This content was deleted by the author. You can see it from Blockchain History logs.

ကမ္ဘာ့ဈေးအကြီးဆုံးအသား

image
ကမ္ဘာ့ဈေးအကြီးဆုံးအသား
တကယ်လို့ ကျွန်တော်တို့ ဈေးကောင်းကောင်းပေးရတဲ့ဆိုင်တစ်ဆိုင်ကို သွားထိုင်တဲ့အခါ “၂၀၀၀ ပြည့်နှစ်ထုတ်ယူမလား၊ ၂၀၀၃ ခုနှစ်ထုတ်ယူမလား”ဆိုပြီး မေးလာရင် နှစ်ချို့ဝိုင်ကို မေးတာပဲလို့ သိကြမှာပါ။ ဒါပေမယ့် ပြင်သစ်က ပိုလ်မာ့ဒ် (Polmard) မိသားစုပိုင်တဲ့ဆိုင်ကို သွားစားမယ်ဆိုရင်တော့ အဲဒါ ဝိုင်ကို မေးတာမဟုတ်ပါဘူး။ အသားကို မေးတာပါ။
နှစ်ချို့အသားရှိတယ်ဆိုတာ ဖြစ်နိုင်ပါ့မလားလို့ မေးခွန်းထုတ်ကောင်း ထုတ်ကြပါလိမ့်မယ်။ ဟုတ်ပါတယ်။ ကမ္ဘာမှာ တစ်ဦးတည်းသော နှစ်ချို့အမဲသားရောင်းတဲ့ Polmard ဆိုင်မှာဆိုရင် ဖြစ်နိုင်ပါတယ်။
image

ပိုလ်မာ့ဒ်မိသားစုအနေနဲ့ ဒီလိုမျိုးရောင်းချလာတာ အခုဆို မျိုးဆက် ခြောက်ဆက်တောင် ရှိနေပါပြီ။ ၁၈၄၆ ခုနှစ်ကနေစလို့ မိသားစုလက်ဆင့်ကမ်းပြီးလုပ်လာကြတဲ့ လုပ်ငန်းဆိုလည်း မမှားပါဘူး။

အမဲသားကို အပူချိန် အနုတ် 43 C ရှိတဲ့ပတ်ဝန်းကျင်မှာထားတာဖြစ်ပြီး အထဲမှာ အေးမြနေတဲ့လေက တစ်နာရီကို ၁၂၀ ကီလိုမီတာနှုန်းနဲ့ တိုက်ခတ်နေပါတယ်။ အဲဒီအပူချိန်နှုန်းထားမှာ ထားမယ်ဆိုရင် အသားတွေကို အချိန်အကန့်အသတ်မရှိထားနိုင်မှာဖြစ်ပြီး အရသာလည်း ပျက်သွားမှာမဟုတ်သလို အရည်အသွေးလည်း ကျသွားမှာမဟုတ်ပါဘူးဆိုပြီး ပိုလ်မာ့ဒ်မိသားစုက အခိုင်အမာပြောထားပါတယ်။

၂၀၀၀ ပြည့်နှစ် နှစ်ချို့အသားကို မှာမယ်ဆိုရင်တော့ ဒေါ်လာ ၃၂၀၀ ကျသင့်မှာ ဖြစ်ပါတယ်။

သူတို့မိသားစုဟာ နွားတွေကို လေဟာပြင်ထဲမှာ သဘာဝအတိုင်း လွတ်လွတ်လပ်လပ် မွေးထားတာဖြစ်ပြီး တစ်ပတ်မှ လေးကောင်ပဲ သတ်တယ်လို့ ဆိုပါတယ်။

ပိုလ်မာ့ဒ်ဆိုင်မှာ သွားစားမယ်ဆိုရင်တော့ ကြိုတင်ပြီး ဘွတ်ကင်လုပ်ထားရမယ်လို့ သိရပါတယ်။

Photo credit -google

Logo
Center