ဘုရားဟောနှင့်အညီ စကားပြောကြမည်

မင်္ဂလာပါ steemit မိတ်ဆွေများရှင်။ ဒီတခါတော့ steemit မိတ်ဆွေတို့ကို မြတ်စွာဘုရား ညွန်ပြတော်မူသော စကားအမျိုးအစား (၆) မျိုးအကြောင်းကို
နမူနာလေးနဲ့ ပြောပြချင်ပါတယ်။

image

သိပြီးသားဖြစ်ပေမယ့်လည်း ပညာရှိသတိဖြစ်ခဲ ဆိုသလို မေ့မှာစိုးလို့ ထပ်လောင်းပြောပြပါရစေ။

ယွန်းယွန်းက ခိုင်သင်းကြည်ကို ပါတီပွဲတစ်ခုမှာ
တွေ့တဲ့အခါ....

”မမက သိပ်လှတာပဲ။ ဘယ်ချိန်ကြည့်ကြည့် လှနေတာပဲ။ လေ့ကျင့်ခန်းမှန်မှန်လုပ်သလားမမ၊ မမရဲ့ အလှကသိပ်ကျက်သရေရှိတာပဲ”

လို့များ ပြောမယ်ဆိုရင် အပြောခံရတဲ့ခိုင်သင်းကြည်ရဲ့နားထဲမှာ ချိုဆိမ့်နေမှာအမှန်ပါပဲ။ တကယ်လဲ
မခိုင်လေးလှတာ အများအမြင်ပါပဲ။

ဒီလိုစကားမျိုးကတော့ မြတ်စွာဘုရာဟောတဲ့ စကား (၆) မျိုးထဲက ပထမအမျိုးအစားဖြစ်တဲ့
”မှန်လဲမှန်တယ်၊ အကျိုးလဲရှိတယ်။ ကြားရသူလဲ နှစ်သက်တယ်။” ပြောသင့်တဲ့ စကားအမျိုးအစားပေါ့။

ဒုတိယတစ်ခုက....ဥပမာ သဉ္ဇာဝင့်ကျော်ကို သူ့ရဲ့
ဝတ်စားပုံနဲ့ပတ်သက်ပြီး လူကြီးတစ်ယောက်က
ဆုံးမမယ်ဆိုပါတော့။

”သဉ္ဇာဝင့်ကျော်...ညည်းဘယ်လိုများ ဝတ်စားထားတာလဲ။ ညည်းဝတ်ထားပုံက မကောင်းတဲ့မိန်းမလိုပဲ။ မရှက်ဘူးလား။ နောက်...အဲ့လိုမဝတ်နဲ့။ ဘယ်သူဆိုကြည့်စမ်း၊ သူဝတ်တာဘယ်လောက်
ကျက်သရေရှိလဲ။ သဉ္ဇာလဲ သူ့လိုဝတ်ရင်
ဘယ်လောက်တောင်လှမလဲ၊ မြန်မာမိန်းကလေး
ဆိုတာ ဘာညာဘာညာ......”

အဲ့လိုဆုံးမစကား ပြောကြည့်။ မှန်လဲမှန်တယ်။
အကျိုးလဲရှိတယ်။ သဉ္ဇာဝင့်ကျော်ကတော့
ဘယ်ကြိုက်မလဲနော်။ ဒါပေမယ့် ဒီစကားမျိုး
ကတော့ ပြောသင့်တဲ့စကားပါ။

image
image source

မှန်တော့မှန်တယ်။ အကျိုးလဲမရှိ၊ ကြားရသူလဲ မနှစ်သက်တဲ့ စကားမျိုးလဲရှိပါသေးတယ်။ ဒီလိုစကားမျိုးတော့ မပြောသင့်ပါဘူး။ ဥပမာ ပြောပြရရင်
တော့....

လင်မယားနှစ်ယောက်ရှိတယ်။ မယားဖြစ်သူက
အလှအပမက်တယ်။ ဒါပေမယ့် သူ့ခမျာ ကလေး
တွေမွေး၊ အိမ်ထောင်သက်ရလာတဲ့အခါ ပုံပျက်လာ
ပြီပေါ့။ ဒါပေမယ့်လဲ သူ့ဝါသနာအရ အလှအပပြင်တုန်းပဲ။ ဒါကိုယောက်ျားဖြစ်သူက ကြည့်မရဘူး။

”မင်းကွာ....ကလေးကလဲလေးယောက်ရပြီ၊ ခုထိ အလှပြင်တာ မဝသေးဘူးလား။ မင်းဘယ်လောက်
ပြင်ပြင် ထူးပြီးပိုလှမလာပါဘူး။ ”

လို့ ပြောများပြောမိရင် ...အဲ့ဒီယောက်ျားတော့
သနပ်ခါးတုံးနဲ့ကောက်ထုခံရမှာ သေချာပါတယ်...။

image
image source

နောက်တစ်မျိုးကတော့...
ရပ်ကွက်ထဲမှာပေါ့။ အိမ်တစ်အိမ်မှာ လူစုံကြတော့
မိန်းမသဘာဝ အတင်းပြောကြတာရှိမယ်။ သူတို့
ရပ်ကွက်ထဲက မမြက ကောင်လေးတစ်ယောက်နဲ့
လူမှုရေးဖောက်ပြန်တာကို မိသွားတယ်။ သတင်းကလဲမှန်တယ်။ ကောင်းသတင်းသာ မပြန့်တာ၊
မကောင်းသတင်းဆို ပိုပြောချင်ကြတာလူ့သဘာဝ။
ဒါပေမယ့် အဲ့လိုပြောလို့ ဘယ်သူမှအကျိုးမရှိဘူး။ ဒါ....မပြောသင့်တဲ့ စကားအမျိုးအစားထဲမှာ
ပါတယ်။

နောက်တစ်ခုက....ငွေကြေး၊ အာဏာတစ်ခုခုရှိတဲ့ သူဆို ဖော်လံဖားတတ်တဲ့လူမျိုးတွေ မလှတာကို
လှတယ်လို့ပြော၊ မတော်တာကိုတော်တယ်လို့ကြံဖန်
ချီးမွမ်းတတ်ကြတယ်။ ဒါကတော့ မှန်လဲမမှန်၊
အကျိုးလဲမရှိပေမယ့် ကြားရသူကတော့ နှစ်သက်မှာ အမှန်ပဲ။ ဒါပေမယ့် မပြောသင့်တဲ့ စကားအမျိုးအစားထဲမှာ ပါတယ်။

image
image source

လင်မယားနှစ်ယောက် စကားများနေကြတယ်။
ယောက်ျားက မူးရူးပြီးအလုပ်မလုပ်ဘဲ အရက်ပဲ
သောက်နေတယ်။ ယောက်ျားကို အားမကိုးရတဲ မိန်းမဟာ အပြင်ထွက်အလုပ်လုပ်ပြီး သူ့ဖာသာရှာစားရတယ်။ ဒါကိုယောက်ျားက သံသယတွေနဲ့အမြဲ
ရန်လုပ်တယ်။ ဒါတက်မက လူကိုလဲရိုက်သေး
တယ်။ ကြာလာတော့ မိန်းမက သည်းမခံနိုင်ဖြစ်ပြီး လင်မယားကွဲကြတယ်။ ဒါကတော့ မှန်လဲမမှန်၊
အကျိုးလဲမရှိ၊ ကြားရသူလဲမနှစ်သက်တဲ့စကား
ကြောင့် ဖြစ်လာတဲ့အကျိုးဆက်ပါ။ မပြောသင့်တဲ့
စကားပေါ့။

စကားအမျိုးအစား (၆) မျိုးကို ဥပမာလေးတွေနှင့်တကွ တင်ပြပြီးပါပြီ။ တကယ်ပဲ မြတ်စွာဘုရားရဲ့ ညွန်ပြမှုအတိုင်းသာ လိုက်နာပြောမယ်ဆိုရင်
လောလောဆယ်တော့ အငြင်းပွားရန်ဖြစ်သံတွေ
နည်းသွားမှာ အမှန်ပါပဲရှင်။

image
image source

Author @nweoomon
Photo @nweoomon & facebook
MSC.265
19.11.2018

H2
H3
H4
3 columns
2 columns
1 column
16 Comments
Ecency