ညို့မျက်ဝန်း

ရိုးရှင်းတဲ့ ရင်ခုန်ခြင်းနဲ့အစပြုလို့
နွေးထွေးတဲ့ အကြည့်တစ်ချက်ရဲ့
ညှို့ယူမှုက ကိုယ့်ရင်ကို
လှုပ်ခတ်မှုက ထိန်းမရ။ ။

သူမရဲ့ မျက်ဝန်းအကြည့်ကြောင့်
ကိုယ့်နှလုံးသားလေး အဖျားတက်နေခဲ့ပြီ. . .
ထိန်းချုပ်မှုတွေ မဲ့နေခဲ့ပြီ. . .

နှလုံးသားလေး တည်ငြိမ်နေဖို့
မင့်ရဲ့ နှုတ်ခမ်းဖျားက
ချိုသာတဲ့ ချစ်စကားတစ်ခွန်းသာ
ကိုယ့်နှလုံးသားလေးကို
အာဟာရဖြည့်ပေးနိုင်တော့မှာ. .

အိမ်မက်တွေ မရှိတတ်တဲ့
ကိုယ့်ရဲ့ အိပ်စက်ခြင်းတွေမှာ
အိမ်မက်တွေအဖြစ်နဲ့
ညှို့မျက်ဝန်းရဲ့ ပိုင်ရှင်လေး
အမြဲစိုးမိုးနေခဲ့ပြီ. .

image

H2
H3
H4
3 columns
2 columns
1 column
2 Comments
Ecency