နားလည်မှု (ထာဝရ )

နားလည်မှု (ထာဝရ )

အရူံးပေးထားသူကို မှ
အနိုင်ယူချင်တာလား ချစ်သူရယ် ???
နင် အနိုင်ယူတာ အားမရသေးရင်
ငါ နင့်ရှေ့ မှာ ထာဝရ ဒူးထောက်
အရူံးပေးနေမှာပါ ချစ်သူ……

〰〰〰〰〰〰〰〰

နင့် အတွက် ဆို နားလည်မှုတွေ
ပေးထားလဲ နင်ညာနေတုန်းပဲ
မကျေနပ်သေးရင်ပြောပါဟာ
နင့် စိတ်ကြိုက်လှည့်စားလို့ ရအောင်
ထာဝရ နားလည်ပေးနေမှာပါ ချစ်သူ……

➰➰➰➰➰➰➰➰➰

နင့် အပေါ် တန်ဖိုးထားချစ်နေတဲ့ 
ငါ့အချစ်တွေကို စွန့်ပစ်ချင်နေတာလား
နင့်အတွက်ဆို ငါ့နှလုံးသားက
မုသားတွေ မပြောခဲ့ပါဘူး………

➿➿➿➿➿➿➿➿➿

ပုံပြင် မဟုတ်ခဲ့ပေမဲ့ 
ငါ့ အချစ် နှလုံးသား စကားတွေက
နင့်အတွက် တန်ဖိုး မရှိတဲ့ အမှိုက်တခုလို
သဘောထားပြီး စွန့် ပစ်ချင်နေပြီလား
နင် ယုံအောင် မပြောတတ်ပေမဲ့ 
နင်ပျော်ရွှင်အောင်တော့ ထားနိုင်ပါတယ်

နင့် ကိုလေ ငါ့ရင်ထဲမှာ
ထာဝရ တန်ဖိုးထားမြတ်နိုးနေပါတယ် ချစ်သူ

📝ရေးသားသူ ဖြိုးဝေအောင်📝

Author @phyowaiaung
MSC-115
image

received_1178917088909060.gif

H2
H3
H4
3 columns
2 columns
1 column
Join the conversation now