အ​ကောင်းဆုံးလုပ်​ပါ ၊ဒါ​ပေမဲ့ မ​မျှော်​လင့်​ပါနဲ့

တစ်​ခါက အသက်​ကြီးကြီးနဲ့ အလုပ်​သမားတစ်​​ယောက်​ဟာ အသက်​အရွယ်​ကြီးရင့်​လာပြီးဖြစ်​လို့ အလုပ်​က​နေအနားယူဖို့ သင့်​​နေပြီးဖြစ်​ပါသည်​။ထို့​ကြောင့်​ သူဟာ သူရဲ့ကျန်​ရှိတဲ့ဘဝကို မိသားစုနဲ့သာ​အေး​အေးလူ​နေခြင်​​ကြောင်း သူရဲ့အလုပ်​ရှင်​ကန်​ထရိုက်​ကို​ပြောပြ​လေသည်​။သူဟာအလုပ်​​ကနေအနားယူ​တော့ မှာဖြစ်​ဒါ​ကြောင့်​ သူရဲ့အလုပ်​ကိုလဲအမှတ်​ရ​နေမဲ့အ​ကြောင်းပါ​ပြော​လေသည်​။သူလိုမျိုးအလုပ်​ကြိုးစားတဲ့သူကို အလုပ်​ရှင်​ကတားခြင်​​ပေမဲ့ တားထားသင့်​​တော့တဲ့ အရွယ်​လည်းမဟုတ်​ပါဘူး။
ထို​ကြောင့်​အလုပ်​ရှင်​ဟာ ပုဂ္ဂိုလ်​​ရေးအရ ညှာတာ​ထောက်​ထား​တော့အ​နေဖြင့်​ သူ့ကို​နောက်​ဆုံး အိမ်​တစ်​လုံးသာ​ဆောက်​​ပေးဖို့​တောင်းဆို​လေသည်​။လက်​သမားဟာ အလုပ်​ရှင်​စကားကိုကြားရ​သောအခါ လွန်​စွာစိတ်​မ​ကောင်းဖြစ်​မိ​လေသည်​။သို့​ပေမဲ့ လက်​သမားက အလုပ်​လုပ်​ခြင်​စိတ်​မရှိပဲ စကားအရသာ​ပြောလိုက်​​လေသည်​။စိတ်​ထဲမှာ အလုပ်​လုပ်​ဖို့ စိတ်​မပါဒါ​ကြောင့်​ အိမ်​​ဆောက်​​သောအခါတွင်​လည်း ခပ်​ညံ့ညံ့လက်​ရာနှင့်​ အရည်​အ​သွေးနိမ့်​​သော ပစ္စည်းများကိုသာ အသုံးပြုပြီး​ဆောက်​ခဲ့​လေသည်​။
ထိုသို့ပြုလုပ်​ဒါ သူ့အတွက်​ကံမ​ကောင်းမှုတစ်​ခုဆိုတာ​တော့ မသိခဲ့ပါဘူး။
ဒီလိုနဲ့လက်​သမားဟာ အိမ်​ကို​ပေါ့ပျက်​ပျက်​နဲ့​ဆောက်​လိုက်​တာ လအနည်းငယ်​ကြာ​တော့ပြီးသွား​လေသည်​။အလုပ်​ရှင်​ကန်​ထရိုက်​က အိမ်​ကိုလာစစ်​ပြီး၊ ထို့​နောက်​ သူ့လက်​ထဲကို​သော့​ပေးပြီ​တော့"ဒါဟာမင်းရဲ့အိမ်​ပဲ၊ မင်းအတွက်​ငါရဲ့လက်​​ဆောင်​ပဲ" လို့အလုပ်​ရှင်​က​ပြော​လေသည်​။ထိုအချိန်​မှာ​တော့အလုပ်​သမားဟာ အရမ်းလဲရှက်​မိသွားပြီး ၊သူ့ကိုသူ​နောင်​တရမဆုံးလဲ ဖြစ်​​လေသည်​။ တကယ်​လို့သာ သူ​နောက်​ဆုံး​ဆောက်​ခဲ့တဲ့အိမ်​ဟာ သူအတွက်​ဖြစ်​လာမဲ့အိမ်​မှန်း သိခဲ့မယ်​ဆိုရင်​ အ​ကောင်းဆုံး​ဆောက်​ခဲ့မှာ အမှန်​ပဲ။ထို့​နောက်​ အ​ကောင်းဆုံးလက်​ရာနဲ့ အ​ကောင်းဆုံးပစ္စည်း​တွေကို​သုံးပြီး ပြုလုပ်​ခဲ့မှာပါပဲ။ခု​တော့သူ​ပေါ့ပျက်​ပျက်​​ဆောက်​ခဲ့တဲ့အိမ်​ဟာ သူအတွက်​လက်​​ဆောင်​ဖြစ်​ပြီး သူပိုင်​ဆိုင်​ရတဲ့အိမ်​ဖြစ်​သွားတာ​ကြောင့်​ ဘာမှကိုပြင်​လို့မရသလို ဒီအိမ်​​လေးမှာပဲ​နေထိုင်​သွား​တော့မှာပါ။ဒါဟာ ကျွန်​​တော်​ဖက်​ဖူးခဲ့တဲ့ online အသိပညာ​ပေး ပုံပြင်​တစ်​ပုဒ်​ပါပဲ။
ထိုပုံပြင်​​လေးကိုဖက်​ပြီး​နောက်​ မြတ်​စွာဘုရားရှင်​​ဟောကြားခဲ့ဖူးတဲ့ စကားတစ်​ခွန်​ကိုအမှတ်​ရမိ​လေသည်​။"ဒီ​နေ့ကြုံ​တွေ့ရတဲ့​ကောင်းကျိုး၊ဆိုးကျို​တွေဟာ အတိတ်​ကကံ တစ်​နည်း​ပြောရရင်​ ဟိုအရင်​ကအလုပ်​​တွေပါပဲ။အဲ့ဒီလိုပဲ မနက်​ဖြန်​မှာကြုံ​တွေ့ရမဲ့​ကောင်းကျိုး၊ဆိုးကျို​တွေဟာလဲ ဒီ​နေ့လုပ်​တဲ့အလုပ်​(သို့) ဒီ​နေ့ပြုလုပ်​တဲ့ကံ​တွေ​ကြောင့်​ ဖြစ်​​ပေါ်လာခြင်းဖြစ်​ပါတယ်​။"ဒါဟာ ကံ၊ကံ၏အကျိုးပါပဲ။ဒါ​ကြောင့်​ဘာပဲလုပ်​လုပ်​ အ​ကောင်းဆုံးလုပ်​ပါ၊ ဒါ​ပေမဲ့မ​မျှော်​လင့်​ပါနဲ့မိတ်​​ဆွေ။ဒါ့အပြင်​ ကိုယ့်​လုပ်​မဲ့အ​ကောင်း၊အဆိုးဟာလည်း ကိုယ်​ကိုတိုင်​ ပြန်​လည်းခံစားရမှာလဲဖြစ်​ပါတယ်​။ imagephoto credit: https://goo.gl/images/YCp8tW
MSU-028

H2
H3
H4
3 columns
2 columns
1 column
9 Comments
Ecency