောတရား။ ပုတိရဲ့အိမ်ရှင်ဂြိုလ်ကတနလာင်္ဂြိုလ်နေတာ။ အချစ်ရေးမှာချစ်သူရည်းစားများတတ်တယ်။ အချစ်ဦးမှာ.ကို့ဘက်ဖြစိဖြစ်သူ့ဘက်ဖြစ်ဖြစ်.ဒုတိယအာဏာရှိတဲ့ မိခင်ဒါမှမဟုတ်အမျိုးတွေကြောင့် ဝေးကွာတတ်တယ်။ ၁ကြွင်းမိန်းကလေးတွေက အသက်ကြီးတဲ့ယောက်ျားတွေရဲ့သဘောကျတာ.ဒါမှမဟုတ်မိမိကသဘောကျတတ်တယ်။ဦးလေး၊ဦးကြီး၊ကိုကြီးအသက်အရွယ်တို့နဲ့ဖြစ်များတယ်။ ကို့အိမ်မာ၁ကြွင်းမိန်းကဘေလေးဘယ်နေ့ဖွားဖြစ်ဖြစ်ရှိရင်.အသက်ကြီးတဲ့သူနဲ့ယုံကြည်စိတ်ချမထားနဲ့၊ အိုးချင်းထားအိုးချင်းညှိ ကြိုးချင်းထားကြိုးချငိးညှိသွားလိမ့်မယ်။ ၁ကြွင်းဖွား.အများစုဟာ.အန်တီ၊မမကြီး၊ဒေါ်လေးအရွယ်တွေနဲ့ ကိုကြီး၊ဦးလေး၊ဦးကြီးတို့ရဲ့..အချစ်Lessonပို့ချတာခံရတတ်တယ်။ ကို့ထက်အသက်တေိာတော်ကြီးတဲ့မိန်းမတွေမာယာကျော့ကွင်းမှာမိတတ်တယ်။ ရည်းစားများများထားဖို့တွေးမိတတ်ကြတယ်။ တယောက်ဆိုတယောက်ထားမှ.အဆင်ပြေတယ်။ ငယ်ရွယ်စဉ်အိမ်ထောင်ကျရင်..နစ်ဆက်ဖြစ်တတ်တယ်။ ကိုကအလွန်သဝန်တိုတယ်။.ကို့ချစ်သူကို တခြားလူကမျက်စိနဲ့ကြည့်ရင်တောငိမကြိုက်ဘူး.အစွန်းရောက်လွန်းတယ်(မရဏဥာဉ်က တခြားလူအများစုနဲ့လာထိလို့) ဒါကြောင့်ရန်ခနခနဖြစိတတိတယ်။ အာ့စိတ်ကိုထိန်း။ သူများကိုရန်ရှာတာထကိကို့ကောင်မလေးကောင်လေးချစ်သူကို..ပိုပြောတတ်တယ်။.စိတိကတော့မချော့ကတည်းကပြေပီးသားပုံစံမ်ျူး။ ဆိုးတာက သတိရတိုင်းရစ်တတ်တာတခုဘဲ့။
အိမ်ထောင်ကျရင် ငယ်ငယ်လေးနဲ့ကျရင်နစ်ဆက်ဖြစ်တတ်တယ်။ ကိုကအိမ်ထောင်ပြုပြီးရင်မမြဲမြဲအောင်လုပ်တတ်ပေမယ့်ပေါ့လေ။ကို့ထက်ငယ်သူနဲ့ကျရင်ပိုသေချာတယ်။ ကြက်ငှက်စတဲ့မွေးမြူရေးလုပ်ငန်းတွေ၊ ရေနဲ့ဆကိစပ်တဲ့မွေးမြူရေးလုပ်ငန်း၊ဝက်တို့အကျိုးမပေးဘူး။

နောက်ဟာဆက်လက်ဖော်ပြပေးမယ်။ မဟာဘုတ်ကအနစ်ချုပ်ဘဲ့..ဒါတွေအခြေခံဘဲ့ရှိသေးတာ..ကျန်တဲ့အကြွင်းတွေတော့ မန့်ရင်ဘုတ်ရင်း စောင့်ကြပါလို့..
(ဗေဒင်မေးချင်လည်းရတယ်.ပိုက်ဆံမယူဘူး
Steemနဲ့ Spdဘဲ့ယူတာ..စတာပါ.. သဘောပါ)
image
@sawmyattun
MSC 088
Authur Saw Myat Tun
Photo Saw Myat Tun
From Myanmar

Fb list https://www.facebook.com/sawmyat.tun.3150

H2
H3
H4
3 columns
2 columns
1 column
41 Comments
Ecency