မိုးနဲ့အပြိုင်​ငိုခဲ့ရတဲ့သူ

လွမ်းဆွတ်​သတိရစွာ
တမ်းတ​နေမိတယ်​။
ငါသံ​ယောဇဉ်​ကြီးခဲ့ရတဲ့
သူလည်း.......ငါ့ကိုခပ်​ရင့်​ရင့်
ဥ​ပေက္ခာပြုခဲ့တယ်​။
နာကျင်​မုန်းတီးရမဲ့အစား
၊"​နေနိုင်​တယ်​"ဆိုတဲ့စကားနဲ့
၊​ဖြေသိမ့်​ရင်းခွင့်​လွတ်​ခဲ့ရတယ်​။
ငါချစ်​ခဲ့တဲ့သူစီကလည်း
ကိုယ်​လိုချင်​တဲ့ ဂရုစိုက်​မှုမျိုးကို
မရခဲ့ပြန်​ဘူး။
ကိုယ်​လိုချင်​​တောင့်​တ​နေတဲ့
ပြည့်​စုံချင်း​တွေကို
ဘယ်​အချိန်​၊ဘယ်​​နေရာ
ဘယ်​​သူများလာပြီး
ဘယ်​​သောအခါကျမှ
ဖြည့်​ဆည်း​ပေးနိုင်​မှာလဲဗျာ။
ဘယ်​စီဘယ်​ဝယ်​မသိ၊ တမ်းတ​နေရင်း
ပူ​ဆွေးဝမ်းနည်းခြင်း​တွေကိုသာ
သိမ်းကျုံးရလိုက်​တ​ယ်​​။
မိုးရယ်​.​သြော်​......
သူကလည်းငါနဲ့အပြိုင်
ဝမ်းနည်းငို​ကြွေး​နေလိုက်​တာ​နော်
ငါ့ကိုအ​ဖော်​ပြုပြီး
ငို​နေတယ်​လို့​တောင်​ထင်​မိတယ်​။
အာကာပြင်​တစ်​ခုလုံး အုံမှိုင်းလို့
ဝမ်းနည်း​ကြွေကွဲစွာ
ငို​ကြွေး​နေလိုက်​တာ.......
ကမ္ဘာ​မြေကြီး၊ ရွှဲရွှဲစိုပြီး​ရေ​တွေသည်းခဲ့ပြီး​ပေါ့...။
မိုးရွာတိုင်​တမ်းမိတဲ့အလွမ်း​လေး..........
ဘယ်​​တော့များမှ...​မေ့​ပျောက်​​တော့မှာလဲ....😩😩
imagephoto credit :https://goo.gl/images/dgXvGG
MSU-028

H2
H3
H4
3 columns
2 columns
1 column
7 Comments
Ecency