This content was deleted by the author. You can see it from Blockchain History logs.

Yangon residents cry foul over factories next door

Yangon residents cry foul over factories next door
ရန်ကုန်မြို့တွင် နေထိုင်သူများ စက်ရုံများကြောင့် စိတ်ပျက်နေရ
Factories in residential areas that cause air pollution and foul odours are making life a misery for some city and outer urban residents in Yangon Region.
လူနေရပ်ကွက်များတွင် စက်ရုံများမှ ထွက်ရှိသော အနံ့ဆိုးများ လေထုညစ်ညမ်းမှုများကြောင့် ရန်ကုန်တိုင်း ဒေသကြီးရှိ မြို့နယ်များတွင် ပြည်သူများ စိတ်ပျက်နေရသည်။
By KYAW LIN HTOON | FRONTIER
ကျော်လင်းထွန်း ရေးသားသည်။
WHEN ITALIAN agronomist Mr Paolo Cerati, 45, first moved to Myanmar he admired Yangon’s clean, green environment. That was 13 years ago. Cerati, the founder of a successful fresh fruit and vegetable business, Fresco Myanmar, says the Yangon environment has deteriorated because of pollution. He feels it in his lungs.
အသက် ၄၅ နှစ် အရွယ် အီတာလီလူမျိုး ဟင်းသီးဟင်းရွက်နှင့် အစားအစာ ပညာရှင် Mr Paolo Cerati မြန်မာနိုင်ငံကို စတင်ပြောင်းရွှေ့လာစဥ်က သူသည် ရန်ကုန်မြို့၏ စိမ်းလန်းစိုပြေမှုကို သဘောကျခဲ့သည်။ ၎င်းမှာ လွန်ခဲ့သော ၁၃ နှစ်က ဖြစ်သည်။ လတ်ဆတ်သော ဟင်းသီးဟင်းရွက်များကို ရောင်းချသော Fresco Myanmar ကို တည်ထောင်သူ Cerati က ပြောကြားရာတွင် ရန်ကုန်မြို့၏ သဘာဝပတ်ဝန်းကျင်သည် လေထု ရေထု ညစ်ညမ်းမှုကြောင့် တစ်နေ့တစ်ခြား ဆိုးရွားလာနေသည်ဟု ဆိုသည်။ သူ၏ အဆုတ်က ခံစားသိရှိရသည်ဟု ဆိုသည်။
Cerati welcomes the times when he can escape the city for the fresh, clean air of his chemical-free farm at Heho, near the Shan State capital, Taunggyi. His health is better in the hills and he doesn’t need to use his asthma spray.
Cerati က ရှမ်းပြည်နယ် မြို့တော် တောင်ကြီးမြို့အနီးရှိ ဟဲဟိုးမြို့တွင်ရှိသော သူ၏ ဓါတ်မြေသြဇာ ကင်းလွတ်သော စိုက်ခင်းကို သွားရောက်ရသောအခါတွင် လွန်စွာသဘောကျသည်။ သူ၏ ကျန်းမာရေးသည် တောင်ပေါ်ဒေသတွင် ပိုမိုကောင်းမွန်ပြီး သူ၏ ပန်းနာရင်ကျပ် ရောဂါအတွက် ရှူဆေး အသုံးပြုစရာ မလိုကြောင်း ပြောပြသည်။
Cerati believes his asthma was exacerbated by sickening fumes emitted from a raw rubber processing business run as a home industry next to his house in Yangon’s Mayangone Township.
ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ သူ၏ နေအိမ်ဘေးတွင် အိမ်တွင်းလုပ်ငန်း တစ်ခုအနေဖြင့် ရာဘာချက်လုပ်ငန်းက ထွက်ရှိသော မီးခိုးငွေ့များကြောင့် သူ၏ ပန်းနာရင်ကျပ် ရောဂါက ပိုမိုဆိုးလာခြင်း ဖြစ်သည်ဟု ဆိုသည်။
As well as posing a health hazard, Cerati said the home industry, which processes rubber sheets, was also a fire risk. “If there was a fire in that house, a toxic cloud would spread over the area for days and force the evacuation of residents,” he said.
ကျန်းမာရေး အန္တရာယ် ရှိနေသည့်အပြင် ထိုအိမ်တွင်း စီးပွားရေးလုပ်ငန်းသည် ရာဘာပြားများကို ထုတ်လုပ်သည်ဖြစ်ရာ မီးဘေးအန္တရာယ်လည်း ရှိနေသည်။ ထိုအိမ်တွင် မီးလောင်ကျွမ်းပါက ရာဘာမှထွက်သော အဆိပ်ငွေ့များသည် ထိုအနီးအနား ပတ်ဝန်းကျင်တွင် ပျံနှံ့နေနိုင်သည်။ ထိုသို့ဖြင့် အနီးအနား နေထိုင်သူများကို ဘေးကင်းရာ ပြောင်းရွှေ့ပေးရမည် ဖြစ်သည်။
The situation highlights zoning challenges facing the commercial capital, as accelerated growth driven by urbanisation and internal migration have resulted in factories that were once on the city’s outskirts polluting the environment in residential areas.
ထိုအခြေအနေက စီးပွားရေး မြို့တော်ဖြစ်သော ရန်ကုန်မြို့တွင် စက်မှုဇုန် ထားရှိရန်နေရာ ပြဿနာကို ဖော်ညွှန်းနေသည်။ မြို့ပြများ ချဲ့ထွင်လာခြင်း မြို့ပြသို့ ပြောင်းရွှေ့အခြေချလာခြင်းတို့ကြောင့် ယခင်က မြို့ပြင်တွင်ရှိသော စက်ရုံများသည် ယခုအခါတွင် လူနေရပ်ကွက်ထဲ ရောက်နေလေသည်။
The enactment of the Environmental Conservation Law in 2012 and the Yangon City Development Committee Law in 2013 have given the city authorities the legislative teeth they need to address zoning challenges. However, officials acknowledge that some factories and home industries are able to continue operating in residential areas because they were licensed before the laws took effect.
၂၀၁၂ ခုနှစ်တွင် ပြဌာန်းခဲ့သော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေနှင့် ၂၀၁၃ ခုနှစ်တွင် ပြဌာန်ခဲ့သော ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဥပဒေတို့သည် မြို့တော်အာဏာပိုင်များကို ဥပဒေပြုနိုင်သည့် အခွင့်အာဏာ ပေးထားသည်။ ထို့သို့ဖြင့် စက်မှုဇုန် နေရာချရေး ပြဿနာကို ဖြေရှင်းနိုင်သည်။ သို့သော် တာဝန်ရှိသူများက ပြောကြားရာတွင် တစ်ချို့သော စက်ရုံများ အိမ်တွင်း စီးပွားရေး လုပ်ငန်းများသည် ဥပဒေ မပြဌာန်းခင်ကတည်းက လိုင်စင်ရထားသောကြောင့် ဆက်လက်လုပ်ကိုင်နေနိုင်ကြသည်ဟု ဆိုသည်။
Residents of affected areas, environmentalists and some lawmakers say such factories and home industries need to undergo more stringent checks to determine their impact on the surrounding area, and then take action as required.(pic)
ထိုသို့သော နေရာများတွင် နေထိုင်သူများ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များနှင့် လွှတ်တော်အမတ်များက ပြောကြားရာတွင် ထိုစက်ရုံများ အိမ်တွင် စီးပွားရေးလုပ်ငန်းများကို ပတ်ဝန်းကျင် ထိခိုက်မှု မည်မျှရှိသည် စစ်ဆေးပြီး လိုအပ်ပါက အရေးယူမှုများ လုပ်ဆောင်သင့်သည်ဟု အကြံပေးထားသည်။
“The government departments are still weak at working together so they can identify and take action against industries causing environmental problems in community wards,” said Daw Thit Thit Han, an environmentalist with Spectrum, a Yangon-based sustainable development knowledge network.
အစိုးရ ဌာနများသည် ပူးပေါင်းလုပ်ဆောင်မှု အားနည်းခြင်းကြောင့် လူနေရပ်ကွက်များတွင် ပတ်ဝန်းကျင် ပြဿနာများ ဖြစ်ပေါ်စေသော စက်ရုံများကို ရှာဖွေအရေးယူရာတွင် အခက်တွေ့လျှက် ရှိသည်ဟု ရန်ကုန်အခြေစိုက် သဘာဝပတ်ဝန်းကျင် ညီညွတ်သော ဖွံ့ဖြိုးရေး ပညာရေး ကွန်ယက်ဖြစ်သည့် Spectrum မှ သဘာဝပတ်ဝန်းကျင် ပညာရှင် ဒေါ်သစ်သစ်ဟန်က ပြောကြားသည်။
“Another problem is that each department is either not well informed or is unclear about its responsibility.”
တခြား ပြဿနာ တစ်ခုမှာ အစိုးရ ဌာနများသည် သတင်းအချက်အလက်များ မရရှိခြင်းနှင့် မိမိတို့၏ တာဝန်ကို သေချာရေရာစွာ မသိရှိခြင်းတို့ ဖြစ်သည်ဟု သူမက ဆိုသည်။
Noxious neighbours
အန္တရာယ်ရှိသော အိမ်နီးချင်းများ
More than 12 years ago, U Maung Maung Lwin, 79, and his wife, Daw Baby, 73, moved from Thingangyun Township to the Shukhin Thar housing estate in Yangon’s outer eastern Thaketa Township to enjoy what they hoped would be a pleasant retirement.
လွန်ခဲ့သော ၁၂ နှစ်ခန့်က ဦးမောင်မောင်လွင် အသက် ၇၉ နှစ်နှင့် သူ၏ ဇနီး ဒေါ်ဘေဘီ အသက် ၇၃ နှစ်တို့သည် သင်ကန်းကျွန်း မြို့နယ်မှ သာကေတမြို့နယ် အရှေ့ပိုင်း ရှုခင်းသာ အိမ်ယာသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။ အငြိမ်းစား ယူချိန်တွင် အေးအေးဆေးဆေး နေထိုင်နိုင်မည်ဟု မျှော်လင့်ခဲ့ကြသည်။
When they bought their fifth floor apartment, in a building at the southern end of the estate, it overlooked bare fields, with areas earmarked for a small market, a playground and a community park.
ထိုအိမ်ယာ၏ တောင်ဘက်ဆုံး အဆောက်အဦး၏ ၅ လွှာတွင်ရှိသော အခန်းကို ဝယ်ယူသောအခါ အဆောက်အဦးရှေ့တွင် မြေကွက်လပ်ကြီး တစ်ခုရှိသည်။ ၎င်းမှာ စျေးနေရာ ကစားကွင်းနှင့် ပန်းခြံ တည်ဆောက်ရန် ထားရှိသည်ဟု သိရသည်။
The apartment’s previous owner told Maung Maung Lwin of the plan by the Housing Department, which built the estate, to establish the market and the park. He said other residents had given him the same information.
ထိုတိုက်ခန်းကို ယခင် ပိုင်ဆိုင်သူကလည်း အိမ်ယာဌာနက ထိုနေရာတွင် စျေးနှင့် ပန်းခြံ တည်ဆောက်ရန် အစီအစဥ် ရှိသည်ဟု ဦးမောင်မောင်လွင်ကို ပြောပြခဲ့သည်။ သူနှင့်အတူ နေထိုင်သော တခြားတိုက်ခန်းမှ လူများကလည်း ထိုသို့ပြောသည်ဟု ဆိုသည်။
A few years after Maung Maung Lwin moved in to the estate, the land supposedly set aside for the market and park was bought or leased by Tet Lann Concrete Co Ltd, which built a factory on the site.
Meanwhile, on the eastern side of the housing estate, a palm oil refinery has been established by the Yuzana Group of Companies, one of the nation’s biggest industrial conglomerates.
ဦးမောင်မောင်လွင်တို့ ပြောင်းရွှေ့လာပြီး နှစ်အနည်းငယ် အကြာတွင် ထိုစျေးနေရာနှင့် ပန်းခြံအတွက် ထားရှိသော မြေကွက်လပ်ကို တက်လမ်း ဘိလပ်မြေ ကုမ္ပဏီက ငှားရမ်းလိုက်ပြီး စက်ရုံတစ်ခု တည်ဆောက်လိုက်သည်ဟု ဆိုသည်။
“In the afternoon and evening, I have to endure the smelly air pollution from the palm oil refinery and in the middle of the night my sleep is interrupted by the sound of the heavy machinery in the concrete factory,” said Maung Maung Lwin.(pic)
နေ့ခင်းနှင့် ညနေဘက်များတွင် အနီးအနားမှ စားအုန်းဆီ စက်ရုံက ထွက်ရှိသော အနံ့ဆိုးများကို သည်းခံရသည်။ ညဘက်တွင် ကွန်ကရစ် စက်ရုံက စက်ယန္တရားကြီးများ၏ ကျယ်လောင်သော အသံကြောင့် အိပ်ရေးပျက်ရသည်ဟု ဦးမောင်မောင်လွင်က ဆိုသည်။
Another Shukhin Thar resident, Daw Than Than Soe, pointed to ash and white particles of dust thickening on a table in the living room.
ရှုခင်းသာ အိမ်ယာတွင် နေထိုင်သူ ဒေါ်သန်းသန်းစိုးက သူမ၏ နေအိမ် ဧည့်ခန်းထဲရှိ စားပွဲပေါ်တွင် အလိမ်လိမ့် ကပ်နေသော ပြာမှုန့်များကို လက်ညှိုးထိုးပြသည်။
“Since 2013, we have reported the situation to the township administration and the YCDC but nothing has improved,” she said.
၂၀၁၃ ခုနှစ်ကတည်းက ဒီအခြေအနေကို မြို့နယ် အုပ်ချုပ်ရေးမှူးရုံးနဲ့ စည်ပင်သာယာကို တိုင်ကြားခဲ့တယ်။ ဒါပေမဲ့ အခြေအနေက ဘာမှ ထူးမလာဘူးဟု သူမက ဆိုသည်။
Long-time residents of Thaketa said a drainage channel that released excess water from drain in Thaketa into the Bago River had also been blocked up to build the refinery.
သာကေတတွင် ဟိုအရင်ကတည်းက နေထိုင်ခဲ့သူများက ပြောကြားရာတွင် သာကေတရှိ မြောင်းများထဲမှ ရေပိုများ ပဲခူးမြစ်ထဲသော စီးဝင်သော ရေနုတ်မြောင်းကို စားအုန်းဆီ စက်ရုံ တည်ဆောက်ရန်အတွက် ဖို့ပစ်လိုက်ကြသည်ဟု ဆိုသည်။
Eventually, residents complained about the smell and ash pollution from the palm oil refinery to Yangon Region MP Daw Thet Htar Nwe Win (National League for Democracy, Thaketa-2). She first raised the matter in the regional assembly in July 2017, explaining that her constituents were suffering every day because of the pollution and asking what the regional government would do to rectify the situation.
နောက်ဆုံးတွင် နေထိုင်သူများသည် စားအုန်းဆီ စက်ရုံမှ ပြာများနှင့် အနံ့ဆိုးများ ထွက်ရှိကြောင်းကို သာကေတမြို့နယ် အမှတ် ၂ အမျိုးသား ဒီမိုကရေစီ လွှတ်တော်အမတ် ဒေါ်သက်ထားနွယ်ထံ တိုင်ကြားခဲ့သည်။ သူမက ထိုကိစ္စကို ၂၀၁၇ ခုနှစ် လွှတ်တော် အစည်းအဝေးတွင် တင်ပြခဲ့ပြီး တိုင်းဒေသကြီး အစိုးရအနေဖြင့် မည်သို့ လုပ်ဆောင်ပေးရန် အစီအစဥ် ရှိသည်ကို မေးမြန်းခဲ့သည်။
Answering on behalf of U Maung Maung Soe, the city’s mayor and regional minister for municipal affairs, U Han Tun, the minister for agriculture, livestock, forestry and energy, said that if the palm oil refinery continued to emit ash and a foul smell to the detriment of community ward residents the regional government would shut it down immediately.
ရန်ကုန်မြို့တော်ဝန် ရန်ကုန်တိုင်း စည်ပင်သာယာရေး ဝန်ကြီး ဦးမောင်မောင်စိုး၏ ကိုယ်စား စိုက်ပျိုးရေး မွေးမြူရေး သစ်တောနှင့် စွမ်းအင် ဝန်ကြီး ဦးဟန်ထွန်းက ပြောကြားရာတွင် စားအုန်းဆီ စက်ရုံက ဆက်လက်၍ ပြာမှုန်များနှင့် အနံ့ဆိုးများ ထွက်ရှိနေသည် ဆိုပါက တိုင်းဒေသကြီး အစိုးရသည် ထိုစက်ရုံကို ချက်ချင်း ပိတ်သိမ်းပစ်မည်ဟု ပြောကြားခဲ့သည်။
Nearly a year later, Thet Htar Nwe Win said the factory is still operating and continues to emit ashes and a foul smell.
ထိုနောက် တစ်နှစ်ခန့်အကြာ ဒေါ်သက်ထားနွယ်ဝင်းက ပြောကြားရာတွင် ထိုစက်ရုံသည် ဆက်လက်လည်ပတ်နေပြီး ပြာမှုန်များနှင့် အနံ့ဆိုးများ ထွက်နေဆဲသာ ဖြစ်သည်ဟု ဆိုသည်။
In February of this year she raised the case again, this time with the parliamentary committee for government pledges, guarantees and undertakings, which arranged a site inspection with officials from the YCDC and the Environmental Conservation Department, of the Union Ministry of Environmental Conservation and Forestry.
ယခုနှစ် ဖေဖော်ဝါရီလတွင် သူမသည် ထိုကိစ္စရပ်ကို ထပ်မံ ဆွေးနွေးခဲ့ပြန်သည်။ ယခုအခါတွင် လွှတ်တော် ကော်မတီ အကူအညီဖြင့် အစိုးရ၏ ကတိစကား အရေးယူလုပ်ဆောင်ပေးမှုကို ရယူပြီး ရန်ကုန် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများ ပြည်ထောင်စု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တော ဝန်ကြီးဌာနရှိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနမှ တာဝန်ရှိသူများ သွားရောက်ကြည့်ရှု စစ်ဆေးနိုင်ရန် စီစဥ်ခဲ့သည်။
The visit highlighted the power of YCDC over such matters – and the powerlessness of other government and elected authorities.
ထိုသွားရောက်ကြည့်ရှုမှုကြောင့် ထိုသို့သော အရေးကိစ္စတွင် ရန်ကုန် စည်ပင်သာယာရေး ကော်မတီ၏ အာဏာသည် တခြားသော အစိုးရနှင့် ရွေးကော်ခံ အာဏာပိုင်များထက် သာလွန်ကြောင်း တွေ့ရှိခဲ့ရသည်။
Acting on recommendations from the Environmental Conservation Department, the committee asked YCDC to instruct Yuzana Group to follow Environmental Conservation Department guidelines on emissions standards for factories.
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန၏ အကြံပေးချက်များကို လုပ်ဆောင်ရန် လွှတ်တော် ကော်မတီသည် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအား ယုဇန ကုပ္မဏီအုပ်စုကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာ၏ လမ်းညွှန်ချက်များအတိုင်း လိုက်နာရန် ခိုင်းခဲ့သည်။
U Maung Maung Than, executive officer of Thaketa Township’s YCDC committee, said the municipal authorities had last year “postponed” an annual extension to the factory’s operating licence.
သာကေတမြို့နယ် စည်ပင်သာယာရေး ကော်မတီ၏ အမှုဆောင် အရာရှိဖြစ်သူ ဦးမောင်မောင်သန်းက ပြောကြားရာတွင် စည်ပင်သာယာရေး အာဏာပိုင်များသည် ထိုစက်ရုံ၏ နှစ်စဥ်သက်တမ်းတိုးရမည့် လိုင်စင်ကို ဆိုင်းငံ့ထားလိုက်သည်ဟု ဆိုသည်။
“But we are allowing the refinery to operate as we monitor whether they are following the recommendation from the department,” he said. “They have to inform us when they have improved their emissions controls … but if they cannot follow the guidelines well we may order them to move.”
ကျွန်တော်တို့က စားအုန်းဆီချက် စက်ရုံကိုတော့ ဆက်လက် လည်ပတ်ခွင့်ပြုထားပါတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနရဲ့ လမ်းညွှန်ချက်များကို လိုက်နာသလား စောင့်ကြည့်နေပါတယ်။ သူတို့ရဲ့ အနံ့ဆိုး ထုတ်လွှတ်မှုကို ထိန်းချုပ်နိုင်တဲ့အခါ ကျွန်တော်တို့ကို သတင်းပေးရပါတယ်။ သူတို့ လမ်းညွှန်ချက်တွေကို ကောင်းစွာ မလိုက်နာနိုင်ရင်တော့ သူတို့ကို နေရာပြောင်းရွှေ့ဖို့ ပြောရလိမ့်မယ်ဟု ဦးမောင်မောင်သန်းက ဆိုသည်။
Maung Maung Than confirmed though that YCDC had not given Yuzana a deadline to improve emissions control at the factory – something that has frustrated lawmakers, residents and other officials.(pic)
ဦးမောင်မောင်သန်းက ပြောကြားရာတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသည် ယုဇန ကုမ္ပဏီ အုပ်စုကို စက်ရုံ၏ အနံ့ဆိုးထုတ်လွှတ်မှုကို လျှော့ချရမည့် နောက်ဆုံးရက်စွဲကို သတ်မှတ်ပေးခြင်း မရှိကြောင်း ပြောကြားသည်။ ထိုအချက်က လွှတ်တော်အမတ်များ ရပ်ကွက်နေထိုင်သူများနှင့် တာဝန်ရှိသူများကို စိတ်ပျက်စေခဲ့သည်။
But Thet Htar Nwe Win said she hoped YCDC would follow through on its threat to shift the factory if it can’t meet ECD standards.
ဒေါ်သက်ထားနွယ်ဝင်းက ပြောကြားရာတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန၏ စံနှုန်းများကို မလိုက်နာပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသည် ထိုစက်ရုံကို နေရာပြောင်းရွှေ့ ခိုင်းမည်ဆိုသည့် ကတိကို လိုက်နာလုပ်ဆောင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားသည်။
Spectrum’s Thit Thit Han said the government was prioritising the development of industry and faced some hard decisions.
Spectrum အဖွဲ့ဝင်ဖြစ်သည့် ဒေါ်သစ်သစ်ဟန်က ပြောကြားရာတွင် အစိုးရသည် အိမ်တွင်း စက်မှုလုပ်ငန်းများကို ဦးစားပေးထားသဖြင့် ခက်ခဲသော ဆုံးဖြတ်ချက်များကို ချမှတ်နေရသည်။
“Because they have to promote such businesses, when this kind of case occurs it’s hard for them to handle and they favour the businessman.”
အစိုးရက အိမ်တွင်းစက်မှု လုပ်ငန်းတွေကို မြင့်တင်ပေးရမည် ဖြစ်သောကြောင့် ထိုသို့သော ကိစ္စရပ်မျိုး ကြုံရသောအခါ လုပ်ငန်းရှင်ကိုသာ ဦးစားပေးနေသည်ဟု သူမက ဆိုသည်။
The chairman of the regional government’s pledges committee, U Khin Maung Win, agreed that the situation had created a dilemma.
ရန်ကုန်တိုင်း အစိုးရ၏ ကော်မတီ ဥက္ကဌ ဦးခင်မောင်ဝင်းက ပြောကြားရာတွင် ထိုအခြေအနေကြောင့် စိတ်နှစ်ခွဖြစ်ရသည်ဟု ဆိုသည်။
“It’s really hard for us to demand that they shut down a factory which provides more than 10,000 jobs and at the same time is also helping with import substitution, as they grow and process the oil palms themselves,” he said.
ကျွန်တော်တို့ကလည်း ဒီစက်ရုံတွေကို ပိတ်သိမ်းခိုင်းဖို့ ခက်ပါတယ်။ သူတို့က အလုပ်အကိုင်ပေါင်း ၁၀ ၀၀၀ ခန့်ကို ရှာဖွေပေးထားပြီး သွင်းကုန်အစားထိုး ကုန်စည်များကို ထုတ်လုပ်ပေးနေတာပါဟု ဦးခင်မောင်ဝင်းက ဆိုသည်။
Khin Maung Win said the refinery needed to be on a waterway to facilitate the delivery of raw materials shipped from Yuzana’s plantations in Tanintharyi Region.
ဦးခင်မောင်ဝင်းက ပြောကြားရာတွင် ထိုစက်ရုံသည် တနင်သာရီတိုင်းရှိ ယုဇန စိုက်ခင်းမှ ကုန်ကြမ်းများကို သယ်ယူလာနိုင်ရန်အတွက် ရေလမ်း၏ နံဘေးတွင် ရှိရမည်ဟု ဆိုသည်။
“The only decision we can make now is to continue monitoring the refinery for six months or one year and urge them to pay attention to environmental management,” he told Frontier.
အခု ကျွန်တော်တို့ လုပ်ဆောင်နိုင်တာက စက်ရုံကို ၆ လ ၁ နှစ် စောင့်ကြည့်ပြီး သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှုကို အလေးပေး လုပ်ဆောင်ဖို့ ပြောရမှာပဲဟု ဦးခင်မောင်ဝင်းက ဆိုသည်။
A representative for Yuzana Group declined to comment to Frontier.
ယုဇန ကုမ္ပဏီ အုပ်စုမှ တာဝန်ရှိသူကတော့ Frontier ၏ မေးမြန်းမှုကို ပြန်လည်ဖြေဆိုခဲ့ခြင်း မရှိပေ။
Land for industry
စက်မှုလုပ်ငန်းများအတွက် မြေနေရာများ
Yangon Region has 30 industrial zones, in which all the plots have been sold but some are yet to be developed. The regional government is planning to develop more industrial zones to help attract foreign investment and to address a shortage of land for industry.
ရန်ကုန်တိုင်းဒေသကြီးတွင် စက်မှုဇုန် အခု ၃၀ ခန့် ရှိသည်။ ထိုစက်မှုဇုန်များမှ မြေနေရာများ အားလုံးကို ရောင်းချခဲ့ပြီး ဖြစ်သည်။ သို့သော် စက်မှုဇုန်များ အသစ်ဆောက်ရန် အစီအစဥ်များလည်း ရှိသည်။ ရန်ကုန်တိုင်း အစိုးရသည် နိုင်ငံခြား ရင်းနှီးမြုပ်နှံသူများကို ဆွဲဆောင်ရန်နှင့် စက်မှုလုပ်ငန်းအတွက် မြေနေရာ ရှားပါးခြင်းကို ဖြေရှင်းရနွ စက်မှုဇုန်များ ထပ်မံဆောက်လုပ်ရန် စီစဥ်နေသည်။
Yuzana’s palm oil refinery in Thaketa and smaller enterprises, such as the rubber processing operation in Mayangone, are among the businesses that are yet to move to industrial zones.
သာကေတတွင်ရှိသော ယုဇန ကုမ္ပဏီ အုပ်စု၏ စားအုန်းဆီ ချက်စက်ရုံနှင့် မရမ်းကုန်းမြို့နယ်မှ ရာဘာ ချက်စက်ရုံတို့သည် ထိုစက်မှုဇုန်များသို့ ပြောင်းရွှေ့ပေးရမည့် စက်မှုလုပ်ငန်းများ ဖြစ်သည်။
“The military government had ordered such factories to move since [the mid 2000s] … I don't know how they can keep operating [in residential areas] until now,” said U Min Maw, director of the Environmental Conservation Department.
စစ်အစိုးရက ဒီလို စက်ရုံတွေကို နေရာပြောင်းရွှေ့ဖို့ ၂၀၀၅ ခုနှစ်လောက်ကတည်းက ပြောကြားထားပြီးသားပါ။ အခုထိ ဒီစက်ရုံတွေ လူနေရပ်ကွက်ထဲမှာ ဘယ်လို ရှိနေနိုင်တာလဲ ကျွန်တော် မစဥ်းစားတတ်ဘူးဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနမှ ဒါရိုက်တာဖြစ်သူ ဦးမင်းမော်က ပြောပြသည်။
Although the Environmental Conservation Law was enacted in 2012, the enabling by-laws were not approved until June 2014. Since then, the department has been instructing factories built before 2014 and covered by the law to draft and implement an environmental management plan, he said.
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေကို ၂၀၁၂ ခုနှစ်မှာ ပြဌာန်ခဲ့ပေမဲ့ ဥပဒေခွဲတွေကိုတော့ ၂၀၁၄ ခုနှစ်ကျမှ ပြဌာန်းနိုင်ခဲ့တယ်။ ဒါ့ကြောင့် ဌာနက ၂၀၁၄ ခုနှစ် မတိုင်မီ တည်ဆောက်ခဲ့ပြီး ဥပဒေနဲ့ အကျုံးဝင်တဲ့ စက်ရုံတွေကို သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဥ်တွေ ရေးဆွဲခိုင်းခဲ့တယ်ဟု သူက ပြောပြသည်။
“We have no right to decide where a factory might be, but we can make recommendations. However, the power to issue or withdraw a licence or take action against a company rests with the YCDC and the General Administration Department,” Min Maw said.(pic)
စက်ရုံတွေကို ဘယ်နေရာမှာ ထားရမယ်ဆိုတာ ကျွန်တော်တို့ ဆုံးဖြတ်လုပ်ကိုင်နိုင်တဲ့ ကိစ္စမဟုတ်ဘူး။ ကျွန်တော်တို့က အကြံညာဏ်ဘဲ ပေးနိုင်တယ်။ စက်ရုံတွေကို လိုင်စင်ထုတ်ပေးတာ။ လိုင်စင် ရုတ်သိမ်းတာ အရေးယူ ဆောင်ရွက်မှုကို ရန်ကုန်မြို့တော် စည်ပင်သာယာနဲ့ အထွေထွေ အုပ်ချုပ်ရေးဌာနကပဲ လုပ်နိုင်တယ်ဟု ဦးမင်းမော်က ဆိုသည်။
The residents of the three affected wards in Thaketa are disappointed that pollution continues to affect their quality of life. Meanwhile, Cerati’s experience in Mayangone illustrates the challenges of seeking redress and the long-term expatriate acknowledges that he does not know what procedure he needs to follow.
သာကေတမြို့နယ်မှ ထိခိုက်နေသော ရက်ကွက်တွင် နေထိုင်သူများသည် လေထုညစွညမ်းမှုကြောင့် ၎င်းတို့၏ ဘဝနေထိုင်မှု အရည်အသွေး ကျဆင်းနေရသဖြင့် စိတ်ပျက်လျှက် ရှိကြသည်။ မရမ်းကုန်းမြို့နယ်မှ Cerati ကမူ ထိုပြဿနာကို ဖြေရှင်းရန် ဖြေဆေး ရှာဖွေမတွေ့နိုင် ဖြစ်နေရသည်။
The owner of the family-run rubber processing business, U Aung Htun, said, “We don’t have to do anything until the government officials come and tell us to move. But even if they do, I will ask them the question, ‘What about the other [businesses] around the city? Why only me?’”
မိသားစု အိမ်တွင်း လုပ်ကိုင်သော ရာဘာချက်စက်ရုံပိုင်ရှင် ဦးအောင်ထွန်းက ပြောကြားရာတွင် ကျွန်တော်တို့က အစိုးရ အရာရှိတွေ လာရောက်ပြီး ပြောင်းရွှေ့ဖို့ မပြောမချင်း ဘာမှ လုပ်စရာမလိုဘူး။ အစိုးရ အရာရှိတွေက လာပြောတယ်ဘဲထားဦး ကျွန်တော်က ပြန်မေးလိုက်မှာတော့ တစ်မြို့လုံးက ဒီလိုလုပ်ငန်းတွေကို မပြောဘဲ ဘာလို့ ကျွန်တော် တစ်ယောက်ထဲ လာပြောတာလဲလို့ မေးလိုက်မယ်ဟု ဆိုသည်။
Trishaw driver U Zayar Linn, 42, a father of two, lives in Thaketa’s Ward Four and struggles more than most of his peers to make a living because much of his salary is spent on healthcare for his wife, who was diagnosed with a heart ailment four years ago. He does not blame air pollution from the oil palm refinery as the cause of his wife’s condition but says she is badly affected by the foul odour.
သာကေတမြို့နယ် ရပ်ကွက် ၄ တွင် နေထိုင်သော ကလေး ၂ယောက်အဖေ ဆိုက်ကားဆရာ ဦးဇေယျာလင်း အသက် ၄၂ နှစ်က ပြောဆိုရာတွင် သူ၏ ဇနီးဖြစ်သူသည် လွန်ခဲ့သော ၄ နှစ်က နှလုံးရောဂါ ရရှိခဲ့သဖြင့် သူဆိုက်ကားနင်းရသော ဝင်ငွေအားလုံးသည် ဇနီး၏ ဆေးဖိုးဖြင့် ကုန်သည်ဟု ဆိုသည်။ သူ့ ဇနီး၏ နှလုံးရောဂါသည် စားအုန်းဆီ စက်ရုံကြောင့် ဖြစ်ရသည်ဟု မဆိုသော်လည်း ထွက်ရှိလာသော အနံ့ကြောင့် ရောဂါအခြေအနေ ပိုဆိုးလာသည်ဟု ဆိုသည်။
“When the smell comes from the factory she feels worse and cannot do housework or feed the children because she has to lie down and cover her nose with a scarf,” Zayar Linn said.
စက်ရုံက အနံ့တွေ ထွက်တဲ့အချိန်ဆိုရင် သူမ အခြေအနေ ပိုဆိုးလာတယ်။ အိမ်အလုပ် မလုပ်နိုင်တော့ဘူး။ ကလေးတွေကိုလည်း ချက်ပြုတ်မကျွေးနိုင်တော့ဘူး။ လက်ကိုင်ပုဝါကို နှာခေါင်းမှာအုပ်ပြီး လဲလျောင်းနေရတယ်ဟု ဆိုသည်။
The Thaketa situation attracted attention because it was raised in the regional parliament, but for cases like the rubber processing plant in Mayangone, lawmakers and environmental activists suggest that the authorities should be more proactive in inspecting existing businesses.
သာကေတမြို့နယ်မှ အခြေအနေကတော့ လူအများ စိတ်ဝင်စားသွားခဲ့သည်။ ရန်ကုန်တိုင်းလွှတ်တော်မှာ ထည့်သွင်းဆွေးနွေးရသည့် အခြေအနေရောက်သွားခဲ့သောကြောင့် ဖြစ်သည်။ သို့သော် မရမ်းကုန်း မြို့နယ်ကကဲ့သို့ စီးပွားရေးလုပ်ငန်းတွေအတွက်တော့ အာဏာပိုင်တွေက မိမိဘာသာ လိုက်လံစစ်ဆေးသင့်ပါသည်။
“We don't have to do any such assessments up to now; but with new business proposals we make sure, if they are industries that can negatively affect the environment, that they are not located near residential areas,” Maung Maung Than said.
အခု ကျွန်တော်တို့ ဒီလို လိုက်လံစစ်ဆေးဖို့ မလိုသေးပါဘူး။ အသစ် တင်သွင်းလာတဲ့ စီးပွားရေး လုပ်ငန်းတွေကို သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်သလား လူနေအိမ်တွေနဲ့ နီးကပ်သလား သေချာကြည့်ရှုပြီးမှ ခွင့်ပြုဖို့ လိုအပ်တာပါဟု ဦးမောင်မောင်သန်းက ပြောကြားသည်။
Thit Thit Han from Spectrum has worked with the three-years-old Environmental Conservation Department on some projects and said it needed extra staff and increased powers to be more effective.
Spectrum အဖွဲ့မှ ဒေါ်သစ်သစ်ဟန်သည် ၃ နှစ်သား ရှိပြီဖြစ်သော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်ရေးဌာနနှင့် တစ်ချို့ စီမံကိန်းများတွင် ပူးပေါင်းလုပ်ဆောင်သည်။ သူမက ပြောကြားရာတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဌာနတွင် ဝန်ထမ်းများ ပိုမိုလိုအပ်နေပြီး အခွင့်အာဏာလည်း ပိုမိုလိုအပ်သေည်ဟု ဆိုသည်။
“Instead of sitting in their offices and only getting active when they receive complaints from the public, the department’s staff should organize collaborative teams to conduct regular inspections of all kinds of factories, from home-based industries and SMEs to huge industrial sites,” she said.
ရုံးခန်းထဲထိုင်ပြီး တိုင်ကြားစာ ရရှိတော့မှ အလုပ်လုပ်ခြင်းထက် ဌာနရဲ့ ဝန်ထမ်းတွေက အဖွဲ့တွေ ဖွဲ့စည်းပြီး အိမ်တွင်း စီးပွားရေး လုပ်ငန်းကအစ အလယ်လတ် စီးပွားရေးလုပ်ငန်း အကြီးစား စက်မှုလုပ်ငန်းတွေအထိ သွားရောက် စစ်ဆေးမှုတွေ လုပ်ဆောင်သင့်တယ်ဟု သူမက ဆိုသည်။
Cerati, meanwhile, is resigned to having to tolerate the fumes as long as he remains at his Mayangone address, into which he moved in March 2017.
Cerati ကတော့ အခုအချိန်မှာ မရမ်းကုန်မှာ နေထိုင်နေသရွေ့ ဒီမီးခိုးငွေ့တွေကို သည်းခံဖို့ဘဲ ရှိပါသည်။ မရမ်းကုန်း နေအိမ်သို့ သူသည် ၂၀၁၇ ခုနှစ် မတ်လတွင် ပြောင်းရွှေ့လာခြင်း ဖြစ်သည်။
Holding his asthma spray dispenser as he spoke to Frontier in his living room, Cerati recalled fond memories of the clean, green and pleasant Yangon of his early years in Myanmar.
သူ၏ ဧည့်ခန်းထဲတွင် Frontier နှင့် စကားပြောဆိုနေစဥ်တွင် ပန်းနာရင်ကျပ် ရှုဆေးဘူးလေးကို ကိုင်ရင်း မြန်မာနိုင်ငံကို သူရောက်စက သန့်ရှင်းပြီး စိမ်းလန်းစိုပြေခဲ့ပုံကို ပြောပြသည်။
“But now the city is changing,” he said. “The Yangon government should think about this problem before it is too late.”
အခု ရန်ကုန်မြို့ကြီးက ပိုမိုဆိုးရွားလာနေပြီ။ ရန်ကုန်တိုင်း အစိုးရက အချိန်မနှောင်းခင် ဒီပြဿနာကို ဖြေရှင်းဖို့ ကြိုးစားသင့်တယ်ဟု သူက ဆိုသည်။
TOP PHOTO: Nyein Su Wai Kyaw Soe | Frontier