This content was deleted by the author. You can see it from Blockchain History logs.

အရှုံးဆိုတာ မလိုအပ်ဘူး

*ကျခဲ့ရတဲ့မျက်ရည်တွေကို
မင်းမမြင်နိုင်တာလည်းသိပါတယ်။
မျက်ရည်တွေနဲ့မင်းသွားမဲ့လမ်းကို
တားရက်လောက်အောင်ပျော့ညံ့တဲ့
မိန်းမတစ်ယောက်မဖြစ်ချင်လို့ပါ။

*တစ်ဖက်သတ် ဆုံးဖြတ်ချက်နဲ့
ရွေးချယ်ခဲ့တဲ့မင်းရဲ့ဆန္ဒမှာ
ကိုယ့်ရဲ့ဝမ်းနည်းမူကိုလည်း
သတိပြုမိမှာမဟုတ်လို့
မင်းစိတ်ဖြောင့်နိုင်အောင်
ပြုံးနေခဲ့ပါတယ် ပျော်နေတယ်ထင်အောင်လို့ပါ။

*အတူလျှေက်ဖို့ရွေးခဲ့တဲ့လမ်းမှာ
မယုံကြည်လို့လက်တွဲဖြုတ်ခဲ့တဲ့မင်းက
ကိုယ်တစ်ယောက်ထဲနာကျင်စွာ
လှမ်းလျှောက်နေလည်း လှည့်မကြည့်တော့တဲ့အတွက်
ကိုယ်ကလည်းစောင့်နေဖြစ်မှာမဟုတ်တော့သလို..
ကိုယ့်ရွေးချယ်ထားတဲ့လမ်းမို့
နောက်မဆုတ်ပဲ အကောင်းဆုံးခွန်အားတွေနဲ့
မင်းမပါနိုင်လည်း ကိုယ်ကတော့ ရှေ့ဆက်နေမှာပါ။

*မချစ်နိုင်ခြင်းက အမုန်းလို့အမည်တပ်ဖို့မလိုတာမို့်
လျှောက်တဲ့မင်းခြေလှမ်းတိုင်းဟာ
ပျော်ရွှင်ခြင်းဆီ ဦးတည်နိုင်ပါစေလို့ဆိုတဲ့
ဆန္ဒကတော့ မင်းအတွက်ကိုယ့်ရဲ့အရိုးသားဆုံးစိတ်နဲ့ပါ။
ရေစက်ကြုံလို့ပြန်ဆုံခဲ့ရင်တောင်
တို့အတူပြုံးပြနှုတ်ဆက်နိုင်မယ်ဆိုရင်တော့
အရှူံးဆိုတာကိုယိ့အတွက်မလိုအပ်တဲ့အရာတစ်ခုပဲဖြစ်မှာပါ။
image